Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ က ၁၃ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး အား တက်ရောက် ခဲ့ပြီး အရေးပါသည့် မိန့်ခွန်း ပြောကြား

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ၁၃ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး အား တက်ရောက်စဉ်(ဆင်ဟွာ)

ဗျူနိုအေးရိစ် ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က နိုဝင်ဘာ ၃၀ ရက် တွင် အာဂျင်တီးနား နိုင်ငံ တွင် ကျင်းပ ပြုလုပ်သည့် ၁၃ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး အား တက်ရောက် ခဲ့ပြီး ပထမ အဆင့် အစည်းအဝေး တွင် “ အမြင့်ဆုံး မှ လှမ်းမျှော်၍ မှန်ကန်သော ကမ္ဘာ့စီးပွားရေး ဦးတည်ချက် အား ခိုင်မြဲစွာ ဆုတ်ကိုင်သွားရန်” ဟူသည့် ခေါင်းစဉ်ဖြင့် အရေးပါသော မိန့်ခွန်းပြောကြား သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က မိန့်ခွန်းပြောကြားရာတွင် G20 အနေဖြင့် တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ခြင်း ၊ မိတ်ဖက်သဘောထား ထားရှိခြင်း ၊ တီထွင်ဆန်းသစ်မှု နှင့် ဦးဆောင်ခြင်း နှင့် အတူတကွ အကျိုးဖြစ်ထွန်းစေခြင်း တို့အား ခိုင်မြဲစွာ လုပ်ဆောင်သွားပြီး တာဝန်ခံတာဝန်ယူသော သဘောထားဖြင့် ကမ္ဘာ့စီးပွားရေး ဦးတည်ချက်ကို ကိုင်တွယ်သွားရန် အထူး ပြောကြား ခဲ့သည်။

၃ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး တွင် နိုင်ငံခေါင်းဆောင်များ စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ပြောကြားခဲ့သော လမ်းညွှန်မှု ဆိုင်ရာ မိန့်ခွန်းတွင် ယခုနှစ် သည် ကမ္ဘာ့ငွေကြေး အခက်အခဲ ဖြစ်ပွား ခဲ့သော ၁၀ နှစ်ပြည့် နှစ်ဖြစ်ပြီး G20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး ၁၀ နှစ်ပြည့် သော နှစ်တစ်နှစ် ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ကမ္ဘာ့စီးပွားရေး က တိုးတက်မှု ကို ထိန်းသိမ်းထားနိုင်ခဲ့သော်လည်း ကမ္ဘာ့ငွေကြေး အခက်အခဲ ကြောင့် ဖြစ်ပွား ခဲ့သည့် နက်ရှိုင်းသော သက်ရောက်မှုများ မှာ ကျန်ရှိနေသေးပြီး အန္တရာယ် အမျိုးမျိုး မှာလည်း ပိုမို လျှင်မြန်စွာ စုပေါင်းလာခဲ့ကြောင်း ၊ ယခုချိန်တွင် ကမ္ဘာ့စီးပွားရေး အနေဖြင့် သမိုင်းတွင်မည့် ရွေးချယ်မှု ပြုလုပ်ရမည့် အချိန်အခါ သို့ ထပ်မံ ရောက်ရှိနေပြီး G20 အနေဖြင့် မှန်ကန်သည့် ဦးတည်ချက် ကို လမ်းညွှန်သွားရမည် ဖြစ်ကြောင်း ၊ နိုင်ငံအသီးသီး တို့က ပူးပေါင်းဆောင်ရွက်ပြီး အားသာချက် များအား အပြန်အလှန် ဖြည့်စွက်ခြင်း သည် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက် ဖြစ်ပြီး ကုန်ထုတ်လုပ်မှု ဆက်ဆံရေး ပြောင်းလဲသွားမည့် ဦးတည်ချက် ဖြစ်ကြောင်း ၊ ယင်းပြောင်းလဲမှု အတွင်း နိုင်ငံ အသီးသီး တို့က တစ်ဆင့် မှ တစ်ဆင့် အကျိုးတူ အသိုက်အဝန်း ဖြစ်တည်လာပြီး တာဝန်ယူမှုရှိသော ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း ၊ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် အတူတကွ အကျိုးဖြစ်ထွန်းစေခြင်း သည် တစ်ခုတည်းသော မှန်ကန်သည့် ရွေးချယ်မှု ဖြစ်ပြီး စိန်ခေါ်မှုများ ကြုံတွေ့ချိန်တွင် လျင်မြန်စွာ နှင့် စည်းစနစ်ကျနစွာ အမြင့်ဆုံး မှ လမ်းမျှော်၍ တာဝန်ရှိစွာ ကမ္ဘာ့စီးပွားရေး ဦးတည်ချက်ကို ကိုင်တွယ်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ကမ္ဘာ့စီးပွားရေး အား တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လို သည့် ဘုံလိုအပ်ချက်ကြောင့် G20 ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၁၀ နှစ် တာ ကာလ အတွင်း ကမ္ဘာ့စီးပွားရေး အား အခက်အခဲ မှ လွတ်မြောက် အောင် တွန်းအားပေး ဆောင်ရွက်နိုင်ခဲ့ပြီး ယခုချိန်တွင်လည်း ကျွန်တော်တို့အနေဖြင့် သတ္တိရှိစွာ မဟာဗျူဟာအမြင်ဖြင့် ကမ္ဘာ့စီးပွားရေး အား မှန်ကန်သည့် လမ်းကြောင်းဖြင့် ဖွံ့ဖြိုးတိုးတက်သွားရန် ဦးဆောင်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၁၃ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး တက်ရောက် ခဲ့ကြသည့် ခေါင်းဆောင် အသီးသီး တို့က ကမ္ဘာ့စီးပွားရေး မှာ တိုးတက်မှု ကို ထိန်းသိမ်းထားနိုင်သော်လည်း တိုးတက်မှု မှာ နှေးကွေးလာကြောင်း ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ နှင့် တဖက်သက် မူဝါဒ အင်အားစု များက ကြီးထွားလာပြီး ကမ္ဘာ့စီးပွားရေး အတွက် အန္တရာယ် များမှာလည်း ပိုမို များပြား လာကြောင်း ၊ နိုင်ငံအသီးသီး အနေဖြင့် စည်းလုံးမှု ကို တိုးမြှင့်ပြီး မက်ခရို စီးပွားရေး မူဝါဒ အား အားဖြည့်ကာ ၂၀၃၀ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် နှင့် အခြေခံအဆောက်အဦ တည်ဆောက်မှု စသည့် ကဏ္ဍများ ၌ ပူးပေါင်းဆောင်ရွက်မှု ကို လက်တွေ့ အကောင်အထည် ဖော်သွားရမည် ဖြစ်ကြောင်း ၊ အတူတကွ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေး စနစ် အား ထိန်းသိမ်းသွားပြီး လွတ်လပ်ပြီး လွယ်ကူသော ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ကို တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ အား ဆန့်ကျင်သွားပြီး အင်အားတောင့်တင်းသော ၊ ရေရှည်ဆောင်ရွက်နိုင်သော ၊ ညီမျှသော ၊ သီးခံမှုရှိသော ပုံစံမျိုးဖြင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်သွားရန် တွန်းအားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြား ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.