Connect with us

Science & Technology

အပြည်ပြည်ဆိုင်ရာ နျူကလီးယား စွမ်းအင် အဖွဲ့ချုပ် ဥက္ကဌ မှ တရုတ် နိုင်ငံ ၏ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ၏ တိုးတက်မှု များသည် ချီးမွမ်းဖွယ် ကောင်းကြောင်း ပြောကြား

တရုတ် နိုင်ငံ “လုံကျန်း-၁” နျူကလီးယား စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက်နေသည် ကို မြင်တွေ့ ရစဉ် (ဆင်ဟွာ)

ဗီယန်နာ ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ၏ လက်ရှိ ဖွံ့ဖြိုး တိုးတက်လာသော နျူကလီးယား စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး နည်းပညာနှင့် အနာဂတ် နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံ လုံခြုံမှု နှင့် ပတ်သက်သော ဆောင်ရွက်မှုသည် ချီးမွမ်းဖွယ် ကောင်းကြောင်း အပြည်ပြည် ဆိုင်ရာ နျူကလီးယား စွမ်းအင် အဖွဲ့ချုပ် ဥက္ကဌ Yukiya Amano မှ တနင်္လာနေ့၌ ဗီယန်နာ မြို့တွင် ပြောကြား ခဲ့သည်။

Yukiya Amano သည် တရုတ် နိုင်ငံ နျူကလီးယား စွမ်းအင် ဥက္ကဌ ရှီတာကျဲနှင့် အတူ တရုတ် နိုင်ငံမှ ကိုယ်တိုင် ထုတ်လုပ်ခဲ့သည့် “လုံကျန်း-၁” တတိယ မျိုးဆက် CAP 1400 နျူကလီးယား စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး နည်းပညာအား ကြည့်ရှုခဲ့ကြ ပြီးနောက် Yukiya Amano မှ နျူကလီးယား စွမ်းအင် အနာဂတ်အား ချဲ့ထွင်ရန် အတွက် နျူကလီးယား စွမ်းအင် နည်းပညာသစ်များ တိုးချဲ့ခြင်းသည် အလွန် အရေးပါကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ နျူကလီးယား စွမ်းအင် ဥက္ကဌ ရှီတာကျဲ မှ တရုတ် နိုင်ငံ သည် နျူကလီးယား စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ တွင် လုံခြုံမှု အား အဓိက ထားဆောင်ရွက်ခဲ့ပြီး ယခု CAP 1400 အား ခေတ်မီ နျူကလီးယား နည်းပညာ များဖြင့် ပြုလုပ်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များ တိုးချဲ့ကာ နျူကလီးယား စွမ်းအင် ဖြင့် လူသား တို့အား အကျိုးပြုနိုင်ရန် ဆန္ဒ ရှိကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Yukiya Amano မှ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ ၏ အဓိက ရင်ဆိုင်နေရသော စိန်ခေါ်မှုမှာ ပြည်သူလူထု၏ လက်ခံနိုင်မှု ဖြစ်ကြောင်း ၊ ဂျပန် နိုင်ငံ Fukushima တွင် ဖြစ်ပွားခဲ့သည့် နျူကလီးယား စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ ပေါက်ကွဲမှုသည် လူသား တို့၏ နျူကလီးယား စွမ်းအင် အပေါ် စိုးရိမ်စိတ် များ ဖြစ်ပွားစေခဲ့ပြီး နျူကလီးယား အနာဂတ် နှင့် ပတ်သက်၍လည်း ဆိုးရွားသည့် ပုံရိပ်များ ဖြစ်ပွား စေခဲ့ကြောင်း ၊ အပြည်ပြည် ဆိုင်ရာ နျူကလီးယား စွမ်းအင် အဖွဲ့ချုပ် မှ Fukushima ကိစ္စ ရပ်နှင့် ပတ်သက်၍ လက်တလော ရက်ပိုင်းတွင် စစ်ဆေးမှု ထုတ်ပြန်ချက် အား ထုတ်ပြန်ခဲ့ပြီး နျူကလီးယား စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံနှင့် ပတ်သက်၍ သင်ခန်းစာ ရယူကာ လုံခြုံရေးအား ပိုမို မြှင့်တင်လိုကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.