Connect with us

Science & Technology

C919 ဂျက်လေယာဉ်ကြီး အီးယူ၏ တရားဝင် လေကြောင်းပျံသန်းခွင့် ရရှိရေး ဂျာမနီက ကူညီရန် တရုတ် တိုက်တွန်း

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲ ဦးဆောင်သည့် အဖွဲ့တို့ ဂျာမနီနိုင်ငံ ဘာလင်မြို့၌ တွေ့ဆုံ ဆွေးနွေးနေစဉ် (ဆင်ဟွာ)

ဘာလင်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် C919 ခရီးသည်တင် လေယာဉ်ကြီးကို ဥရောပ သမဂ္ဂ လေပိုင်နက်အတွင်း တရားဝင် လေကြောင်း ပျံသန်းခွင့် လက်မှတ် ရရှိရန်အတွက် အကူအညီပေးရန် ဂျာမနီနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မေလ ၃၁ ရက်က တိုက်တွန်းပြောဆိုလိုက်ကြောင်း သိရသည်။

ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာမာကဲနှင့် တွေ့ဆုံစဉ် လီက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ လီသည် ၂၀၀၄ ခုနှစ်ကတည်းက နှစ်နိုင်ငံ အစိုးရ ခေါင်းဆောင်များအကြား ပြုလုပ်ခဲ့သော နှစ်ပတ်လည် အစည်းအဝေး တက်ရောက်ရန်အတွက် ဂျာမနီနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် လာရောက်ခြင်း ဖြစ်သည်။

အင်ဂျင် နှစ်လုံးတပ် C919 ဂျက်လေယာဉ်သည် မေလ ၅ ရက်က ရှန်ဟိုင်းမြို့၌ ခရီးသည်များ မပါဝင်သေးဘဲ လေယာဉ် ဝန်ထမ်း ၅ ဦးနှင့်အတူ ပွဲဦးထွက် ထုတ်ဖော်ပျံသန်းပြခဲ့သော လေယာဉ်ကြီးဖြစ်သည်။

ကီလိုမီတာ ၄၀၇၅ အထိ ပျံသန်းနိုင်ပြီး ကျဉ်းမြောင်းသည့် ကိုယ်ထည်ရှိသော C919 သည် Airbus 320 နှင့် ဘိုးရင်း၏ မျိုးဆက်သစ် 737 လေယာဉ်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသလို ကမ္ဘာ့ လေကြောင်း ဈေးကွက်၌ တရုတ်နိုင်ငံ ဝင်ရောက်လာပြီ ဖြစ်ကြောင်း အချက်ပြလိုက်ခြင်းလည်း ဖြစ်သည်။

၂၀၀၇ ခုနှစ်တွင် ခရီးသည်တင် ဂျက်လေယာဉ် တည်ဆောက်ရန် စီမံကိန်းများကို နိုင်ငံတော် ကောင်စီက ခွင့်ပြုခဲ့သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင်မူ ပထမဆုံး C919 ဂျက်လေယာဉ်အား တပ်ဆင်ပြီးစီးခဲ့ကြောင်းနှင့် ယင်း စီမံကိန်းအတွက် ကျွမ်းကျင်ပညာရှင် နှစ်သိန်းကျော် လုပ်ကိုင်ခဲ့ရကြောင်း သိရသည်။

C919 လေယာဉ် ထုတ်လုပ်သူ COMAC သည် ပြည်တွင်းနှင့် ပြည်ပ လေကြောင်း ဘေးကင်း လုံခြုံရေး စည်းကမ်း ထိန်းသိမ်းသူအဖွဲ့အစည်းများမှ တရားဝင် လေကြောင်း ပျံသန်းခွင့် လက်မှတ် ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

တရားဝင် လေကြောင်း ပျံသန်းခွင့်ဆိုသည်မှာ လေယာဉ် တစ်စင်းအား ဘေးကင်းသည့် လေယာဉ် ပျံသန်းမှု ပြုလုပ်ရန် သင့်လျော်ကြောင်း ဆောင်ရွက်မှု တစ်ရပ် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.