Connect with us

Social, Education & Health

တရုတ်နိုင်ငံ သည် ကျေးလက်ဒေသမှ ဆရာ၊ ဆရာမ ၃.၃ သန်းအား သင်တန်းများ ပေးသွားမည်

တရုတ်နိုင်ငံ ကျဲ့ကျန်း ပြည်နယ် မူကြိုကျောင်း တစ်ကျောင်းရှိ ဆရာနှင့် တပည့်များအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရသည် လာမည့် ငါးနှစ်အတွင်း ကျေးလက် ဒေသမှ ဆရာ၊ ဆရာမ ၃.၃ သန်းအား နာရီ ၃၆၀ ကြာမြင့်သော လေ့ကျင့်ရေး သင်တန်း ပေးသွားရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ပညာရေးဝန်ကြီး ဋ္ဌာန လက်အောက်ရှိ ဆရာများ၏ လုပ်ငန်း ဗျူရို ဒါရိုက်တာ ရွှီထောင်း က အစိုးရသည် ကျေးလက်ဒေသ မှ ဆရာ၊ ဆရာမ များ၏ ဘက်စုံ လိုအပ်ချက် များကို ဖြည့်ဆည်း ပေးနိုင်ရန် အတွက် အဆိုပါ လေ့ကျင့်ရေး သင်တန်းအား သင်ကြားပေးသွားမည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ဒီဇင်ဘာလ ၇ ရက်နေ့က ပြောကြားခဲ့သည်။

ရွှီမှ ကျေးလက်ေ ဒသများသို့ အဝေးမှ သင်ကြားခြင်း ပုံစံမျိုး (သို့်) ကျွမ်းကျင်သူများအား စေလွှတ်၍ ဖွံ့ဖြိုး တိုးတက်ရေး စင်တာများ ဖွင့်လှစ်ကာ သင်ကြားပေး သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစိုးရက ရန်ပုံငွေ ထောက်ပံ့မှုများ ရှိသော်လည်း မြို့ပြ နှင့် ကျေးလက်ကြား ကွာခြား မှုသည် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

ရွှီက ဝန်ကြီးဋ္ဌာန အနေဖြင့် ဒေသတွင်း အစိုးရအား ဒေသခံ ကျေးလက်မှ ဆရာ၊ ဆရာမ များအား အလုပ်ခန့်ခြင်းနှင့် လေ့ကျင့်ပေးခြင်း၊ ဆင်းရဲ နွမ်းပါးသော ဒေသများမှ ဆရာ၊ ဆရာမ များအားလုံး အတွက် နေထိုင်စရိတ်များ ထောက်ပံ့ပေးသွားရန် တိုက်တွန်းသွားမည့်အပြင် ဝန်ထမ်းသစ် များပိုမိုရရှိလာစေရန် နေထိုင်မှု အာမခံနှင့် ကျန်းမာရေး အာမခံများ ပေးအပ်သွားရန် တိုက်တွန်း သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117