Connect with us

Social, Education & Health

ယန်ဇီမြစ်နှင့်တူယှဉ်တွဲလျက်ရှိသည့် အဝေးပြေးအမြန်လမ်းမကြီး

ယန်ဇီမြစ်နှင့်ယှဉ်တွဲနေသည့် ရှန်ဟိုင်း-ချုံချင်း အဝေးပြေး အမြန်လမ်းမကြီး၏တစ်စိတ်တစ်ပိုင်းဖြစ်သည့် စီယွီအမြန်လမ်းအား ဝေဟင်ထက်မှ တွေ့ရစဉ်(ဆင်ဟွာ)

ချုံချင့်၊ မေ ၁၃ ရက်(ဆင်ဟွာ)

ချုံချင့် အဓိကမြို့နေရာမှ ဖူလျင်ခရိုင်ကိုဖြတ်သန်းပြီး စီကျုကို သွားသည့် စီယွီအမြန်လမ်းမကြီးကို ချုံချင့်လူမျိုးများက “မြစ်ကြောင်းနှင့်တူယှဉ်တွဲသည့် အဝေးပြေးအမြန်လမ်းမကြီး”ဟု ခေါ်ဝေါ်ကြသည်။ G50 ရှန်ဟိုင်း-ချုံချင့် အဝေးပြေးအမြန်လမ်းမကြီး၏ အရေးကြီးသည့် အစိတ်အပိုင်းဖြစ်သော စီယွီအမြန်လမ်းမကြီး၏ လမ်းပိုင်းများစွာသည် ယန်ဇီမြစ်နှင့်ကပ်လျက်ရှိကာ မြစ်ကြောင်းနှင့်တူယှဉ်တွဲ၍ အရှေ့ဘက်သို့ သွယ်တန်းထားခြင်း ဖြစ်သည်။

ယန်ဇီမြစ်နှင့်ယှဉ်တွဲနေသည့် ရှန်ဟိုင်း-ချုံချင်း အဝေးပြေး အမြန်လမ်းမကြီး၏တစ်စိတ်တစ်ပိုင်းဖြစ်သည့် စီယွီအမြန်လမ်းအား ဝေဟင်ထက်မှ တွေ့ရစဉ်(ဆင်ဟွာ)

ယန်ဇီမြစ်နှင့်ယှဉ်တွဲနေသည့် ရှန်ဟိုင်း-ချုံချင်း အဝေးပြေး အမြန်လမ်းမကြီး၏တစ်စိတ်တစ်ပိုင်းဖြစ်သည့် စီယွီအမြန်လမ်းအား ဝေဟင်ထက်မှ တွေ့ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း-ချုံချင်း အဝေးပြေးအမြန်လမ်းမကြီး၏တစ်စိတ်တစ်ပိုင်းဖြစ်သည့် စီယွီအမြန်လမ်း၏ ဖူလျင်ရှီးဝန်ဆောင်မှုစင်တာအား ဝေဟင်ထက်မှ တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါအမြန်လမ်းမကြီးသည် ချုံချင့်မြို့ထဲမှ အထွက် မဝေးသောနေရာ “မုန်ညင်းပျိုးခင်းမြေ” ဖူလျင်ကို ရောက်နိုင်သည်။ ဖူလျင်ခရိုင် ယန်မြို့နယ်တံတားတွင်မောင်းနှင်ပါက ကျယ်ပြောသည် မြစ်ရေပြင်ကို တွေ့နိုင်သလို ၊အဝေးက လုံထိုဆိပ်ကမ်း၊ ရွှေဝါရောင်ရေသွယ်လမ်းလေးများကိုလည်း တွေ့နိုင်သည်။

စီယွီ အမြန်လမ်းမကြီးသည် ဖူလျင်မှ ချုံချင့်မြို့ထဲသို့ သွားရာ အမြန်ဆုံးလမ်းတစ်ခုဖြစ်ပြီး မုန့်ညင်းသေတ္တာများက ထိုအမြန်လမ်းမှတစ်ဆင့် နိုင်ငံတစ်ဝှမ်းနေရာအသီးသီးသို့ ရောက်အောင် သယ်ယူပို့ဆောင်ပေးခြင်းဖြစ်သည်။

နှစ်ပေါင်း(၁၀၀)ကျော်ကာလ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ မုန်ညင်းသည် ဖူလျင်ဒေသခံပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုမှ စည်ပင်ဝပျောရေးကို လျှောက်လှမ်းရာ လုပ်ငန်းကြီး တစ်ခုဖြစ်ခဲ့သည်။ ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၀ ခုနှစ်တွင် ဖူလျင် မုန်ညင်းလုပ်ငန်း၏ ကုန်ထုတ်လုပ်မှုတန်ဖိုးသည် တရုတ်ယွမ်(၁၂)ဘီလီယံ ရှိခဲ့ရာ မုန်ညင်းသီးသန့် လယ်သမားတစ်ဦးချင်းစီ၏ ဝင်ငွေ ယွမ်(၂,၂၀၀)ကျော် ဖြစ်လာခဲ့သည်။

ဖူလျင်မှအထွက် အရှေ့ဘက်သို့ ဆက်သွားလျှင် စီကျုကို ရောက်သည်။ ဝူလျင်ဆန်းတောင်တန်းနေရာတွင် ရှိရာ အထူးနွမ်းပါးသည့်နေရာများဆက်နေခဲ့သည့် စီကျု ထူကျားလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် ရှမ်းဆေးခါး(Coptis chinensis)၊ ရေစမုန်(Watershield)၊ ငရုတ်သီးစသည့်တို့ အထူးထွက်ကုန်များရှိသလို ဟွမ်ဆွေအမျိုးသားသစ်တောဥယျာဉ်စသည့် နွေရာသီအပန်းဖြေစခန်းများ ရှိသည်။ နှစ်စဉ် နွေရာသီတွင် ခရီးသွား သိန်းနဲ့ချီပြီး ကိုယ်ပိုင်ကားမောင်းကာ ဖြင့် စီကျုသို့လာပြီး နွေရာသီအပန်းဖြေလေ့ရှိခြင်းကြောင့် ဒေသခံ တိုင်းရင်းသားများက နွေရာသီစံမြန်းရာ ခရီးသွားနေရာ စီးပွားရေး၏အကျိုးကို ခံစားရသူများ ဖြစ်သည်။

“ကားလမ်းပေါက်ပြီး (၇)နှစ်ကြာကာလ၊ ဆင်းရဲနွမ်းပါးမှုမှ စည်ပင်ဝပျောရေးလမ်းကို လျှောက်လှမ်းခဲ့တဲ့ ဒီအမြန်လမ်းကြီးမှာ ယာဉ်အသွားအလာပမာဏက (၃)ဆ မြင့်တက်လာတယ်။ လမ်းတစ်လျှောက်ဒေသတွေကို အကျိုးသက်ရောက်မှုက ပိုပြီးပေါ်လွင်လာတယ်။”ဟု ချုံချင့်မြို့၏ ရှန်ဟိုင်း-ချုံချင့်အမြန်လမ်းကုမ္ပဏီ ပါတီအတွင်းရေးမှူး လီဖိန်က ပြောသည်။

ယန်ဇီမြစ်နှင့်ယှဉ်တွဲနေသည့် ယင်းအမြန်လမ်းမကြီးသည် အစိမ်းရောင်လမ်းလည်းဖြစ်သည်။ ဝူပုမြစ်သည် ချုံချုင့်မြို့၏ ပထမအဆင့် ရေအရင်းအမြစ်ထိန်းသိမ်းရာဒေသ ဖြစ်ပြီး စီယွီအမြန်လမ်း ပြုပြင်ဖောက်လုပ်တည်ဆောက်စဉ်က ဝူပုမြစ်ဖြတ်ကျော်တံတား၏ တံတားအုတ်မြစ်တိုင်လုပ်မည့် မူလအစီအစဉ်ကို ဖျက်သိမ်းတည်ဆောက်ခဲ့ခြင်းကြောင့် အရင်းအနှီးသန်း(၅၀) ပိုကုန်ကျခဲ့သည်။ သို့သော်လည်း ထိုသို့ ဆောင်ရွက်ခြင်းက ရေအရည်အသွေးထိန်းသိမ်းရန် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းခြင်းဖြစ်သည်။

ဖူလျင်ရှိ တစ်ခုတည်းသော Aအမျိုးအစား ဝန်ဆောင်မှုစင်တာဖြစ်သည့် ဖူလျင်ရှီး၏ ဒီဇိုင်းရေးဆွဲမှုနှင့်တည်ဆောက်မှုတွင် ရေသန့်စင်သုံးစနစ်အသုံးပြုထားရာ နေ့စဉ်သုံးရေအား သန့်စင်ရေအဖြစ်ပြောင်းလဲနိုင်အောင် ဆောင်ရွက်ထားရာ ဝန်ဆောင်မှုစင်တာနေရာ၏ ညစ်ညမ်းရေထုတ်လွှတ်မှုပမာဏနှင့်အကုန်အကျကို များစွာ လျှော့ချနိုင်ခဲ့သည်။ ယနေ့အခါ ယင်းဝန်ဆောင်မှုစင်တာသည် ဝန်ဆောင်မှုမှ ကုန်ဈေးတန်းအဖြစ်လည်းကောင်း၊ ခေတ္တရပ်နားနာနေရာမှ ခရီးသွားရှုခင်းနေရာအဖြစ်လည်းကောင်း၊ ဆီဆိုင်မှ နားနေရာစခန်းအဖြစ်လည်းကောင်း ကျော်လွှားပြောင်းလဲနိုင်အောင် အကောင်အထည်ဖော်နိုင်ခဲ့သည်။ (Xinhua)]

———————————–
(Chinese Version)
沿着高速看中国|与长江“伴行”的高速公路
202105/1015:29:12 来源:新华网
新华网重庆5月10日电(王龙博)从重庆主城区出发,经涪陵至石柱的石渝高速,重庆人称之为“沿江高速”。作为G50沪渝大通道的重要部分,这条高速许多路段与长江近在咫尺,“伴行”向东。
出重庆城区不远,这条高速即进入“榨菜之乡”涪陵。行驶在蔺市大桥上,宽阔的江面尽收眼底。远处的龙头港,见证着“黄金水道”的繁忙。
石渝高速是涪陵到重庆城区最快捷的高速通道之一。那一箱箱榨菜正是通过高速公路离开“家乡”,运抵全国各地。
经过一百多年的发展,一碟小小的榨菜已成为带动涪陵百姓脱贫致富的大产业。据统计,2020年涪陵榨菜产业总产值已达到120亿元,实现农户人均榨菜纯收入2200余元。
出了涪陵继续向东,就到了石柱。地处武陵山集中连片特困地区的石柱土家族自治县是民歌“太阳出来喜洋洋”的诞生地,境内拥有黄连、莼菜、辣椒等特产,还有黄水国家森林公园等避暑胜地。每年夏天,数十万的自驾游客前往石柱消夏,让当地许多土家族百姓吃上了“避暑经济”带来的旅游饭。
“通车七年来,这条脱贫致富通道上车流量增长超过3倍,对沿线地区的带动效应日趋显现。”重庆沪渝高速公路有限公司党委书记李平说。
涪陵境内唯一的A类中心服务区,涪陵西在设计、建设过程中采用中水回用系统使生活污水成为中水,极大地减少了服务区的污水排放量和运营成本,如今该服务区已实现“从服务区到商业街区、从停留点到旅游景点、从加油站到休闲驿站”的跨越。

图说1:俯瞰与长江“伴行”的沪渝通道石渝高速。新华网 耿骏宇 摄

图说2:俯瞰沪渝通道石渝高速。新华网 耿骏宇 摄
图说3:俯瞰沪渝通道石渝高速。新华网 耿骏宇 摄
图说4:俯瞰沪渝通道石渝高速涪陵西服务区。新华网 耿骏宇 摄