Connect with us

Politics, Law & Military

(B&R Forum) ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်တွင် တရုတ်နိုင်ငံက သိပ္ပံဓာတ်ခွဲခန်းပေါင်း ၅ဝ တည်ဆောက်သွားရန်ရှိ

တရုတ်နိုင်ငံ၌ မေလ ၁၄ ရက်တွင် စတင်ကျင်းပသည့် ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲမြင်ကွင်းအားတွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၄ ရက် (ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီးတွင် ပါဝင်ကြမည့်နိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး တစ်လျှောက်တွင် သိပ္ပံဓာတ်ခွဲခန်းပေါင်း ၅ဝ ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ထုတ်ဖော်ပြောကြားလိုက်သည်။

“ ခေတ်သစ်ပိုးလမ်းမကြီး သိပံ္ပံ ၊ နည်းပညာ နှင့် စွန့်ဦးတီထွင်မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ကျနော်တို့လုပ်ဆောင်သွားမှာပါ” ဟု နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် သမ္မတရှီ က ပြောကြားခဲ့ခြင်းဖြစ်သည်။

သိပ္ပံဥယျာဉ်ပူးပေါင်းဆောင်ရွက်ရေး အစပျိုး ဖော်ဆောင်မှု ၊ နည်းပညာ လွှဲပြောင်းရေး အစပျိုးဖော်ဆောင်မှု နှင့် သိပ္ပံ နှင့် နည်းပညာကဏ္ဍတွင် ပြည်သူ အချင်းချင်းအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး အစပျိုးဖော်ဆောင်မှုကို ဆောင်ရွက်သွားရန်အတွက် သိပ္ပံဓာတ်ခွဲခန်းများကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သမ္မတရှီ က ဆိုသည်။

လာမည့် ၅ နှစ်တာကာလတွင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားသားသိပ္ပံပညာရှင် ၂၅ဝဝ ကို ရေတိုသုတေသနလုပ်ငန်း လေ့လာရေးခရီးစဉ်အတွက် တရုတ်နိုင်ငံသို့ဖိတ်ခေါ်မည်ဖြစ်ကြောင်း နှင့် နိုင်ငံခြားသား သိပ္ပံပညာရှင်များ ၊ အင်ဂျင်နီယာများ နှင့် မန်နေဂျာများ စုစုပေါင်း ၅ဝဝဝ ကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှု အနေဖြင့် အာရှ မှ ဥရောပ နှင့် အာဖရိကနိုင်ငံများသို့ရှေးဟောင်း ကုန်သွယ်ရေးလမ်းကြောင်းများကို အသုံးပြု၍ ကုန်သွယ်ရေး နှင့် အခြေခံအဆောက်အအုံ ကွန်ရက် ချိတ်ဆက်ဆောင်ရွက်မှုများကို လုပ်ဆောင်သွားရန် ရည်မှန်းထားကြောင်း သိရသည်။(Xinhua)