Connect with us

Science & Technology

တရုတ်နိုင်ငံ၏ GDPထက်ဝက်ကျော် ၂၀၂၃ ခုနှစ်တွင် ဒီဂျစ်တယ်စီးပွားရေးဖြစ်လာမည်

တရုတ်နိုင်ငံဟဲပေမြို့၌ ကျင်းပခဲ့သည့် တရုတ်နိုင်ငံတကာဒီဂျစ်တယ်စီးပွားရေးပြပွဲမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) ၏ ၅၁ဒသမ၃ ရာခိုင်နှုန်းကျော်သည် ၂၀၂၃ ခုနှစ်တွင် ဒီဂျစ်တယ်နည်းပညာနှင့်ဆက်စပ်လာမည်ဖြစ်ကြောင်း ၊ အကြောင်းမှာ နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ်နည်းပညာကို အဆင့်မြှင့်တင် အသုံးပြုလာကြ၍ ဖြစ်ကြောင်း နိုင်ငံတကာအချက်အလက်ညွှန်းကိန်းအဖွဲ့(IDC) က ဟောကိန်းထုတ်ခဲ့သည်။

အဆိုပါအဖွဲ့က ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်ငန်းသစ် ၈၀ ရာခိုင်နှုန်းသည် ဉာဏ်ရည်တုနည်းပညာ(AI)များကို အသုံးပြုသွားကြ လိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

တီထွင်ဆန်းသစ်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ်များ ချမှတ်အကောင်အထည်ဖော်လုပ်ဆောင်နေသော ကုမ္ပဏီများတွင် သတင်းအချက်အလက်ဆိုင်ရာ အကြီးအကဲဝန်ထမ်းများသည် အရေးပါသော အခန်းကဏ္ဍသို့ ရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်း ၊ တစ်ချိန်တည်းမှာပင် ဒီဂျစ်တယ်နည်းပညာလုံခြုံမှု နှင့် ယုံကြည်ကိုးစားမှု သည် ကျွမ်းကျင်မှုနယ်ပယ်များအတွက် တိုးမြင့်လာလိမ့်မည်ဖြစ်ကြောင်း IDC က ဆိုသည်။

တရုတ်နိုင်ငံဟဲပေမြို့၌ ကျင်းပခဲ့သည့် တရုတ်နိုင်ငံတကာဒီဂျစ်တယ်စီးပွားရေးပြပွဲမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဒီဂျစ်တယ်နည်းပညာတွင်လျင်မြင်စွာ တိုးတက်နေပြီး ယင်းဆက်စပ်အပြောင်းအလဲများအတွက် ပြင်ဆင်ရန် ရှေ့လျှောက် မဟာဗျူဟာမြောက်လမ်းဖောက် လုပ်ဆောင်သွားသင့်ကြောင်း IDC ၏တရုတ်နိုင်ငံ ညွှန်ကြားရေးမှူးချုပ် Kitty Fok က ဆိုသည်။

တရုတ်နိုင်ငံ၏ ဒီဂျစ်တယ်နည်းပညာအသုံးပြုမှုသည် ယခုနှစ်တွင် သတင်းအချက်အလက်နည်းပညာ(IT) ကဏ္ဍစုစုပေါင်း အသုံးပြုမှု၏ ၅၁ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း ယခင်က ထုတ်ပြန်ခဲ့သော IDC အဖွဲ့၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားပြီး တရုတ်နိုင်ငံ၏ IT နယ်ပယ်သည် ကျယ်ပြန့်လာနေသည်ကို ဖော်ပြနေခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.