Connect with us

Social, Education & Health

တရုတ်နိုင်ငံတွင် တရုတ်ရိုးရာဆေးပညာကုထုံးဆိုင်ရာ အဖွဲ့အစည်း ၅၀,၀၀၀ ရှိလာ`

တရုတ်ရိုးရာဆေးပညာကုထုံး ဖြင့် လူနာတစ်ဦးအား ကုသပေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တွင် တရုတ်ရိုးရာဆေးပညာ (TCM) ကုထုံးများ အား အသုံးပြုသည့် ဆေးဝါးနှင့် ကျန်းမာရေး အဖွဲ့အစည်း ၅၀,၀၀၀ ရှိလာကြောင်း တရုတ်နိုင်ငံ ၏ TCM အာဏာပိုင်အဖွဲ့အစည်းကပြောကြားခဲ့သည်။

တရုတ်ရိုးရာဆေးဝါးဆိုင်ရာ နိုင်ငံတော် စီမံခန့်ခွဲရေးဋ္ဌာနက ပြည်တွင်းအဆင့်အနေဖြင့် တရုတ်ရိုးရာဆေးပညာ (TCM) အစီအစဉ်များအား အသုံးပြုသူဦးရေသည် လူဦးရေ၏ ၄၀ရာခိုင်နှုန်းရှိကြောင်းထုတ်ပြန်ခဲ့သည်။

အုပ်ချုပ်ရေးဒါရိုက်တာ Wang Guoqiang က ၂၀၁၆ခုနှစ်၏ ပထမကိုးလအတွင်း တရုတ်ရိုးရာဆေးပညာ (TCM) ကုသမှုများအတွက် ပျမ်းမျှကုန်ကျငွေ နှင့် အများပြည်သူဆိုင်ရာ တရုတ်ရိုးရာဆေးပညာ (TCM) ဆေးရုံများ၌ လူနာတစ်ဦးချင်းစီအတွက် ကုန်ကျငွေသည် အခြား အများပြည်သူဆိုင်ရာ ဆေးရုံများ၌ ကုသခြင်းထက် ၁၀.၈၂ရာခိုင်နှုန်းနှင့် ၂၃.၅၄ရာခိုင်နှုန်းအသီးသီး လျော့နည်းကြောင်းပြောကြားခဲ့သည်။

Wang က တရုတ်နိုင်ငံ၏ ဆေးကုသမှုအာမခံစနစ်တွင် TCM ကုသမှုပါဝင်၍ ပြည်သူများအနေဖြင့် အကျိုးခံစားခွင့်ရှိကြောင်း ပြောကြားခဲ့သည်။

၎င်းက ရောဂါကာကွယ်ခြင်း၊ ကုသခြင်း နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် တရုတ်ရိုးရာဆေးပညာ (TCM) ၏အခန်းကဏ္ဍကျယ်ပြန့်လာစေရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအရာရှိများက နိုင်ငံအတွင်း တရုတ်ရိုးရာဆေးပညာ (TCM) ၏အခန်းကဏ္ဍပိုမိုကြီးမားလာစေရန် ၎င်းနှင့် ပတ်သက်၍ ၂၀၁၆ခုနှစ် ဒီဇင်ဘာလက ဥပဒေရေးဆွဲခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.