Connect with us

Science & Technology

အမေရိကန်-တရုတ် ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မည်

အမေရိကန်-တရုတ် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး လိုဂို (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ရာသီဥတု ပြောင်းလဲခြင်းတွင် ပူးပေါင်း ဆောင်ရွက်ခြင်းသည် ကမ္ဘာကြီး ၏ အနာဂတ် အတွက် အရေးကြီရုံသာမက အမေရိကန်နှင့် တရုတ် ဆက်ဆံရေး၏ အဓိက မှတ်တိုင် တစ်ခုလည်း ဖြစ်ကြောင်း လော့စ်အိန်ဂျလိစ် မြို့တော်ဝန် အဲရစ် ဂါကတ်တီက တနင်္လာနေ့က ပြောပါသည်။

ယခုလို ပူးပေါင်း ဆောင်ရွက်ခြင်းသည် လတ်တလော ဖြစ်ပေါ်နေသော စိန်ခေါ်မှုအား အတူတကွ ဘယ်လို ဖြေရှင်း နိုင်မလဲဆိုတာ ပြသခြင်း ဖြစ်ကြောင်း ဂါကတ်တီက Climate-Smart/ Low-Carbon Cities အစည်းအဝေး ပထမပိုင်း မစတင်မီတွင် ဆင်ဟွာ သတင်းဌာနနှင့် တွေ့ဆုံ မေးမြန်းစဉ်က ဖြေကြား ခဲ့သည်။

တရုတ်နိုင်ငံမှ ရာသီဥတု အကြောင်း ဆွေးနွေးမည့် ကိုယ်စားလှယ်များ၊ အစိုးရ အဆင့်မြင့် အရာရှိများနှင့် မြို့တော်ဝန်များသည် ကယ်လီဖိုးနီးယား ပြည်နယ် လော့စ်အိန်ဂျလိစ် မြို့သို့ လာရောက်ပြီး အစည်းအဝေး နှစ်ရက်တာ ကာလအတွင်း အမေရိကန် ဆိုင်ရာ တာဝန်ရှိသူများနှင့် ရာသီဥတုနှင့် ဆက်စပ်သော အကြောင်းအရာများ အားဆွေးနွေးမည်ဖြစ်ပြီး နှစ်နိုင်ငံ တာဝန်ရှိသူများ သဘောတူညီမှု လက်မှတ် ရေးထိုးရန်လည်း ရှိပါသည်။ ဗုဒ္ဓဟူးနေ့ နေ့လည်တွင် ပြီးဆုံးမည့် ယင်းအစည်းအဝေး ပိတ်ပွဲ အခမ်းအနား၌ အမေရိကန်နိုင်ငံ ဒုတိယ သမ္မတ ဂျိုးတစ်ဒင်က မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။

ထိုအစည်းအဝေးသည် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ အမေရိကန်နှင့် တရုတ်နိုင်ငံဆိုင်ရာ ဒေသန္တရခေါင်း ဆောင်များ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးကြခြင်း ဖြစ်ပြီး ဒီဇင်ဘာလတွင် ပဲရစ်၌ ကျင်းပမည့် ကုလသမဂ္ဂ ရာသီဥတု ညီလာခံမတိုင်မီ အဓိကကျတဲ့ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဆောင်ရွက်ချက်များအား ချမှတ် ဆောင်ရွက်ရန် တွန်းအားပေးရန်လည်း ရည်ရွယ်သည်။

“ ပြီးခဲ့သော နိုဝင်ဘာလတုန်းက သမ္မတ အိုဘားမားနဲ့ သမ္မတ ရှှီကျင့်ဖိန်တို့က ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေး အား မြို့ကြီးများနှင့် ပြည်နယ်များတွင် လိုက်နာဆောင်ရွက်ကြောင်း သဘောတူခဲ့တယ်၊ မြို့ပြတွေဟာ လေထုညစ် ညမ်းမှု ပြဿနာရဲ့ အဓိကရင်းမြစ် ဖြစ်တယ်၊ ဒီပြဿနာကို အဖြေရှာဖို့ ကျွန်တော်တို့ ကတိပြုထားပြီး ဖြစ်သလို ဒါဟာ မြို့ပြတစ်ခုထဲ အတွက်သာမကဘဲ ကမ္ဘာ့ကြီးတစ်ခုလုံးနဲ့ နိုင်ငံသားတိုင်း အတွက်လဲ ဖြစ်ပါတယ်” ဟု ဂါကတ်တီ ကပြောသည်။

လော့စ်အိန်ဂျလိစ် က ရေရှည်တည်တံ့သော မြို့တော် စီမံကိန်း (Sustainable City pLAn) အား ကြေညာခဲ့ပြီး ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၂၀၂၅ ခုနှစ်တွင် ၄၅ ရာခိုင်နှုန်းနှင့် ၂၀၅၀ ခုနှစ်တွင် ၈၀ ရာခိုင်နှုန်း လျှော့ချရန် ရည်မှန်းထား ပါသည်။
ဖီလက်ဒယ်လ်ဖီးယား မြို့တော်ဝန် မိုက်ကယ် နတ်တာ၊ ဟို့စ်တန် မြို့တော်ဝန် အန်နီစ် ပက်ကာ တို့နှင့် ဂါကတ်တီ တို့ ပူးပေါင်း လက်တွဲ၍ မြို့တော်ဝန် များ၏ အမျိုးသား ရာသီဥတု လှုပ်ရှားမှု စီမံကိန်း အား တည်ထောင်ခဲ့ပြီး အမေရိကန် နိုင်ငံမှ မြို့တော်ဝန် ၂၉ ဦး ပါဝင် ပါသည်။ ကမ္ဘာလုံးဆိုင်ရာ အဆင့် အနေဖြင့် ကမ္ဘာတစ်ဝှမ်းမှ မြို့တော်ဝန် ၁၄၀ ကျော်ကလည်း အဆိုပါ စီမံကိန်းအား လက်မှတ် ရေးထိုးထား ပါသည်။

“ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ပဲရစ်မှာ ပြုလုပ်မဲ့ ကုလသမဂ္ဂ ညီလာခံမှာ ကမ္ဘာလုံး ဆိုင်ရာ ရာသီဥတု ပြောင်းလဲခြင်း သဘောတူညီချက် ကို ကမ္ဘာ့ ခေါင်းဆောင်တွေကို ရှင်ရှင်းလင်းလင်း ပြောပြသွားမယ်” ဟု ဂါကတ်တီက ဖြည့်စွက် ပြောကြား ခဲ့သည်။ (Xinhua)