Connect with us

Science & Technology

တရုတ်နိုင်ငံက ထျန်းဝန်-၁ အာကာသယာဉ်မှ အင်္ဂါဂြိုဟ်၏ ဓာတ်ပုံအသစ်များ ထုတ်ပြန်

တရုတ်နိုင်ငံ ထျန်းဝန်-၁ အာကာသယာဉ်မှ မတ် ၁၈ ရက်တွင် ရိုက်ကူးထားသော အင်္ဂါဂြိုဟ်၏ ဓာတ်ပုံတစ်ပုံကို တွေ့ရစဉ် (CNSA/Handout via Xinhua)

ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ထျန်းဝန်-၁ အာကာသယာဉ်မှ ရိုက်ကူးထားသော အင်္ဂါဂြိုဟ်၏ ဓာတ်ပုံအသစ်နှစ်ပုံကို မတ် ၂၆ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ ဓာတ်ပုံများတွင် အင်္ဂါဂြိုဟ်သည် ရှင်းလင်းသောမျက်နှာပြင်ဖြင့် လခြမ်းကွေးပုံသဏ္ဍာန်ဖြစ်နေကြောင်း တွေ့ရသည်။

တရုတ်နိုင်ငံ ထျန်းဝန်-၁ အာကာသယာဉ်မှ မတ် ၁၆ ရက်တွင် ရိုက်ကူးထားသော အင်္ဂါဂြိုဟ်၏ ဓာတ်ပုံတစ်ပုံကို တွေ့ရစဉ် (CNSA/Handout via Xinhua)

ထျန်းဝန်-၁ အာကာသယာဉ်သည် အင်္ဂါဂြိုဟ်မှ ကီလိုမီတာ ၁၁,၀၀၀ အကွာအဝေး၌ ရောက်ရှိချိန်တွင် ယာဉ်ပေါ်မှ ရုပ်ထွက်အလယ်အလတ်ရှိသော ကင်မရာဖြင့် အင်္ဂါဂြိုဟ်၏ မြင်ကွင်းကျယ်ဓာတ်ပုံများကို ရိုက်ယူခဲ့ခြင်း ဖြစ်သည်။

ထျန်းဝန်-၁ အာကာသယာဉ်သည် အင်္ဂါဂြိုဟ်အနီး ဂြိုဟ်ပတ်လမ်းကြောင်း၌ တစ်လကြာ လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ ရုပ်ထွက်မြင့်မားသော ကင်မရာ၊ ရုပ်ထွက်အလယ်အလတ်ရှိသော ကင်မရာ၊ သတ္တုရောင်စဉ်တိုင်းကိရိယာနှင့် ယာဉ်ပေါ်ပါ အခြားသောပစ္စည်းများအား အင်္ဂါဂြိုဟ် စူးစမ်းလေ့လာမှု လုပ်ဆောင်ရန်နှင့် သိပ္ပံပညာရပ်ဆိုင်ရာ အချက်အလက်များ စုဆောင်းရန် အောင်မြင်စွာ ဖွင့်လှစ်ထားကြောင်း CNSA အရ သိရသည်။ (Xinhua)
———————————–
(English Version)
China releases new images of Mars from Tianwen-1 probe
Source: Xinhua| 2021-03-26 18:36:23|Editor: huaxia
BEIJING, March 26 (Xinhua) — The China National Space Administration (CNSA) on Friday released two new images of Mars captured by the country’s Tianwen-1 probe.
In the images, Mars is crescent-shaped with a clear surface texture.
When the Tianwen-1 probe was 11,000 km away from Mars, it took panoramic photos of Mars with a medium-resolution camera onboard.
The Tianwen-1 probe has been operating in the parking orbit around Mars for a month. The high-resolution camera, medium-resolution camera, mineral spectrometer and other payloads onboard were switched on successively to carry out exploration of Mars and obtain scientific data, according to the CNSA. Enditem
1-Photo taken on March 18, 2021 shows an image of Mars captured by China’s Tianwen-1 probe. The China National Space Administration (CNSA) on Friday released two new images of Mars captured by the country’s Tianwen-1 probe. In the images, Mars is crescent-shaped with a clear surface texture. When the Tianwen-1 probe was 11,000 km away from Mars on the far side of the planet to the sun, it took panoramic photos of Mars with a medium-resolution camera onboard. (CNSA/Handout via Xinhua)
2-Photo taken on March 16, 2021 shows an image of Mars captured by China’s Tianwen-1 probe. The China National Space Administration (CNSA) on Friday released two new images of Mars captured by the country’s Tianwen-1 probe. In the images, Mars is crescent-shaped with a clear surface texture. When the Tianwen-1 probe was 11,000 km away from Mars on the far side of the planet to the sun, it took panoramic photos of Mars with a medium-resolution camera onboard. (CNSA/Handout via Xinhua)