Connect with us

Science & Technology

တရုတ် သိပ္ပံ ပညာရှင်များသည် ပုံသဏ္ဍာန် ပြောင်းလဲနိုင်သည့် ဒြပ်ပစ္စည်း သစ်အား ဖန်တီး

polymer ဒြပ်ပေါင်းဖြင့် ကြိုးကြာရုပ်ပုံစံ အလိုအလျောက် ပြောင်းလဲနိုင်မှုအား စမ်းသပ်နေစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျောင်း တက္ကသိုလ် မှ သိပ္ပံပညာရှင်များသည် ကြိုးကြာ စက္ကူရုပ် ပုံစံအား စက္ကူခေါက် နည်းကို အသုံးမပြုဘဲ အခြေအနေ တစ်ခုအောက်တွင် အလိုအလျောက် ကြိုးကြာပုံစံ ပြောင်းလဲ နိုင်သည့် polymer ဒြပ်ပေါင်း တစ်မျိုးအား တီထွင် ဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။

ကြိုးကြာ ရုပ်ပုံစံ ရရှိလာစေရန် polymer အလွှာအား ကြိုတင် ပုံစံ သတ်မှတ် ပေးထားရပြီး အပူချိန် ၆၀°C ရှိသည့် ရေထဲသို့ နှစ်မြှုပ် ပေးပြီးနောက် အဆိုပါ polymer သည် ရေပူကို စုပ်ယူကာ ကြိုးကြာ ရုပ်ပုံစံသို့ ပြောင်းလဲ သွားကြောင်း သိရသည်။

၎င်း ရှာဖွေတွေ့ရှိမှုအား သိပ္ပံ ပညာရှင်များသည် သိပ္ပံ မဂ္ဂဇင်းမှ ပြုလုပ်သည့် Science Advances အွန်လိုင်း ဂျာနယ်တွင် ဇန်နဝါရီလ ၈ ရက်နေ့က ဖော်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံစံ ပြောင်းလဲနိုင်သည့် polymer ပစ္စည်းအား ရရှိရန် နှစ်များစွာ သုတေသန ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ကျဲ့ကျောင်း တက္ကသိုလ် မှ သိပ္ပံပညာရှင် များ တီထွင် ထုတ်လုပ်လိုက်သည့် polymer သည် ပုံစံ အမျိုးမျုးိ ရရှိနိုင်ရန် ချိုးခေါက်ထားနိုင်ကာ ပုံစံ ပြောင်းလဲနိုင်သည့် ရုပ်ပစ္စည်းများ ပြုလုပ်နိုင်ခြင်း လမ်းစပင် ဖြစ်ကြောင်း သိရသည်။Science Advances တွင် အဆိုပါ ပစ္စည်းအကြောင်း ရေးသား ဖော်ပြခဲ့သည့် ကျဲ့ကျောင်း တက္ကသိုလ်မှ ကျောင်ချန်း ဆိုသူက ၎င်း ပစ္စည်းကို သွေးပြန်ကြောများ အဖြစ် (သို့) သွေးခဲမှုကို ဖယ်ရှားပေးနိုင်သည့် ခွဲစိတ်ပစ္စည်း အနေဖြင့် အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ပစ္စည်းသည် ကိုယ်အပူချိန်ကို လိုက်၍ ပုံစံ ပြောင်းလဲနိုင်သောကြောင့် ဆွဲဆန့်အားရှိသည့် ဆေးပညာသုံး ပစ္စည်းများ အဖြစ်လည်း အသုံးပြုနိုင်သေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.