Connect with us

Social, Education & Health

လမ်းလျှောက်တတ်ခါစ တရုတ် ကလေးငယ် သုံးဦး၏ စွန့်စားခန်း

သုံးဦးတည်း လမ်းလျှောက်ထွက်လာခဲ့သည့် တရုတ် ကလေးငယ်များကို တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဟန်ကျိုး၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

“တိတ်တိတ်နေ၊ ဖေဖေ အလုပ်သွားပြီ၊ မေမေကတော့ အိပ်နေတုန်းပဲ၊ လာ အပြင် လျှောက်သွားကြစို့” ၎င်းစကားက တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ကျိုးမြို့က လမ်းလျှောက်တတ်ခါက တရုတ် ကလေးငယ် သုံးဦးရဲ့ ပထမဆုံး လမ်းမပေါ်ထွက် စွန့်စားခန်း တစ်ရပ်၏ စတင်ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ အဆိုပါ ကိုယ်လုံးတီး ကလေးငယ် သုံးဦးသည် မီတာ ၃၀ ရှည်လျားသည့် တိုက်ခန်းတွဲ တန်းလျား တစ်ခုသို့ မရောက်ခင် သုံးထပ် လှေကားကို ဖြတ်ကျော်ခဲ့ပြီး လမ်းကျဉ်း ထွက်ပေါက်ဆီကို ရောက်သည်အထိ နောက်ထပ် သုံးထပ်ကို ဖြတ်ကျော်ခဲ့ကာ တစ်နာရီခန့်ကြာ လမ်းလျှောက်လာခဲ့သည်။

အသက် နှစ်နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် အသက် တစ်နှစ်အရွယ်ရှိ ယောင်္ကျားလေး အမြွှာ နှစ်ယောက်တို့ လမ်းလျှောက်လာစဉ် နံနက် ၆း၀၀ နာရီဝန်းကျင်၌ ဒေသခံ ရဲသား တစ်ဦးက နံနက်စာ စားနေချိန်က တွေ့ရှိ သည်။ ယင်းမတိုင်မီ အဆိုပါ ကလေးငယ် သုံးဦးအား ကုန်စုံဆိုင် ပိုင်ရှင် တစ်ဦးက အရင်တွေ့ရှိခဲ့ပြီး လော်လီပေါ့ တစ်လုံးစီ ကျွေးခဲ့ပါသေးသည်။ မိသားစု အမည် ချန်ဟု သိရသော ရဲသားက ထိုကလေးငယ်များအား ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး နို့နှင့် အဝတ်အစားများ ဝတ်ပေးခဲ့ပြီး ၎င်းတို့၏ အိမ်နှင့် မိဘများအား စုံစမ်းခဲ့သည်။

ထိုကလေးငယ်များ၏ မိခင်မှာ အိပ်ရာမှ နိုးလာပြီး နှစ်နာရီခန့် ကြာသည်အထိ ကလေး သုံးဦး ပျောက်ဆုံးနေခြင်းကို သတိမပြုမိခဲ့ပေ။ ၎င်းမှာ အိမ်နီးချင်းများထံမှ ရဲစခန်း၌ ကလေးငယ်များ တွေ့ရှိထားကြောင်းနှင့် မိဘများအား ရှာဖွေလျက်ရှိကြောင်း ကြားသိရပြီးနောက် ရဲစခန်းသို့ အမြန် သွားရောက်ခဲ့သည်။ အဆိုပါ အမျိုးသမီးအား မည်သူမည်ဝါ ဖြစ်ကြောင်း စုံစမ်း အတည်ပြုပြီးနောက် ကလေးငယ် သုံးဦးမှာ မိခင်နှင့်အတူ အိမ်ပြန်ရောက်ခဲ့သည်။ ကလေးများ၏ မိခင် ပြောကြားချက်အရ ၎င်း၏ခင်ပွန်းက နံနက်အစောကြီး အလုပ်ထွက်သွားပြီး တံခါးကို သော့ခတ်ရန် မေ့သွားခဲ့သလို ၎င်းသည်လည်း အိပ်ပျော်နေသည့် အတွက် ကလေးများ ယခုလို လမ်းမပေါ်ရောက် သွားခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.