Connect with us

Social, Education & Health

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသော လေးလသား အရွယ် ကလေးငယ်မှာ ရောဂါ သက်သာ လာ၍ ဆေးရုံမှ ဆင်းခွင့်ပြု

တရုတ် နိုင်ငံ ဝူဟန့်မြို့ရှိ ယာယီဆေးရုံ တစ်ခု၌ တက်ရောက် ကုသမှု ခံယူနေသော လူနာများအား တွေ့ရစဉ်(ဆင်ဟွာ)

ဟိုင်ခို ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ တောင်ပိုင်း ဟိုင်နန် ပြည်နယ်၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော လေးလ အရွယ် ကလေးငယ် တစ်ဦးမှာ ရောဂါပျောက်ကင်း၍ ပြန်လည် သက်သာလာခဲ့ပြီးနောက် ယနေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။ 

အဆိုပါ လသား အရွယ် သမီးငယ်လေးသည် ပြည်နယ် အတွင်း ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ရောဂါ ဖြစ်ပွားသော အသက် အငယ်ဆုံး လူနာ တစ်ဦး ဖြစ်ကြောင်း ဟိုင်နန် ပြည်နယ် ၊ မြို့တော် ဟိုင်ခိုမြို့ရှိ ဟိုင်ခိုပြည်သူ့ဆေးရုံက အတည်ပြုခဲ့သည်။ 

ယင်းသမီးငယ်သည် ၎င်း၏ မိသားစု နှင့်အတူ ဟူပေ ပြည်နယ် ရှုန်းအန်းမြို့သို့ သွားရောက် လည်ပတ်ရာမှ ဟိုင်ခိုမြို့သို့ ပြန်လည် ရောက်ရှိလာစဉ် ဇန်နဝါရီ ၂၇ ရက်က နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ထိုစဉ်က ၎င်း၏ အသက်မှာ သုံးလသား အရွယ်သာ ရှိသေးကြောင်း သိရသည်။  

ဟိုင်နန် ပြည်နယ်၌ ဖေဖော်ဝါရီ ၁၀ ရက် အထိ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားသူ ၁၄၂ ဦးရှိပြီး သေဆုံးသူ သုံးဦး ရှိကြောင်း ၊ လူနာ ၁၉ ဦးမှာ ပြန်လည် သက်သာလာသဖြင့် ဆေးရုံမှ ဆင်းခွင့် ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။(Xinhua)