Connect with us

Social, Education & Health

တရုတ်နိုင်ငံက စာသင်ကျောင်းပရဝုဏ်များအတွင်း ကျန်းမာရေးပညာပေး တိုးမြှင့်လုပ်ဆောင်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ရီချန်းမြို့ရှိ China Three Gorges တက္ကသိုလ်တွင် ပိုးသတ်ဆေးဖျန်းနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနက စာသင်ကျောင်းများအတွက် ကျန်းမာရေးလှုံ့ဆော်မှုများဆိုင်ရာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းကြေညာချက်တွင် ကျောင်းပရဝဏ်များ၌ စာသင်ကျောင်းအခြေပြု ပြည်သူ့ကျန်းမာရေးစနစ်များ တည်ထောင်ခြင်းနှင့် အရေးပေါ် ပြည်သူ့ကျန်းမာရေးတုံ့ပြန်မှု လုပ်ထုံးလုပ်နည်းများ တိုးတက်ခြင်း လုပ်ဆောင်ရန် သတ်မှတ်ထားကြောင်း သိရသည်။သောက်သုံးရေဘေးကင်းရေး စိတ်ချမှုရှိရန်နှင့် ပိုးသတ်ဆေးဖျန်းခြင်းနှင့် လေဝင်လေထွက် ကောင်းမွန်ရန် စသည်တို့အပါအဝင် ကျောင်းပရဝဏ် သန့်ရှင်းမှု မြှင့်တင်ရေးအတွက် ဝန်ကြီးဌာနက တိုက်တွန်းပြောကြားခဲ့သည်။ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာ မြှင့်တင်ရန် ကျောင်းသားများနှင့် ဆရာများအကြား ကျန်းမာရေးဗဟုသုတများကို မြှင့်တင်သွားသင့်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117