Connect with us

Science & Technology

တရုတ်-လာအို ရထားလမ်း သံလမ်းဂဟေဆက်ခြင်း လုပ်ငန်းစတင်

တရုတ်-လာအို ရထားလမ်းပိုင်း တည်ဆောက်ခြင်း လုပ်ငန်းခွင်အားတွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် ကျရောက်သော လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ တည်ထောင်ခြင်း ၄၄ နှစ်မြောက် နှစ်ပတ်လည် အခါသမယတွင် တရုတ်နိုင်ငံရထားလမ်း တည်ဆောက်ရေး အမှတ်(၂) အင်ဂျင်နီယာအုပ်စု(CREC-2) က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ တရုတ်-လာအိုရထားလမ်းစီမံကိန်းအတွက် ပထမဆုံး ၅၀၀ မီတာအရှည် ရထားသံလမ်းပိုင်း ဂဟေဆက် တပ်ဆင်ခြင်းလုပ်ငန်းတစ်ခု ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆက်ပိုင်း မပါသော တရုတ်-လာအိုရထားလမ်းသည် အရှေ့တောင်အာရှသယ်ယူပို့ဆောင်ရေးအတွက် လာအိုနိုင်ငံသယ်ယူပို့ဆောင်ရေးသမိုင်းတွင် ပထမဆုံး ရထားလမ်းရှည်တစ်ခုဖြစ်သလို  ယင်းသည် လက်ရှိတွင် အာရှတိုက်၏ အရှည်ဆုံးရထားလမ်းပိုင်းတစ်ခုလည်း ဖြစ်လာရန် တရုတ်နိုင်ငံက ရည်မှန်းထားသည်။

တရားဝင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည့် တရုတ်-လာအိုရထားလမ်းစီမံကိန်းအတွက် သံဂဟေဆက်ခြင်း လုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သဖြင့် တရုတ်-လာအို ရထားလမ်းပိုင်းသည် အောက်ခံဖောင်ဒေးရှင်းပေါ်တွင် သံလမ်းသည် ကျစ်လစ်သပ်ရပ်စွာ စတင်လဲလျောင်းချိတ်ဆက်နေပြီး ဖြစ်သည်။ 

တရုတ်-လာအို ရထားလမ်း တည်ဆောက်ရေး နှင့် လုပ်ငန်းလည်ပတ်ရေး အတွက် တာဝန်ယူဆောင်ရွက်နေသည့် လာအို-တရုတ် ရထားလမ်းတည်ဆောက်ရေး ကုမ္ပဏီ အမှုဆောင်ဒုတိယအထွေထွေမန်နေဂျာ Donchinda Sihalth က ပထမဆုံးအကြိမ် သံဂဟေဆက်အခမ်းအနားကို လာအိုနိုင်ငံအမျိုးသားနေ့တွင် ပထမဆုံးသံဂဟေဆက်ခြင်းအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကုမ္ပဏီအနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း နှင့် လာအိုပြည်သူများလည်း ပျော်ရွှင်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-လာအိုရထားလမ်းအတွက် CREC-2 အင်ဂျင်နီယာအုပ်စုက သံလမ်းဂဟေဆက်မှုကို မြေပြင်အလျား ၉ ဟက်တာခန့် ပေါ်တွင်ဆောင်ရွက်နေကြောင်း ၊ ၂၀,၂၅ မီတာ အရှည်တစ်ခုချင်းစီတိုင်တွင်း လမ်းပိုင်း ဂဟေဆက်ခြင်းကို လုပ်ဆောင်နေပြီး ယခုအဆင့်တွင် ပထမဆုံး အနေဖြင့် ၅၀၀ မီတာရှည်ရထားလမ်းပိုင်းတစ်ခု ဆောင်ရွက်နေကြောင်း သိရသည်။

CREC-2 ရထားလမ်းပိုင်း ဂဟေဆက်ဌာန မန်နေဂျာ Hu Bin က “ မေ ၁၆ ရက် မြေသားညှိခြင်းလုပ်ငန်းစတင်ချိန်ကတည်းက ရထားသံလမ်းဂဟေဆက်အဖွဲ့အနေနဲ့ အခက်အခဲတွေနဲ့ စပြီးကြုံခဲ့ရပါတယ်။ ရှည်လျားတဲ့ မိုးရာသီကြောင့်လဲ လုပ်ငန်းနှေးကွေးမှုတွေဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ နေရောညပါ အလုပ်လုပ်ခဲ့ကြလို့ တပ်ဆင်ခြင်းလုပ်ငန်းဟာ လုံးဝပြီးမြောက်ခဲ့တာပါ။ လုပ်ငန်းတွေအဆင်ပြေပြေချောချောမွေ့မွေ့ဖြစ်ပြီး ကိရိယာတပ်ဆင်မှုအပိုင်းကို သတ်မှတ်အချိန်အတိုင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံက အဆိုပြုသော ရပ်ဝန်းနှင့်ပိုးလမ်းမ ဖော်ဆောင်မှုတွင် မဟာဗျူဟာမြောက် အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း နှင့် ကုန်းတွင်းပိတ်နိုင်ငံတစ်ခုအဖြစ်မှ မြေပြင်လမ်းခရီးချိတ်ဆက် သွားလာနိုင်သည့် လာအိုနိုင်ငံ၏ မဟာဗျူဟာမြောက် အလှည့်အပြောင်းဖြစ်ကြောင်း သိရသည်။

ဉမင်လှိုဏ်ခေါင်းများ အရှည် ၁၉၈ ကီလိုမီတာ နှင့် တံတားများ အရှည် ၆၂ ကီလိုမီတာ ပါဝင်သော ၄၁၄ဒသမ၃၃၂ ကီလိုမီတာအရှည်ရှိ ရထားလမ်းပိုင်းသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် လာအိုနိုင်ငံမြောက်ပိုင်း Boten နယ်စပ်ဂိတ် မှ ဗီယင်ကျန်းမြို့သို့ တစ်နာရီ ၁၆၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

လူစီး နှင့် ကုန်တင် လျှပ်စစ်ရထားများ ဖြတ်သန်းမောင်းနှင်မည့် အဆိုပါ ရထားလမ်းပိုင်းကို တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှု နှင့် နည်းပညာအဆင့်အတန်းများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

၎င်း ရထားလမ်းစီမံကိန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင်စတင်ခဲ့ပြီး လုပ်ငန်းအပြီးသတ်မှုနှင့် စတင်ဖွင့်လှစ်မှုကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် လုပ်ဆောင်နိုင်ရန် အချိန်ဇယားသတ်မှတ်ထားကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.