Connect with us

Social, Education & Health

ပြန်လည် ပြုပြင်ထားသော တရုတ်နိုင်ငံ ပင်စင် ရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု အစီအစဉ် မကြာမီ ထွက်ပေါ်လာမည်

တရုတ်နိုင်ငံ စတော့ဈေးကွက်ရှေ့ရှိ ပင်စင်စား တစ်ဦး (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပြန်လည်ပြုပြင်ထားသော ပင်စင်ရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်စည် ယခုနှစ ်မကုန်မီ တွင် ထွက်ပေါ်လာဖွယ် ရှိပါသည်။

နိုင်ငံတော်ေ ကာင်စီမှ ၊ တရုတ်နိုင်ငံ ဝန်ကြီးများ အဖွဲ့သည် ထိုအစီအစဉ်ကို သုံးသပ်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အပေါ် လူထု၏ ထင်မြင်ချက်ကို ထည့်သွင်း စဉ်းစားလျက် ရှိသည်။

တရုတ်နိုင်ငံ အနေဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်စုအတွင်း ပင်စင်ရန်ပုံငွေ အပေါ် တိကျစွာ စီမံခန့်ခွဲမှုနှင့် ငွေပမာဏ နည်းပါးခြင်းများကြောင့် ဝေဖန်မှုများ ကြုံတွေ့နေရ သဖြင့်် ပင်စင်ရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု အစီအစဉ် အား အမျိုးမျိုး ပြောင်းလဲပြီး အောင်မြင်မှု ရရန် မျှော်လင့်ထားသည်။

ယခင်က ပင်စင် ရန်ပုံငွေများအား ဘဏ် (သို့မဟုတ်) ငွေတိုက် စာချုပ်များ၌ ရင်းနှီးမြှုပ်နှံ ထားကြသည်။ တရုတ် လူမှုသိပ္ပံ တက္ကသိုလ်၏ ခန့်မှန်း တွက်ချက်မှုအရ ပင်စင်ရန်ပုံငွေများသည် လွန်ခဲ့သော နှစ် ၂၀ အတွင်း ယွမ်ငွေ ၁၀၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၅.၇ ဘီလီယံ) နီးပါး လျော့သွား ကြောင်း သိရသည်။

ပြန်လည် ပြုပြင်ထားသော အစီအစဉ်သည် ငွေကြေးများအား အစိုးရနှင့် ဖက်စပ် စာချုပ်များ၊ အဓိကကျသော ဆောက်လုပ်ရေး စီမံကိန်း၏များ၊ နိုင်ငံတော်ပိုင် လုပ်ငန်းများနှင့် စတော့ ဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံ နိုင်မည် ဖြစ်ပါသည်။

ရန်ပုံငွေများသည် နိုင်ငံ၏ လူမှု ဖူလုံရေး ရန်ပုံငွေ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းရှိပြီး ၂၀၁၄ နှစ်ကုန်ပိုင်းတွင် အသားတင် တန်ဖိုး ယွမ် ၃.၅ ထရီလီယံ (အမေရိကန် ဒေါ်လာ ၅၄၈ ဘီလီယံ) ရှိသည်။

ယွမ် ၂ ထရီလီယံ ဝန်းကျင်အား ဈေးကွက်အတွင်း ထည့်သွင်း ခွင့်ပြုထားကြောင်း လူ့အရင်းအမြစ်နှင့်လူမှု ဖူလုံရေး ဝန်ကြီး ဋ္ဌာန စာရင်း အရ သိရသည်။ (Xinhua)