Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ စပိန်နိုင်ငံခရီးစဉ်သည် တရုတ်-စပိန် ဆက်ဆံရေး ပိုမိုခိုင်မာစွာတိုးတက်ရန်အတွက် မျှော်လင့်ချက်များဖြစ်ပေါ်စေ

စပိန်နိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံ သတင်းစာဖြစ်သော ABC တွင် နိုဝင်ဘာလ ၂၇ ရက်က ဖော်ပြခဲ့သည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရေးသားသော “ခေတ်သစ်တွင် ခံ့ညားထည်ဝါမှုအတွက် လက်ချင်းတွဲစို့” ဟူသော ဆောင်းပါးသည် စပိန်နိုင်ငံတွင် နွေးထွေးသောတုန့်ပြန်မှုများကို ဆွဲဆောင်ထားသလို တရုတ်-စပိန် ဆက်ဆံရေး ပိုမိုခိုင်မာစွာတိုးတက်ရန်အတွက် မျှော်လင့်ချက်များဖြစ်ပေါ်စေခဲ့သည်။

စပိန် မီဒီယာများနှင့် ပညာရှင်များက သမ္မတ ရှီ၏ ခရီးစဉ်သည် သမိုင်းဝင်ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ် အဖြစ် ချီးကျူးလိုက်ပြီး တရုတ်နိုင်ငံ သမ္မတသည် ၎င်း၏ ဆောင်းပါးတွင် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုအတွက် လမ်းကြောင်းကိုဆွဲထားပြီးဖြစ်သည်ဟု ဖော်ပြခဲ့သည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့ကြသည်။

“စပိန်နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတစ်လျှောက် မိတ်ဖက်ကောင်းဟု တရုတ်နိုင်ငံက ရှုမြင်ပြီး နှစ်နိုင်ငံအတွက် အကောင်းဆုံး လုပ်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း” သမ္မတ ရှီက ၎င်း၏ ဆောင်းပါးတွင် ပြောကြားခဲ့သည်။

စပိန်နိုင်ငံ၏ လူဖတ်အများဆုံး EI Pais ၌ ၁၃ နှစ်တာကာလအတွင်း တရုတ်နိုင်ငံ သမ္မတတစ်ဦးအနေဖြင့် စပိန်နိုင်ငံသို့ ပထမဆုံးအကြိမ်ခရီးစဉ်အတွင်း နှစ်နိုင်ငံလုံးအနေဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုကဲ့သို့ နယ်ပယ်မျိုးစုံ၌ နှစ်နိုင်ငံ နီးကပ်စွာ ဆက်ဆံရေးအတွက် လမ်းစရှာကြမည် ဖြစ်ကြောင်း ရေးသားထားသည်။

ABC သတင်းဌာနကလည်း သမ္မတ ရှီ၏ ခရီးစဉ်အား အလေးထားဖော်ပြခဲ့ပြီး စပိန်ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးအတွက် စာမျက်နှာသစ် ဖွင့်လှစ်ခြင်းဖြစ်သလို အပြန်အလှန်နားလည်မှုကို ဖမ်းစားထားကြောင်း၊ ခေတ်သစ်ပိုးလမ်းမကြီးကလည်း ရှေးဟောင်းစီးပွားရေးလမ်းမကြီးကို သွေးသစ်လောင်းပေးခြင်း ဖြစ်ကြောင်း၊ စပိန်နိုင်ငံအနေဖြင့်လည်း ခွဲထွက်မနေသင့်ကြောင်း ရေးသားထားကြောင်း သိရသည်။

စပိန်နိုင်ငံ EI Confidencial သတင်းစာတွင်လည်း သမ္မတ ရှီ၏ ခရီးစဉ်သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တွင် ပိုမိုခိုင်မာသော အသီးအပွင့်များ ထွက်ပေါ်နိုင်မည်ဖြစ်ကာ စပိန်ပြည်သူများအတွက်လည်း အဆိုပါ ရလဒ်များမှ အပြုသဘောဆောင်သည့် သက်ရောက်မှုများ ခံစားနိုင်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် The Diplomat သတင်းစာ၏ ဒါရိုက်တာ Alberto Ruboi က တရုတ်နိုင်ငံသည် စပိန်နိုင်ငံအတွက် ကြီးမား အရေးပါသော မိတ်ဖက်နိုင်ငံဖြစ်သည်ကို သံသယဖြစ်ဖွယ်မရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံရေးဆိုင်ရာ စပိန်စောင့်ကြည့်လေ့လာရေး ဒါရိုက်တာ Xulio Rios ကလည်း ရှီ၏ ခရီးစဉ်သည် ကြီးမားပြီး လက်တွေ့ကျသော အရေးပါမှုနှင့် မြင့်မြတ်သော ရည်မှန်းချက်များရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

စပိန်နိုင်ငံ၏ အွန်လိုင်းသတင်းစာတစ်စောင်ဖြစ်သော EI Mundo Financiero ၏ ဒါရိုက်တာဖြစ်သူ Jose Luis Barcelo က ပြောကြားရာတွင် ကမ္ဘာကြီးက တရုတ်နိုင်ငံအကြောင်းကို ပိုမိုသိရှိရန် စောင့်စားနေပြီး ရှီ၏ ခရီးစဉ်သည် တရုတ်နိုင်ငံအတွက် ကမ္ဘာ့နိုင်ငံများသို့ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ဆက်ဆံရေးများ တည်ထောင်ရန် အခွင့်အလမ်းများကို ကမ်းလှမ်းနေပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.