Connect with us

Politics, Law & Military

အမေရိကန် နိုင်ငံ ၏ တရုတ် နိုင်ငံ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်သည့် လုပ်ဆောင်မှု အမျိုးမျိုး နှင့် တရုတ် နိုင်ငံ ၏ အကျိုးစီးပွားအား ထိခိုက်စေသည့် ဆောင်ရွက်မှုများ အား ချက်ချင်း ရပ်တန့်ရန် တရုတ် နိုင်ငံ ပြောကြား

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန)

ပေကျင်း ၊ မေ ၂၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း က တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ အား စစ်အေးကာလ အတွေးအမြင် နှင့် သဘောထားအမြင်စောင်းမှု များ ကို ဖယ်ရှားပြီး မှန်ကန်သော သဘောထား အမြင်ဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး အား ဆောင်ရွက်သွားရန် နှင့် တရုတ် နိုင်ငံ ပြည်တွင်းရေးအား ဝင်ရောက်ဆောင်ရွက်သည့် မည်သည့် ဆောင်ရွက်မှုမဆို ချက်ချင်းရပ်တန့်သွားရန် ၊ တရုတ် နိုင်ငံ ၏ အကျိုးစီးပွား အား ထိခိုက်စေသည့် ဆောင်ရွက်မှု နှင့် တရုတ်-အမေရိကန် ဆက်ဆံရေး အား ပျက်စီး စေသည့် ပြောဆိုမှုများအား ရပ်တန့်ရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

ကျောက်လိကျင်း က သတင်းစာ ရှင်းလင်းပွဲ တွင် အမေရိကန် နိုင်ငံ အနေဖြင့် လွန်ခဲ့သည့် ၂ နှစ်တာ ကာလ အတွင်း တရုတ် နိုင်ငံ ၏ ပြည်တွင်းရေးအား များစွာ ဝင်ရောက်စွက်ဖက် ခဲ့ပြီး တရုတ် နိုင်ငံ ၏ အကျိုးစီးပွား အား ထိခိုက်စေသော ပြောဆိုမှုများကို ပြုလုပ်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် အကြိမ်ကြိမ် သဘောထား ရပ်တည်မှု အား ထုတ်ပြန် ခဲ့ပြီး ခိုင်မြဲသည့် တုံ့ပြန်ဆောင်ရွက်မှု များကို ပြန်လည် ပြုလုပ် ခဲ့ကြောင်း ၊ လက်တွေ့ဖြစ်ရပ်များအရ အမေရိကန် နိုင်ငံ ၏ စစ်အေးကာလ သဘောထားအမြင်မျိုးဖြင့် မူဝါဒများ ချမှတ်ဆောင်ရွက်ခြင်းသည် စတင်ချိန် မှ စကာ မှာယွင်းနေသည့် ဆောင်ရွက်မှု ဖြစ်ပြီး ကျရှုံးမည်မှာ သေချာကြောင်း ၊ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ စတင်ထူထောင် ခဲ့သည့် နှစ်ပေါင်း ၇၀ အတွင်း တရုတ် နိုင်ငံ ပြည်သူလူထု က တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ၏ ခိုင်မြဲသည့် ဦးဆောင်မှု အောက်တွင် တရုတ် နိုင်ငံ အခြေအနေ နှင့် ကိုက်ညီသည့် ဖွံ့ဖြိုတိုးတက်ရေး လမ်းစဉ် ကို လျှောက်လှမ်း ခဲ့ကာ နိုင်ငံတကာ မှ အထင်ကြီးလေးစား လောက်သည့် ကြီးမားသော မဟာအောင်မြင်မှု ရရှိနိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တက်ကြွစွာ တွန်းအားပေး ဆောင်ရွက်ခဲ့ကြောင်း ၊ သမိုင်းဖြစ်စဉ် နှင့် လက်တွေ့ ဖြစ်ရပ်များ အရ တရုတ် နိုင်ငံ ရွေးချယ်ခဲ့သည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် က မှန်ကန်ကြောင်း ကို ပေါ်လွင်စေခဲ့ပြီး တရုတ် နိုင်ငံ အနေဖြင့်လည်း ယင်းကိစ္စရပ် အပေါ် မြင့်မားစွာ ယုံကြည်မှု ရှိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ ထူခြားသည့် ဆိုရှယ်လစ် လမ်းစဉ် ကို ခိုင်မြဲစွာ လျှောက်လှမ်းသွားပြီး ပိုမိုကြီးမားသည့် အောင်မြင်မှု အသစ်များ အဆက်မပြတ် ရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး မည်သူ မှ တရုတ် နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု ကို တားဆီး နိုင်မည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကျောက်လိကျင်း က တရုတ်-အမေရိကန် သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော် ကာလအတွင်း သမိုင်းဖြစ်ရပ်များအရ တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်ပါ က နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေခဲ့ပြီး အပြန်အလှန် တိုက်ခိုက်ပါက နှစ်ဦးနှစ်ဘက်လုံး ထိခိုက်နစ်နာစေခဲ့သဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း ကသာ နှစ်နိုင်ငံ ၏ တစ်ခုတည်းသော မှန်ကန်သည့် ရွေးချယ်မှု ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် မည်သည့် နိုင်ငံ မှ အခြား တစ်နိုင်ငံ ကို ပြောင်းလဲ နိုင်စေမည် မဟုတ်ဘဲ မည်သည့် နိုင်ငံ မှ အခြား တစ်နိုင်ငံ အား အစားထိုးနိုင်မည် မဟုတ်ကြောင်း ၊ တရုတ် နိုင်ငံ ၏ အမေရိကန် နိုင်ငံ အပေါ် ထားရှိသည့် မူဝါဒ က ကာလတလျှောက် ပြောင်းလဲမှု မရှိခဲ့ဘဲ အမေရိကန် နိုင်ငံ နှင့် အတူတကွ ကြိုးပမ်းကာ အပြန်အလှန် ဆန့်ကျင်တိုက်ခိုက်ခြင်း မပြုလုပ်ဘဲ အပြန်အလှန် လေးစားပြီး အတူတကွ အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှု ကို ပြုလုပ်သွားလိုကြောင်း ၊ လက်ရှိချိန်တွင် တရုတ်-အမေရိကန် ဆက်ဆံရေး က အရေးပါသည့် အခြေအနေ တွင် ရောက်ရှိနေပြီး နှစ်နိုင်ငံ ဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ ပြည်သူလူထု ၏ အကျိုးစီးပွား နှင့် ကိုက်ညီမှု ရှိပြီး နိုင်ငံတကာ အသိုင်းအဝိုင်း ၏ မျှော်မှန်းချက်လည်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)