Connect with us

Politics, Law & Military

တရုတ်-အာဖရိက နှစ်နိုင်ငံ ပညာရှင် များက ကပ်ရောဂါ အခြေအနေအောက်တွင် ကုန်ထုတ်လုပ်မှု လုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေး

တရုတ်-အာဖရိက စည်းလုံးညီညွတ်စွာ ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ အထူး ထိပ်သီး အစည်းအဝေး ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ်-အာဖရိက စည်းလုံးညီညွတ်စွာ ကပ်ရောဂါ တိုက်ဖျက်ရေး နှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာ ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုကို နိုင်ရိုဘီ မြို့ တွင် သြဂုတ် ၁၈ ရက် ၌စတင် ကျင်းပ ပြုလုပ် ခဲ့ပြီး ဆွေးနွေးပွဲ တွင် တရုတ်-အာဖရိက အတူတကွ မည်ကဲ့သို့ ကပ်ရောဂါ တိုက်ဖျက်ရေး နှင့် ကုန်ထုတ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေးရန် ၊ အာဖရိက စီးပွားရေး  ပြန်လည်ကောင်းမွန်လာစေရန် နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆိုင်ရာ များကို ဆွေးနွေး သွားကြမည် ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် ဆွေးနွေးပွဲသည်  ကင်ညာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် ကင်ညာ နိုင်ငံ အာဖရိက မူဝါဒ ဆိုင်ရာ သုတေသန ဌာန တို့ မှ ဦးစီး ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အွန်လိုင်း နှင့် လက်တွေ့ ပုံစံ နှစ်မျိုးလုံး အတူတကွ ကျင်းပ ပြုလုပ် ခဲ့ကြောင်း နှင့်  တရုတ် နှင့် အာဖရိက နှစ်နိုင်ငံ မှ သက်ဆိုင်ရာ အရာရှိ နှင့် ပညာရှင် ပေါင်း ၅၀ တို့ က ပါဝင်ဆွေးနွေးကြကြောင်း သိရသည်။ 

ကင်ညာ နိုင်ငံ အာဖရိက မူဝါဒ ဆိုင်ရာ သုတေသန ဌာန အမှုဆောင် အရာရှိချုပ် Peter Kagwanja က တရုတ် နိုင်ငံ သည်  အာဖရိက နိုင်ငံ အသီးသီး နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်၍ အတူတကွ ကပ်ရောဂါ အား တိုက်ဖျက်နေပြီး အာဖရိက နိုင်ငံ အသီးသီး ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အာမခံချက် ရရှိနိုင်ရန် အတွက် ဆောင်ရွက်ပေးနေကြောင်း ပြောကြား ခဲ့သည်။

ကင်ညာ နိုင်ငံ စက်မှု နှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ၏ လက်ထောက် အတွင်းရေးမှူး ဘူနိုလီနီယာရူ က အာဖရိက နိုင်ငံ အသီးသီး အနေဖြင့် တရုတ် နိုင်ငံ နှင့် ကျန်းမာရေး ၊ ကုန်ထုတ်လုပ်မှု ၊ ကုန်သွယ်ရေး နှင့် နည်းပညာ စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ကာ အကျိုးဖြစ်ထွန်းမှု ရရှိခဲ့ပြီး ပိုမို မြန်ဆန်စွာ စီးပွားရေး ပြန်လည် ကောင်းမွန်လာစေ ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ကင်ညာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယာယီတာဝန်ခံ ကျော်ရှီယွမ် က ကပ်ရောဂါ ကာကွယ် ထိန်းချုပ်မှု အား တင်းကျပ်စွာ ဆောင်ရွက်သည့် အခြေအနေအောက်တွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက် ဖြင့် မည်ကဲ့သို့ အာဖရိက စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရန် နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယခု အကြိမ် ဆွေးနွေးပွဲ ကျင်းပရသည့် အဓိက ရည်ရွယ်ချက် ဖြစ်ကြောင်း ၊ တရုတ်-အာဖရိက အနေဖြင့် ဆက်လက် ၍ ကဏ္ဍ အသီးသီး ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အား ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်သွားပြီး တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပေကျင်း ထိပ်သီး အစည်းအဝေး ကို လက်တွေ့ အကောင်အထည် ဖော်ကာ တရုတ်-အာဖရိက စည်းလုံးညီညွတ်စွာ ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ အထူး ထိပ်သီး အစည်းအဝေး ၏ ရလဒ် များကို လက်တွေ့ အကောင်အထည် ဖော်သွားရမည် ဖြစ်ကြောင်း ၊ ကျန်းမာရေး ၊ ကုန်ထုတ်လုပ်မှု ပြန်လည်စတင်ရေး ၊ လူနေမှုဘဝ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရေး စသည့် ကဏ္ဍများကို ဦးစားပေး ဆောင်ရွက်သွားကာ ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုနက်ရှိုင်းစေပြီး အာဖရိက နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် စက်မှုလုပ်ငန်း အဆင့်မြှင့်တင်ရေး တို့ အတွက် အခွင့်အလမ်း များကို ဖန်တီးပေးသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ အာဖရိက စီးပွားရေး ကော်မတီ က လတ်တလောရက်ပိုင်း အတွင်း ကပ်ရောဂါ ဆက်လက် ပြန့်ပွားလာမှုကြောင့် အာဖရိက နိုင်ငံများ  ၏ စီးပွားရေး ကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပြီး အာဖရိက ၏ ယခုနှစ် စီးပွားရေး တိုးတက်မှု နှုန်းသည်  ယခင် ခန့်မှန်းထားသည့် ၃.၂ ရာခိုင်နှုန်း မှ သုည အထိ နီးပါး ကျဆင်းသွားနိုင်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။  (Xinhua)