Connect with us

Politics, Law & Military

တရုတ်- အမေရိကန် စစ်ရေးဆက်ဆံမှု ချဲ့ထွင်ရန်ရှိ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ အိုဘာမား ပြီးခဲ့သည့် စက်တင်ဘာလက ဝါရှင်တန်တွင် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ စစ်ဦးစီးချုပ် ဖန်ဖန်ဟွေ့သည် အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး တိုနီဘလင်ကန် နှင့် အောက်တိုဘာလ ၈ ရက် က ပေကျင်းမြို့တွင် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပုံစံသစ် စစ်ရေး ဆက်ဆံမှု ပူးတွဲ အဆင့်မြှင့်ရန် ကတိပြု ခဲ့ကြသည်။

တရုတ်သမ္မတ ရှီနှင့် အမေရိကန် သမ္မတ ဘားရတ် အိုဘားမားတို့ စက်တင်ဘာလ နှောင်းပိုင်းက တွေ့ဆုံခဲ့စဉ် တွင် ဖွံ့ဖြိုးမှု ဆိုင်ရာ နှစ်နိုင်ငံ အကျိုးတူ ဆက်ဆံမှုများအား ရှင်းရှင်းလင်းလင်း ဆွေးနွေး ခဲ့ကြကြောင်း ဖန်က ပြောသည်။

အပြန်အလှန် လေးစားမှုနှင့် အပြန်အလှန် အကျိုးရှိမှုကို အခြေခံသော ပုံစံသစ်နိုင်ငံကြီး ဆက်ဆံရေးအတွက် နှစ်နိုင်ငံ ခေါင်းဆောင်များ ရရှိခဲ့ကြသော သဘောတူညီချက်များကို အကောင်အထည် ဖော်ရန် ပူးပေါင်းပြီး ကြိုးပမ်း အားထုတ်ကြရန် လိုအပ်ကြောင်း၊ တရုတ်နှင့် အမေရိကန် နိုင်ငံတို့အကြား ပုံစံသစ် စစ်ရေး ဆက်ဆံမှု ပိုမိုတိုးမြှင့်ရန် လိုအပ်ကြောင်း ဖန်က ပြောကြားခဲ့သည်။

ကောင်းမွန်သော တရုတ်- အမေရိကန် ဆက်ဆံရေး အတွက် ခိုင်မာသည့် အုတ်မြစ်တစ်ခု ချမှတ်ရန် အဆိုပြု ထားသည်တွင် သက်ဆိုင်ရာ နိုင်ငံ၏ မဟာဗျူဟာ ရည်ရွယ်ချက်များကို မှန်ကန်စွာ လေ့လာရန်၊ ပူးပေါင်း ဆောင်ရွက်မှုများ နက်ရှိုင်းစွာ လုပ်ဆောင်ကြရန် အတွက် မတူညီ ကွဲပြားမှုကို ထိရောက်စွာ ဖြေရှင်း ဆောင်ရွက်ရေးကိုပါ ဖန်က တိုက်တွန်း ထားပါသည်။

ဘလင်ကန်ကလည်း မကြာသေးမီ နှစ်များအတွင်း အမေရိကန် နိုင်ငံနှင့် တရုတ် နိုင်ငံတို့ အကြား အပြန်အလှန် ယုံကြည်မှု ခိုင်မာလာခဲ့ကြောင်းနှင့် ပင်လယ် ဓါးပြ ဆန့်ကျင် တိုက်ခိုက်မှုနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတို့ အပါအဝင် နယ်ပယ် အတော်များများ၌ ပူးပေါင်း ဆောင်ရွက်မှုနှင့် အမြင်ခြင်း ဖလှယ်မှုများ တိုးတက်လာရန် တရုတ်နိုင်ငံနှင့် အတူလုပ်ကိုင်သွားရေး အား အမေရိကန် နိုင်ငံက ရှုမြင်ထားကြောင်း ပြောခဲ့သည်။ (Xinhua)