Connect with us

Social, Education & Health

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ပိုးသတ်ဆေးဖျန်း စက်ရုပ်များအား နေရာချထား

Shanghai TMiRob မှ ထုတ်လုပ်သော ပိုးသတ်ဆေးဖျန်းစက်ရုပ်အား တွေ့ရစဉ် (Photo provided to Xinhua)

ရှန်ဟိုင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားရာ ဝူဟန့်မြို့ရှိ အဓိကဆေးရုံများ၌ ရောဂါပျံ့နှံ့မှု ထိန်းချုပ်ရန် ရှန်ဟိုင်းစီးပွားရေးကုမ္ပဏီတစ်ခုမှ ပုံစံထုတ်ထားကာ ထုတ်လုပ်ထားသော ပိုးသတ်ဆေးဖျန်း စက်ရုပ် ၃၀ ကျော်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ 

အဆိုပါ အဖြူရောင်ရှိသောစက်ရုပ်၏ ဦးခေါင်းနေရာ၌ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ဆေးဖျန်းဘူး (Hydorgen peroxide sprayer) တစ်ခု ပါဝင်ပြီး ဝမ်းဗိုက်နေရာတွင် ခရမ်းလွန်ရောင်ခြည်မီးချောင်း ၉ ချောင်းပါဝင်ကြောင်း၊ လူသားနှင့် စက်ပစ္စည်းများ အတူရှိနေသည့် ပတ်ဝန်းကျင်၌ ပိုးသတ်ဆေးဖျန်းခြင်းပုံစံမျိုးစုံ လုပ်ဆောင်နိုင်ကြောင်း စက်ရုပ် တီထွင်ထုတ်လုပ်သူ Shanghai TMiRob ၏ အမှုဆောင်အရာရှိချုပ် ဖန်းကျင်းက ပြောကြားခဲ့သည်။

Shanghai TMiRob မှ ထုတ်လုပ်သော ပိုးသတ်ဆေးဖျန်းစက်ရုပ်အား တွေ့ရစဉ် (Photo provided to Xinhua)

အဟန့်အတားများကို အလိုအလျောက်ရှောင်ရှားနိုင်ရန် တည်နေရာပြ နည်းပညာထည့်သွင်းထားကြောင်း ဖန်းက ဆိုသည်။

လက်ရှိတွင် ပိုးသတ်ဆေးဖျန်းစက်ရုပ် ၃၀ ကျော်အား ပိုးသတ်ဆေးဖျန်း ဝန်ဆောင်မှုကို အချိန်နှင့်အမျှလုပ်ဆောင်ရန် ဝူဟန့်မြို့ရှိ အဓိကဆေးရုံများရှိ သီးသန့်ဆောင်များ၊ အထူးကြပ်မတ်ဆောင်များ၊ ခွဲစိတ်ခန်းများနှင့် ကိုယ်အပူချိန် စမ်းသပ်အခန်းများတွင် အသုံးပြုလျက်ရှိသည်။

ရောဂါအပြန်အလှန်ကူးစက်မှုအန္တရာယ် လျှော့ချရေးနှင့် ပိုမိုထိရောက်မှုရှိစေရေးအတွက် တရုတ်နိုင်ငံ၏ ရောဂါတိုက်ဖျက်ရေး ရှေ့တန်း၌ စက်ရုပ်များကို တိုးမြှင့်တာဝန်ချထားလျက်ရှိကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117