Connect with us

Science & Technology

၂၀၃၀ ပြည့်နှစ်ခန့်တွင် 6G ကို စီးပွားဖြစ်အသုံးပြုနိုင်မည်ဟု ခန့်မှန်း

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့တွင် 5G နည်းပညာပြပွဲတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ)

ကမ္ဘာကြီးအနေဖြင့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် 6G အား စီးပွားဖြစ်အသုံးပြုနိုင်ရန် မြင်တွေ့နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဇွန် ၆ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။မိုဘိုင်းဆက်သွယ်ရေးနည်းပညာ၏ နောက်ထပ်မျိုးဆက်ဖြစ်သော 6G သည် အဆင့်မြှင့်ထားသော computing, big data, artificial intelligence (AI) နှင့် blockchain တို့အား ပေါင်းစည်းပေးမည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာမှ လမ်းညွှန်ချက်အရ ၂၀၁၉ ခုနှစ် ဇွန်လတွင် တည်ထောင်ထားသော IMT-2030 (6G) Promotion Group က ထုတ်ပြန်ထားသည့် စက္ကူဖြူစာတမ်းအရ သိရသည်။

6G ကွန်ရက်သည် ပကတိရုပ်ပိုင်းဆိုင်ရာကမ္ဘာနှင့် အွန်လိုင်းနည်းပညာတို့အား တစ်စုတည်းအဖြစ် နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းမှုကို နားလည်သဘောပေါက်မည်ဖြစ်ကာ ဉာဏ်ရည်ရှိသောအရာများနှင့် ဒစ်ဂျစ်တယ်အမြွာ ကမ္ဘာသစ်တစ်ခုကို တည်ဆောင်သွားမည်ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

3GPP ဆက်သွယ်ရေးနည်းပညာဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းက ၂၀၃၀ ပြည့်နှစ်ခန့်တွင် 6G အား စီးပွားဖြစ်အသုံးပြုခြင်းမပြုမီ ၂၀၂၅ ခုနှစ်ခန့်မတိုင်မီ 6G နိုင်ငံတကာနည်းပညာစံနှုန်း သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) စတင်နိုင်ရန် ခန့်မှန်းထားကြောင်း အစီရင်စာအရ သိရသည်။

တရုတ်နိုင်ငံသည် 5G လိုင်စင်များအား စီးပွားဖြစ်အသုံးပြုရန် ခွင့်ပြုထားပြီး 6G R&D သုတေသန နှင့် ဖွံဖြိုးမှုအပိုင်းကို ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Verion)

6G commercialization expected around 2030: report

SHANGHAI, June 6 (Xinhua)– The world is expected to see the commercialization of 6G around 2030, said a report released on Sunday.

The next-generation mobile communication technology will integrate with advanced computing, big data, artificial intelligence (AI) and blockchain, according to a white paper issued by the IMT-2030 (6G) Promotion Group that was established in June 2019 under the guidance by the Ministry of Industry and Information Technology.

The report said the 6G network will realize the deep integration of the real physical world and the virtual digital one, and build a new world of “intelligent connection of everything and digital twin.”

According to the report, the international organization on telecom technologies 3GPP is expected to initiate the research and development (R&D) of the 6G international technical standard by around 2025 before the expected commercialization around 2030.

China granted 5G licenses for commercial use and started 6G R&D in 2019. Enditem
A 5G technology exhibition is held in Hangzhou, east China’s Zhejiang Province, Jan. 19, 2019. (Xinhua/Xu Yu)