Connect with us

Social, Education & Health

ကမ္ဘာ့ စွမ်းရည် ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ရွှေတံဆိပ် လေးခုရရှိ

၄၃ ကြိမ်မြောက် ကမ္ဘာ့စွမ်းရည် ပြိုင်ပွဲ၌ ဆံပင်အလှ ဖန်တီးမှု ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သူ တရုတ်နိုင်ငံမှ Nie Feng (ဆင်ဟွာ)

ဆောင်ပေါ်လို၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ၏ အကြီးဆုံး မြို့တော် ဆောင်ပေါ်လို မြို့တွင် ကျင်းပသော ၄၃ ကြိမ်မြောက် ကမ္ဘာ့ စွမ်းရည် ပြိုင်ပွဲ၌ တရုတ်နိုင်ငံသည် ကုန်ပစ္စည်းတီထွင် ထုတ်လုပ်ခြင်း၊ တိကျစွာ ဂဟေဆော် ဖန်တီးနိုင်ခြင်း၊ ဆံပင်အလှ ဖန်တီး ပြင်ဆင်ခြင်း၊ ကားအလှဆင် ဆေးသုတ်ခြင်း စသည့် ကဏ္ဍများတွင် ရွှေတံဆိပ်ဆု လေးခု ဆွတ်ခူး နိုင်ခဲ့ပါသည်။

တရုတ်နိုင်ငံ အနေဖြင့် ရွှေတံဆိပ် လေးခုအပြင် ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၃ ခုနှင့် အခြား အကောင်းဆုံး ဆု ၁၂ ခု ရရှိခဲ့သည်။

တစ်ဦးချင်း စွမ်းရည် အမြင့်ဆုံးဆု ဖြစ်သော Albert Vidal ဆုအား ဗြိတိန်၊ ဘရာဇီးနှင့် တောင်ကိုရီယား နိုင်ငံတို့က ပူးတွဲ ရရှိသွားသည်။

အဆိုပါ ပြိုင်ပွဲသည် နှစ်နှစ်တစ်ကြိမ် ကျင်းပခြင်း ဖြစ်ပြီး ယခုအကြိမ်သည် လက်တင် အမေရိက၌ ပထမဆုံး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သြဂုတ်လ ၁၁ ရက်မှ ၁၆ ရက်အတွင်း ပြုလုပ်ခဲ့သော ၄၃ ကြိမ်မြောက် ကမ္ဘာ့ စွမ်းရည် ပြိုင်ပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၅၉ နိုင်ငံမှ ပြိုင်ပွဲဝင်ပေါင်း ၁,၁၉၂ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့၍ သမိုင်း တလျှောက်တွင် အရေအတွက် အများဆုံး ပါဝင် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.