Connect with us

Social, Education & Health

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် နှစ်သစ် နှုတ်ခွန်းဆက်နေသော ပန်ဒါလေးများ


ချန်ဒူ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ မွေးမြူရေးခြံ တစ်ခုတွင် ပန်ဒါ သားပေါက်လေး ၈ ကောင်ဟာ တရုတ် နှစ်သစ်ကူး Lunar New Year အား နှုတ်ဆက်ရန်အတွက် ဇန်နဝါရီလ ၁၁ ရက်က ကိုယ်ဟန်ပြခဲ့ကြသည်။

အမွှာ သုံးတွဲပါဝင်သော အဆိုပါ ပန်ဒါပေါက်လေး ၈ ကောင်ကို ၂၀၁၆ ခုနှစ်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံရှိ ပန်ဒါကြီးမျိုး ကာကွယ်ရေးနှင့် သုတေသန စင်တာရှိ Bifengxia မွေးမြူရေးခြံတွင် အလှဆင်ထားသည့် နေရာတွင် အဆိုပါ ပန်ဒါလေးများက လမ်းလျှောက်ခြင်း၊ သစ်ပင်ပေါ် တွယ်တက်ခြင်းနှင့် အရုပ်ကစားခြင်း အစရှိသဖြင့် ပျော်ရွှင်မြူးတူးစွာ ကစားခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်က အဆိုပါ မွေးမြူရေးခြံတွင် ပန်ဒါ ၂၇ ကောင် မွေးဖွားခဲ့ပြီး ၂၂ ကောင် အသက်ရှင်ခဲ့သည်။

Bifengxia မွေးမြူရေးခြံတွင် ပျော်ရွှင်စွာ ဆော့ကစားနေသည့် ပန်ဒါပေါက်လေးများအား တွေ့ရစဉ် (ဆင်ဟွာ)

Bifengxia မွေးမြူရေးခြံတွင် ပျော်ရွှင်စွာ ဆော့ကစားနေသည့် ပန်ဒါပေါက်လေးများအား တွေ့ရစဉ် (ဆင်ဟွာ)

Bifengxia မွေးမြူရေးခြံတွင် ပျော်ရွှင်စွာ ဆော့ကစားနေသည့် ပန်ဒါပေါက်လေးများအား တွေ့ရစဉ် (ဆင်ဟွာ)

Bifengxia မွေးမြူရေးခြံတွင် ပျော်ရွှင်စွာ ဆော့ကစားနေသည့် ပန်ဒါပေါက်လေးများအား တွေ့ရစဉ် (ဆင်ဟွာ)

Bifengxia မွေးမြူရေးခြံရှိ ပန်ဒါကြီး နှစ်ကောင်ဖြစ်သည့် နာနာ (NaNa) နှင့် ယွန်းသော (Yun Duo) တို့မှာ မိတ်လိုက်မည့် အရွယ်ရောက်ရှိနေပြီ ဖြစ်ကြောင်း မွေးမြူရေးခြံ တာဝန်ရှိသူ ကျန်းကွေ့ချွမ်းက ပြောသည်။

ပန်ဒါကြီးမျိုးသည် ရှာပါး မျိုးစိပ်ဝင် ဖြစ်လာပြီး တောထဲတွင် နေထိုင်သည့် ပန်ဒါ အရေအတွက် ၂,၀၀၀ အောက်သာ ကျန်ရှိကာ အများစုမှာ စီချွမ်၊ ရှန်ရှီးနှင့် ကန်စုပြည်နယ်များတွင် ရှိသည်။ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ တောထဲတွင် အနည်းဆုံး ပန်ဒါကြီး ၁,၈၆၄ ကောင်ရှိကြောင်း၊ ၄၂၂ ကောင်မှာမူ လှောင်အိမ်အတွင်း ဖမ်းဆီး မွေးမြူထားကြောင်း တရုတ်နိုင်ငံ သစ်တော အုပ်ချုပ်ရေးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.