Connect with us

Social, Education & Health

တရုတ်သည် အခြေခံ လူတန်းစားများအား ပြန်လည် နေရာချပေးနိုင်ရန် ဘီလီယံများစွာ သုံးစွဲမည်

တရုတ်နိုင်ငံရှိ ကျေးလက် ဒေသ တစ်ခုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာလ ၁၃ ရက် (ဆင်ဟွာ)

တရုတ်သည် ကောင်းမွန်သော သဘာဝ ပတ်ဝန်းကျင် မရှိသည့် ဆင်းရဲသော ဒေသများမှ လူပေါင်း ၉၁၆,၅၀၀ ယောက်အား ပြန်လည် နေရာချပေးခြင်းဖြင့် ဆင်းရဲတွင်းမှ လွတ်မြောက်စေရန် အတွက် တရုတ်ယွမ် ၅.၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၈၆၆ မီလီယံ) အား ယခုနှစ်တွင် အသုံးပြုခဲ့ကြောင်း အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် (NDRC) မှ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

ကျေးလက်ဒေသ များတွင် ရေချွေတာရေး၊ ကျေးလက်ဒေသ လျှပ်စစ် ဓါတ်အားလိုင်း ကွန်ရက်များ ပိုမို များပြားလာ စေရေး၊ အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်း ပိုမို တိုးတက်လာရေးတို့ အတွက် ၂၀၁၅ ခုနှစ်တွင် အားထုတ်မှုများ ပိုမို ပြုလုပ်ခဲ့ကြောင်း အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် (NDRC) မှ ပြောရေး ဆိုခွင့်ရှိသူ ရှီးဇူဟွေ့ က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၂၀၀၁ ခုနှစ်မှ စ၍ ဗဟို အစိုးရသည် ပြန်လည် နေရာချထားရေး အတွက် တရုတ်ယွမ် ၃၆.၃ ဘီလီယံ အသုံးပြု ခဲ့ကြောင်း သိရသည်။ ၂၀၁၀ ခုနှစ် ကတည်းက တရုတ်နိုင်ငံသည် ပြည်နယ်နှင့် ဒေသ ၁၇ ခုမှ ပြည်သူ ၃၆.၃ သန်းအား ပြန်လည် နေရာချထားရေး အတွက် တရုတ်ယွမ် ၂၃.၁ ဘီလီယံ အသုံးပြု ခဲ့ကြောင်း NDRC မှ အချက်အလက်များ အရ သိရသည်။

သို့သော် နောက်ငါးနှစ် အတွင်း ပြန်လည် နေရာ ချထားပေးရန် လိုအပ်သော တရုတ်လူမျိုး ၁၀ သန်းခန့်သည် တောင်တန်း များနှင့် သဲကန္တာရ နယ်မြေများအတွင်း ကျန်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117