Connect with us

Social, Education & Health

တရုတ်နိုင်ငံတွင် ကိုယ်ပိုင်ကား ပိုင်ဆိုင်သူ ၁၇၂ သန်းရှိလာ

တရုတ်နိုင်ငံ၏ လမ်းများပေါ်တွင် တိုးတက်လာနေသော မော်တော်ကားများကိုတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံ ၌ မော်တော်ကား အသစ် မှတ်ပုံတင်သူ ၂၃.၈၅ သန်းရှိလာပြီး ကိုယ်ပိုင်ကား ပိုင်ဆိုင်သူ ၁၇၂ သန်း အထိ ရှိလာကြောင်း အများပြည်သူ လုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၅ ရက်နေ့ က ထုတ်ပြန်ခဲ့သည်။

ဝန်ကြီးဌာန ၏ ယာဉ်စည်းကမ်း စီမံခန့်ခွဲမှု ဗျူရို က ၂၀၁၅ ခုနှစ်အကုန် တွင် ယာဉ်မျိုးစုံ ပိုင်ဆိုင်သူ ဦးရေသည် ၂၇၉ သန်းရှိခဲ့သည့် အနက် ၆၁ ရာခိုင်နှုန်းသည် မော်တော်ကား ပိုင်ဆိုင်သူများ ဖြစ်ပြီး မော်တော်ဆိုင်ကယ် မှ မော်တော်ကား အဖြစ် ပြောင်းလဲ လျှောက်ထားခဲ့သူများလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

အဆိုပါထုတ်ပြန်ချက်၌ အိမ်ခြေ ၁၀၀ လျှင် ကိုယ်ပိုင်ကား ၃၁ စီးပိုင်ဆိုင်ပြီး ပေကျင်း နှင့် ရှင်းကျန့် မြို့များတွင် အစီး ၆၀ အထိ ပိုင်ဆိုင်ကြကြောင်း ဖော်ပြထားသည်။

ထို့အပြင် စွမ်းအင် အသစ်သုံး ကားအရေအတွက် သည် ၂၀၁၄ ခုနှစ်ထက် ၁၆၉.၄၈ ရာခိုင်နှုန်း တိုးတက်လာပြီး အစီးရေ ၅၈၃,၂၀၀ စီးရှိလာကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံ အတွင်းရှိ မြို့ပေါင်း ၄၀ တွင် ကားပိုင်ဆိုင်သူပေါင်း ၁သန်းကျော်ရှိပြီး ပေကျင်း၊ ရှန်ဟိုင်း၊ ရှင်းကျန့် နှင့် ထျန်ကျင်း မြို့များအပါအဝင် မြို့ပေါင်း ၁၁ မြို့တွင် ၂ သန်းကျော် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.