Connect with us

Science & Technology

လူလိုက်ပါ ပျံသန်းနိုင်သည့် Martin Jetpack ခေါ် တစ်ယောက်စီး ယာဉ်ပျံအား တရုတ်၌ ပထမဆုံး ပျံသန်း

KuangChi Science ကုမ္ပဏီ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ လျိုရော်ဖုန် (Liu Ruopeng ) အား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ကျန်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

လေယာဉ်မှူး (သို့) အဝေး ထိန်းခလုတ်ဖြင့် ထိန်းချုပ်ပြီး ပျံသန်းနိုင်သည့် ကမ္ဘာ့ ပထမဆုံး တစ်ယောက်စီး ယာဉ်ပျံ ခွမ်ချီ Martin Jetpack ၏ ပျံသန်းမှုအား တရုတ်နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်း မြို့တော် ရှန်ကျန်းတွင် ဒီဇင်ဘာလ ၆ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

နယူးဇီလန် အခြေစိုက် Martin Aircraft Company မှ ပျံသန်းရေး ဒါရိုက်တာ မိုက်ကယ် ရိဒ် က အဆိုပါ Martin Jetpack အား ရေပန်း ဥယျာဉ်ပေါ်တွင် ငါးမိနစ်ကြာ စီးနင်း ပျံသန်းပြခဲ့ပြီး ပြည်သူများမှ လက်ခုပ်တီး အားပေးခဲ့ ကြကြောင်း သိရသည်။

အဝေးထိန်း ခလုတ်ဖြင့် ထိန်းချုပ်ပြီး ပျံသန်းနိုင်သည့် ပြကွက်ကိုလည်း အများပြည်သူများ ရှေ့တွင် ပြသ ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်ပျံသည် မြင်းကောင်ရေ ၂၀၀ အားရှိသည့် ဓါတ်ဆီ အင်ဂျင်အား အသုံးပြုထားပြီး တစ်နာရီလျှင် အမြန်ဆုံး ၈၀ ကီလိုမီတာ ဖြင့် မိနစ် ၃၀ ကြာ မရပ်မနား ပျံသန်းနိုင်ကြောင်း သိရသည်။ အရေးပေါ် အန္တရာယ် တွေ့ကြုံလာ ပါက ဝ.၆၈ စက္ကန့်အတွင်း လေထီး ပွင့်လာနိုင်ကြောင်း သိရသည်။
ရှန်ကျန်းတွင် ရုံးချုပ် ဖွင့်လှစ်ထားသည့် ခွမ်ချီ သိပ္ပံ (KuangChi Science) သည် နယူးဇီလန် ကုမ္ပဏီ၏ အဓိက ရှယ်ယာဝင် ဖြစ်ကာ ခွမ်ချီး Martin Jetpack အား ၂၀၁၆ ခုနှစ်တွင် ဈေးကွက်သို့ ဖြန့်ချီ နိုင်မည်ဟု ခန့်မှန်း ကြောင်း ပြောကြားခဲ့သည်။
တရုတ် နိုင်ငံ ကုမ္ပဏီများ မှ Jetpack မောင်းနှင်ရန် လေ့ကျင့်ပေးသူ ၂၀ ဦး နှင့် Jetpack ၁၀၀ အား ဝယ်ယူရန် ကမ်းလှမ်း ထားကြောင်း သိရသည်။
ခွမ်ချီ သိပ္ပံ (KuangChi Science) ၏ ထုတ်ပြန်ချက် အရ အဆိုပါ ယာဉ်ပျံသည် အခြား လေယာဉ်များ မပြုလုပ်နိုင်သည့် ခေါင်မိုးပေါ်၌ ရပ်နားခြင်း၊ ကျပ်တည်းသော နေရာများအား လွယ်ကူစွာ ပျံသန်းနိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်ကာ သာမန်ရိုးကျ ဟယ်လီ ကော်ပတာ များထက် စီးပွားရေးအရ ပိုမို တွက်ခြေ ကိုက်ပြီး လက်တွေ့ အသုံးဝင်မှုကို ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
အလေးချိန် ၂၀၀ ကီလိုဂရမ် ရှိသည့် jetpack သည် အမြင့်ပေ ၁,၅၀၀ အောက် ပျံသန်းနိုင်ပြီး အရေးပေါ် ကျန်းမာရေး အခြေအနေ၊ မီးသတ် လုပ်ငန်းများ၊ ခရီးသွားလာမှုများ အတွက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
၎င်း Jetpack အား လက်ရှိတွင် e-commerce site တစ်ခုဖြစ်သည့် JD.com ၌ တရုတ်ယွမ် ၁.၆ သန်း (အမေရိကန် ဒေါ်လာ ၂၅၀,၇၈၄) ဖြင့် ရောင်းချလျက် ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.