Connect with us

Politics, Law & Military

တရုတ်-ရုရှား-အိန္ဒိယ သုံးနိုင်ငံ မှ ခေါင်းဆောင်များ G20 အစည်းအဝေး ကျင်းပစဉ် အတွင်း အတူတကွ ခေါင်းဆောင်များ အစည်းအဝေး ကျင်ပ

တရုတ်-ရုရှား-အိန္ဒိယ သုံးနိုင်ငံ အလွတ်သဘော ခေါင်းဆောင်များ အစည်းအဝေး ကျင်းပနေစဉ်(ဆင်ဟွာ)

ဗျူနိုအေးရိစ် ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က အာဂျင်တီးနား နိုင်ငံ တွင် ကျင်းပပြုလုပ်သည့် ၁၃ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး တက်ရောက်စဉ် အတွင်း ရုရှားနိုင်ငံ သမ္မတ ပူတင် နှင့် အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မိုဒီ တို့နှင့် အတူတကွ ကျင်းပ ပြုလုပ်သည့် သုံးနိုင်ငံ ခေါင်းဆောင်များ အလွတ်သဘော ခေါင်းဆောင်များ အစည်းအဝေး အား တက်ရောက် ခဲ့သည်။

အစည်းအဝေး တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၊ ရုရှား နိုင်ငံ သမ္မတ ပူတင် နှင့် အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မိုဒီ တို့က အခြေအနေသစ်များအောက် တွင် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အတွက် နက်ရှိုင်းစွာ သဘောထား အမြင်များ ဖလှယ် ခဲ့ကြပြီး ခေါင်းဆောင်များ က သုံးနိုင်ငံ ညှိနှိုင်း ဆောင်ရွက်မှု တိုးမြှင့်ရန် ၊ ဘုံသဘောတူညီမှုများ စုစည်းရန် ၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန် သဘောတူညီခဲ့ကြပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အတူတကွ တွန်းအားပေးဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ သမ္မတ က တရုတ်-ရုရှား-အိန္ဒိယ သုံးနိုင်ငံ နိုင်ငံတကာ တွင် သက်ရောက်မှု လွန်စွာကြီးမားသည့် နိုင်ငံကြီးများ ဖြစ်ကြပြီး အပြန်အလှန်တို့၏ အရေးပါသော မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် နိုင်ငံများလည်း ဖြစ်ကြောင်း ၊ သုံးနိုင်ငံ အတူတကွ ဘုံအကျိုးစီးပွား များစွာတည်ရှိနေပြီး တူညီသည့် ဖွံ့ဖြိုးတိုးတက်မှု ရည်းမှန်းချက်များလည်း တည်ရှိကြောင်း ၊ လက်ရှိချိန်တွင် တရုတ်-ရုရှား-အိန္ဒိယ သုံးနိုင်ငံ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှု တို့က ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွင် တစ်နေ့တစ်ခြား ပိုမို အရေးပါလာခဲ့ပြီး ကမ္ဘာ့တည်ငြိမ်မှု နှင့် သေချာမှု အတွက် ပိုမိုအရေးပါလာခဲ့ကြောင်း ၊ တရုတ်-ရုရှား-အိန္ဒိယ သုံးနိုင်ငံ က နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု ပိုမိုခိုင်မာ လာခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်း များတွင် ညှိနှိုင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ သမ္မတ ပူတင် က ရုရှား-တရုတ်-အိန္ဒိယ သုံးနိုင်ငံ က ချစ်ခင်သည့် နိုင်ငံများ အဖြစ် အပြန်အလှန် သတ်မှတ်ထားခဲ့ပြီး တန်းတူညီမျှခြင်း ၊ အပြန်အလှန်လေးစားခြင်း တို့ကို အခြေခံ၍ ကောင်းမွန်သည့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ရုရှား-တရုတ်-အိန္ဒိယ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု သည် သက်ဆိုင်ရာ နိုင်ငံ များ၏ အကျိုးစီးပွား နှင့် ကိုက်ညီမှု ရှိပြီး ကမ္ဘာလုံးဆိုင်ရာ တွင်လည်း လွန်စွာ အရေးပါကြောင်း ၊ သုံးနိုင်ငံ အနေဖြင့် ပိုမို တန်းတူညီမျှ ပြီး သမာသမတ် ကျသည့် နိုင်ငံတကာ နိုင်ငံတကာ အသိုက်အဝန်း တည်ဆောက်ကာ ကမ္ဘာ့ တည်ငြိမ်အေးချမ်းရေး အတွက် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ စီးပွားရေး နှင့် ငွေကြေား ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြီး ဥရောပ-အာရှ စီးပွားရေး အဖွဲ့ချုပ် နှင့် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှု တို့အား ချိတ်ဆက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မိုဒီ က သုံးနိုင်ငံ အနေဖြင့် ကမ္ဘာ့အဓိက ရင်ဆိုင်နေရသည့် ပြဿနာများ အပေါ် ဆွေးနွေးမှုများ ဆောင်ရွက်ခြင်းသည် လွန်းစွာလိုအပ်ကြောင်း ၊ လက်ရှိချိန် ၌ နိုင်ငံတကာ တွင် မတည်ငြိမ်မှုများ မြင့်တက်လာပြီး ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ နှင့် အုပ်စုငယ်များ ဆောင်ရွက်သည့် အင်အားစု မှာ ဦးမော့လာကာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်လာစေကြောင်း ၊ ဖွံ့ဖြိုးပြီး နိုင်ငံများ က ဖွံ့ဖြိုးဆဲနိုင်ငံများ အပေါ် ကူညီထောက်ပံ့ပေးမည့် ကတိပြုချက် များကို အကောင်အထည် မဖော်နိုင်ခဲ့ဘဲ ကုလသမဂ္ဂ ၏ ၂၀၃၀ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် မှာလည်း လွန်စွာဝေးကွာသေးကြောင်း ၊ အိန္ဒိယ-တရုတ်-ရုရှား သုံးနိုင်ငံ က ကမ္ဘာ့အဓိက နိုင်ငံကြီး သုံးနိုင်ငံ အနေဖြင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်မှုများထားရှိပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ ကို ထိန်းသိမ်းသွားရန် တာဝန်ရှိကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.