Connect with us

Science & Technology

ရှန်ဟိုင်းတွင် မောင်းသူမဲ့ မီးရထားလိုင်းသစ် စမ်းသပ်ပြေးဆွဲ


ရှန်ဟိုင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် မောင်းသူမဲ ရထားလိုင်းသစ် တစ်လိုင်းအား ယနေ့ (မတ်လ ၃၁ ရက်) စမ်းသပ်ပြေးဆွဲခဲ့ကြောင်း သိရသည်။

လူအလိုအလျောက် ရွေ့လျားစနစ် (APM) အလျား ၆.၇ ကီလိုမီတာရှိပြီး Huizhen လမ်းရှိ Pujiang လိုင်း၊ Shendu အဝေးပြေးဘူတာတို့နှင့် ချိတ်ဆက်ထားကြောင်း၊ ခရီးသည်များအနေဖြင့် လိုင်းနံပါတ် ၈ သို့ ကူးပြောင်းစီးနိုင်ကြောင်း၊ ဘူတာရုံ ၆ ရုံရှိကြောင်း သိရသည်။

လူစီးတွဲများတွင် အခန်းကူးတံခါးများ၊ အရေးပေါ် သတိပေးချက်များ၊ မီးခိုးငွေ့ အချက်ပြခြင်းများနှင့် အရေးပေါ်ဘရိတ်များ တပ်ဆင်ထားသည်။

ရှန်ဟိုင်းတွင် မောင်းသူမဲ့ရထား စမ်းသပ်ပြေးဆွဲနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ရထားလိုင်းအား လုပ်ကိုင်သည့် Shanghai Keolis သည် Shanghai Shentong Metro Group နှင့် ပြင်သစ်အခြေစိုက် Keolis တို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။

အလေးချိန် ပေါ့ပါးသည့် ဒီဇိုင်းနှင့် အသိဉာဏ်စွမ်းအင် စီမံခန့်ခွဲမှုစနစ်နှင့်အတူ မောင်းသူမဲ့ ရထားများသည် သာမန်ရထားများနှင့် နှိုင်းယှဉ်ပါက စွမ်းအင်ချွေတာနိုင်မည် ဖြစ်သည်။

ထို့ပြင် ရာဘာတာယာများအား အသုံးပြုထားသည့်အတွက် ရထားပြေးဆွဲရာတွင် မြန်ဆန်ပြီး အသံဆူညီမှုကိုလည်း လျှော့ချပေးမည်ဟု ဆိုသည်။

APM စနစ်သည် ကမ္ဘာတစ်ဝန်း တွင်ကျယ်စွာ အသုံးပြုနေပြီဖြစ်ပြီး ယခင်က မြို့တော်ပေကျင်းနှင့် ကွမ်ကျိုးမြို့တို့တွင် မိတ်ဆက်အသုံးပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.