Connect with us

Social, Education & Health

တရုတ်နိုင်ငံတွင် ပထမဆုံး ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှု ဖြစ်ပွား

ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ကလေးငယ် တစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တွင် နိုင်ငံ၏ ပထမဆုံး အဖြစ် ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း အမျိုးသား ကျန်းမာရေးနှင့် မိသားစု စီမံကိန်း ကော်မရှင် (NHFPC) က ဖေဖော်ဝါရီ ၉ ရက်တွင် ကြေညာခဲ့သည်။

ရောဂါ ဖြစ်ပွားသူသည် အသက် ၃၄ နှစ်အရွယ် ကျောင်းရှီပြည်နယ်၊ ကန်ရှန်းစီရင်စု မှ အမျိုးသားတစ်ဦး ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ယခုအခါတွင် သာမန် ကိုယ်အပူချိန်ရှိသည်အထိ ပုံမှန်အနေအထားဖြစ် လာကာ ခန္ဓာကိုယ် ပေါ်တွင် အဖုများလည်း လျော့နည်းလာပြီး အခြေအနေ ကောင်းမွန်လျက် ရှိကြောင်း သိရသည်။

ယင်းအမျိုးသားသည် ဗင်နီဇွဲလားနိုင်ငံ သို့ သွားရောက်ခဲ့ပြီး ဟောင်ကောင်နှင့် ရှန်းကျန့် မှ တစ်ဆင့် ၎င်း၏ မြို့သို့ ပြန်ရောက်သည့် ဖေဖော်ဝါရီလ ၅ ရက်မတိုင်ခင် ဇန်နဝါရီလ ၂၈ ရက်က ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း နှင့် မူးဝေခြင်း အစရှိသည့် ရောဂါလက္ခဏာများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းမှ တစ်ဆင့် ရောဂါမပြန့်ပွားစေရန် နှင့် ကုသမှု ခံယူရန် ဖေဖော်ဝါရီလ ၆ ရက် ကတည်းက ကန်ရှန်းစီရင်စု ရှိ ဆေးရုံတစ်ခုသို့ ပို့ဆောင်ထားကြောင်း သိရသည်။

NHFPC က ပြည်သူ့ ကျန်းမာရေး အရာရှိများနှင့် ကျွမ်းကျင်သူများ၏ အကဲဖြတ် သုံးသပ်ချက်အရ ယခုအချိန်တွင် တရုတ်နိုင်ငံ ၌ အပူချိန် ကျဆင်းနေသည့်အတွက်ကြောင့် ယင်းရောဂါဖြစ်ပွားမှု မှ တစ်ဆင့် ဇီကာဗိုင်းရပ်စ် ပြန့်ပွားမှု ဖြစ်စေရန် အခွင့်အလမ်း နည်းပါးကြောင်း ပြောကြားခဲ့သည်။

ဇီကာဗိုင်းရပ်စ် သည် ခြင်မှတစ်ဆင့် လူသားများသို့ ကူးစက်တက်ပြီး ရောဂါလက္ခဏာများ အနေဖြင့် ဖျားနာခြင်း၊ အဆစ်များ နာကျင်ခြင်း၊ အနီဖုများ ပေါက်ခြင်း၊ မျက်လုံးနီခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း နှင့် မျက်စိ နာကျင်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.