Science & Technology
BRICS အဖွဲ့ဝင်နိုင်ငံများ နည်းပညာပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးဆောင်ရွက်မည်

ကူမင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
BRICS အဖွဲ့ဝင်နိုင်ငံများသည် နည်းပညာကူးပြောင်းခြင်းနှင့် ပြောင်းလဲခြင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် အနောက်တောင်ပိုင်း မြို့တော် ကူမင်းရှိ BRICS နည်းပညာ ကူးပြောင်းရေးစင်တာက စက်တင်ဘာလ ၃ ရက်တွင် ကျင်းပသော ကွန်ဖရင့်တစ်ခုအရ သိရသည်။
အဆိုပါ ကွန်ဖရင့်သို့ BRICS နှင့် တောင်၊ အရှေ့တောင်အာရှ နိုင်ငံများမှ နည်းပညာတီထွင်ဆန်းသစ်မှုနှင့် ကူးပြောင်းမှု ကျွမ်းကျင်သူများ၊ ဇီဝဆေးဝါး၊ သန့်စင်သောစွမ်းအင်၊ ခေတ်သစ် စိုက်ပျိုးရေးနှင့် ဒီဂျစ်တယ် စီးပွားရေး အပါအဝင် အဓိကနယ်ပယ်များမှ ပညာရှင်များ တက်ရောက်ခဲ့ကြသည်။
ယင်းကွန်ဖရင့်တွင် BRICS အဖွဲ့ဝင်နိုင်ငံများ အပါအဝင် နိုင်ငံနှင့် ဒေသ ၁၁ ခုမှ စီးပွားရေးလုပ်ငန်းများ၊ တက္ကသိုလ်များနှင့် သုတေသနအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက နိုင်ငံတကာ နည်းပညာပူးပေါင်းဆောင်ရွက်မှု နီးကပ်စွာ ရှာဖွေခြင်းဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ၏ ၁၈ ရာခိုင်နှုန်းနှင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကုန်ကျစရိတ်၏ ၁၇ ရာခိုင်နှုန်းမှာ ကမ္ဘာ့လူဦးရေ ၄၂ ရာခိုင်နှုန်းရှိသော BRICS အဖွဲ့ဝင်နိုင်ငံများမှ ဖြစ်ကြောင်း တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုအသင်း ဥက္ကဋ္ဌ ယောင်းဝေခဲ့က ပြောခဲ့သည်။
BRICS နည်းပညာကူးပြောင်းရေးစင်တာအား အဆင့်မြင့် ဆန်းသစ်တီထွင်မှုများ၏ စက်မှုဆိုင်ရာ အသွင်ကူးပြောင်းရေး မြှင့်တင်ရန် ကူမင်းမြို့၌ ၂၀၁၈ ခုနှစ်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)