Connect with us

Social, Education & Health

ဆင်ဟွာနှင့် AFP သတင်းဋ္ဌာနများ ပိုမို ပူးပေါင်းဆောင်ရွက်ရေး ဥက္ကဋ္ဌ နှစ်ဦး သဘောတူ

ဆင်ဟွာ သတင်းဋ္ဌာန ချိုက်မင်းကျို (ယာ) နှင့် Afence France-Press (AFP) ဥက္ကဋ္ဌ Emmanuel Hoog (ဝဲ) တို့အား စက်တင်ဘာလ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ဆင်ဟွာ သတင်းဋ္ဌာန ချိုက်မင်းကျိုနှင့် Afence France-Press (AFP) ဥက္ကဋ္ဌ Emmanuel Hoog တို့သည် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယခုနှစ်သည် ဆင်ဟွာနှင့် AFP သတင်းဋ္ဌာနအကြား သတင်း ဖလှယ်ရေး သဘောတူလက်မှတ်ရေးထိုးခြင်း နှစ် ၆၀ ပြည့်မြောက်ပြီ ဖြစ်ကြောင်းနှင့် နှစ်ဘက်လုံးအနေဖြင့် မီဒီယာသစ် ဖွံ့ဖြိုးတိုးတက်မှုတွင် ဆက်သွယ်ရေးများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာရန် မျှော်လင့်ကြောင်း ချိုက်က ပြောကြားခဲ့သည်။

ထို့ပြင် ချိုက်က AFP ဥက္ကဋ္ဌအား ဆင်ဟွာ၏ ဓာတ်ပုံပညာ၊ ဗီဒီယို ဇာတ်လမ်းတိုများ၊ ဘဏ္ဍာရေး အချက်အလက်နှင့် နည်းပညာဝန်ဆောင်မှုများ တိုးတက်ရေး လုပ်ငန်းများအား အကျဉ်းချုပ် ရှင်းပြခဲ့သည်။

AFP ဥက္ကဋ္ဌ Hoog ကလည်း ကာလရှည် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးအား ထိန်းသိမ်းထားရှိကြောင်းနှင့် သတင်းဋ္ဌာန နှစ်ခုလုံးအနေဖြင့် အနာဂတ်တွင် အတွေ့အကြုံများ ပိုမိုမျှဝေသွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.