Connect with us

Social, Education & Health

တရုတ် နိုင်ငံမှ ဂါနာ နိုင်ငံသို့ ငှက်ဖျား ပျောက်ဆေးများ လှူဒါန်း

တရုတ်နိုင်ငံမှ ထုတ်လုပ်သော ငှက်ဖျား ပျေက်ဆေးများ အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

အက်ရာ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အစိုးရသည် ဂါနာနိုင်ငံသို့ ငှက်ဖျားပျောက် ထိုးဆေး Artesunate ပုလင်း ၆၀၀,၀၀၀ အား လှူဒါန်း ခဲ့ကြောင်း သိရသည်။

ဂါနာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး စွန်းပေါင်ဟုန် (Sun Baohong) နှင့် ဂါနာ ကျန်းမာရေး ဝန်ကြီး အဲလတ်စ် ဆက်ဘက်ဖီးရား တို့သည် ငှက်ဖျားပျောက်ဆေး ပေးလှူပွဲ အခမ်းအနားသို့ နိုဝင်ဘာ ၁၇ ရက်နေ့က တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးဝါးများသည် အမေရိကန် ဒေါ်လာ ၁.၃ သန်း တန်ဖိုးရှိပြီး တရုတ် နိုင်ငံ ကုမ္ပဏီ တစ်ခုမှ ထုတ်လုပ်ကြောင်း သိရသည်။

စွန်းမှ ယင်း ငှက်ဖျား ပျောက်ဆေးများသည် ရောဂါကုသရာတွင် အလွန် အရေးပါသော ကဏ္ဍတွင် ပါဝင်နေပြီး ဂါနာပြည်သူများ၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံသည် ဂါနာသို့ ငှက်ဖျား ပျောက်ဆေးများ လှူဒါန်းခဲ့သည်မှာ ၂၀၀၆ ခုနှစ် ကတည်း မှ ဖြစ်ကြောင်း၊ ဂါနာ နိုင်ငံ၏ ကျန်းမာရေး ကဏ္ဍအား ကူညီ ထောက်ပံ့ရန် အတွက် ဆေးရုံများ ဆောက်လုပ်ပေးခြင်း၊ သင်တန်းများ ပေးခြင်း တို့ကို ပြုလုပ်ပေးခဲ့ကြောင်း ဂါနာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်မှ ပြောကြားခဲ့သည်။

စွန်းက ဒီဇင်ဘာလတွင် ပြုလုပ်မည့် လေးကြိမ်မြောက် ဂျိုဟန်နတ်စ်ဘတ် တရုတ်-အာဖရိက ပူးပေါင်း ဆောင်ရွက်ရေး ထိပ်သီးညီလာခံ သည် နှစ်နိုင်ငံလုံး အတွက် ကျန်းမာရေး ကဏ္ဍအပါအဝင် အခြားကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများအား အားကောင်း လာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်ဘက်ဖီးရား က ဂါနာ နိုင်ငံ၏ ကျန်းမာရေး ကဏ္ဍ ပါဝင် ထောက်ပံ့ပေးသော တရုတ် နိုင်ငံ အစိုးရနှင့် ပြည်သူများအား အထူး ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့သည်။
၎င်းမှ ထိုသို့ လှူဒါန်းခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေး ရေရှည် တည်တံ့ခြင်းအား ဖော်ပြခြင်း ဖြစ်ကြောင်း နှင့် တရုတ် နိုင်ငံအား ကမ္ဘာ့ လူသားများ၏ ကျန်းမာရေး ကဏ္ဍတွင် အရေးပါသော ပါဝင်သူ တစ်ယောက်အဖြစ် ပြောဆိုခဲ့ကြောင်း သိရသည်။ (Xinhua)