Connect with us

Science & Technology

တရုတ် နိုင်ငံ မှ ထုတ်လုပ်သည့် အကြီးစား ခရီးသည် လေယာဉ် C 919 ကို မေလ ၅ ရက်နေ့တွင် ကနဦး စမ်းသပ် ပျံသန်းမှု ပြုလုပ်မည်

တရုတ် နိုင်ငံ မှ ထုတ်လုပ်သည့် အကြီးစား ခရီးသည် လေယာဉ် C 919 အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း ၊ မေ ၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ စီးပွားရေး လုပ်ငန်းသုံး လေယာဉ် ကုမ္ပဏီ (COMAC) က တရုတ် နိုင်ငံ မှ ထုတ်လုပ်သည့် C 919 အကြီးစား ခရီးသည် လေယာဉ် ကို အခြေအနေ အရပ်ရပ်ကြောင့် မေလ ၅ ရက်နေ့တွင် ကနဦး စမ်းသပ် ပျံသန်းမှု ပြုလုပ်မည် ဖြစ်ပြီး ရာသီဥတု အခြေအနေပေါ် မူတည်၍ ရွှေ့ဆိုင်းနိုင်ကြောင်း မေလ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

တရုတ် နိုင်ငံ သုတေသန အဖွဲ့ဝင်များသည် ခေတ်မီလေထုရွေ့လျားမှု အခင်းအကျင်း ၊ လေယာဉ်ဖွဲ့စည်းမှု တွင် အသုံးပြုသည့် ပစ္စည်း နှင့် လေယာဉ်အတွင်းပိုင်းဖွဲ့စည်းပုံ စနစ် စသည် တို့တွင် အဓိကကျသော နည်းစနစ်ပေါင်း ၁၀၂ ခု ကို ရေးဆွဲနိုင်ခဲ့ပြီး လေယာဉ်နှင့်အင်ဂျင် တစ်သားတည်း ဖွဲ့စည်းမှု ၊ ပျံသန်းမှု ထိန်းချုပ်ရေး စနစ် ဒီဇိုင်းရေးဆွဲခြင်း နှင့် Active Control Technology တို့ကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ မှ ထုတ်လုပ်သည့် C 919 လေယာဉ် သည် ကနဦး စမ်းသပ်ပျံသန်းမှု မပြုလုပ်မီ စမ်းသပ်မှု ပေါင်း ၁၁၈ မျိုးကို ပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လ တွင် ပညာရှင်များ၏ နည်းပညာဆိုင်ရာ စစ်ဆေးမှု ကို အောင်မြင်ခြင်း ရရှိခဲ့ပြီး ဧပြီလ တွင် ပျံသန်းမှု စစ်ဆေးရေး အဖွဲ့၏ ခွင့်ပြုချက်ကို ရရှိခဲ့ကြောင်း သိရှိရသည်။

ကနဦး စမ်းသပ် ပျံသန်းသည့် နေ့စွဲ နှင့် ပတ်သက်၍ COMAC ကုမ္ပဏီ အထွေထွေ မန်နေဂျာ ဟဲ့တုန်းဖုန်း က နေ့စွဲရွေးချယ်ရာတွင် အခြေအနေအရပ်ရပ် ကိုထည့်တွင်း စဉ်းစားခဲ့ပြီး ရာသီဥတု အခြေအနေ နှင့် လေယာဉ် ဝန်ထမ်း အဖွဲ့ဝင် အခြေအနေ တို့လည်း ပါဝင်ကြောင်း ပြောကြား ခဲ့သည်။

C 919 လေယာဉ် သည် လက်ရှိလေကြောင်း ဈေးကွက်တွင် ရေပန်းစားသည့် ခရီးသည် ထိုင်ခုံ ၁၅၀ ပါရှိသော လေယာဉ် အမျိုးအစား ဖြစ်ပြီး နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ တည်ဆောက်ထားသောကြောင့် ပြည်တွင်းပြည်ပ ဈေးကွက်တို့မှ စိတ်ဝင်စားမှု ကို ရရှိခဲ့သည်။ လက်ရှိချိန်တွင် တရုတ် နိုင်ငံ အပြည်ပြည်ဆိုင်ရာ လေကြောင်း ကုမ္ပဏီ အပါအဝင် ပြည်တွင်းပြည်ပ ကုမ္ပဏီ ပေါင်း ၂၃ ခုတို့မှ ကြိုတင်မှာယူမှုပေါင်း အစီးရေ ၅၇၀ ကို ရရှိထားပြီး ထိုအတွင်း မှ အမေရိကန် နိုင်ငံ GECAS ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ တို့လည်း ပါဝင်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.