Connect with us

Social, Education & Health

တရုတ်-မြန်မာ နှစ်နိုင်ငံ ပညာရေး ပူးပေါင်းဆောင်ရွက်မှု နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်း တွေ့ဆုံ ဆွေးနွေးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် သည် ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ပိုင်း တွင် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်း ၊ ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင် တို့နှင့် နှစ်နိုင်ငံ ပညာရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ များကို တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ရန်ကုန် တက္ကသိုလ် ရှိ တရုတ် နိုင်ငံ မှ ကျောင်းသား/သူ များ ၊ ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် ရှိ တရုတ် နိုင်ငံ မှ ကျောင်းသား/သူ များ ကို သွားရောက် တွေ့ဆုံ့ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး သည် ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ် တွင် ရန်ကုန် တက္ကသိုလ် ၌ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်း နှင့် သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ တက္ကသိုလ်များ၏ ချိတ်ဆက်ဆောင်ရွက်မှုများ ၊ ပညာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ၊ တရုတ် နိုင်ငံ မှ မြန်မာ နိုင်ငံ တွင် ချစ်ကြည်ရေး စာသင်ကျောင်းများ တည်ဆောက်နေမှု အခြေအနေများ ၊ ရန်ကုန် တက္ကသိုလ်တွင် တရုတ် ယဉ်ကျေးမှု စင်တာ တိုးချဲ့တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့် လိုအပ်ချက်များကို ကူညီဆောင်ရွက်သွားရန် စသည့် ကိစ္စရပ်များကို ရင်းနှီးစွာ သဘောထား အမြင်များအား ဆွေးနွေးခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် မှ ရန်ကုန် တက္ကသိုလ် ရှိ တရုတ် နိုင်ငံ မှ ကျောင်းသား/သူ များနှင့် တွေ့ဆုံစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် မှ ရန်ကုန် တက္ကသိုလ် ရှိ တရုတ် နိုင်ငံ မှ ကျောင်းသား/သူ များနှင့် တွေ့ဆုံစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် မှ ရန်ကုန် တက္ကသိုလ် ရှိ တရုတ် နိုင်ငံ မှ ကျောင်းသား/သူ များနှင့် တွေ့ဆုံစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင် နှင့် တွေ့ဆုံစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် မှ ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် ရှိ တရုတ် နိုင်ငံ မှ ကျောင်းသား/သူ များကို သွားရောက်တွေ့ဆုံစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် မှ ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် ရှိ တရုတ် နိုင်ငံ မှ ကျောင်းသား/သူ များ နေထိုင်သည့် အဆောင်အား သွားရောက် ကြည့်ရှုစဉ်(ဆင်ဟွာ)

ထို့နောက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် တရုတ် နိုင်ငံ သံအမတ်ကြီး မှ ရန်ကုန် တက္ကသိုလ် မှ စီစဉ် ထားသည့် တရုတ် နိုင်ငံ မှ မြန်မာ စာသင်ယူနေသည့် ကျောင်းသား/သူ များနှင့် တွေ့ဆုံပွဲကို တက်ရောက် ခဲ့ပြီး တရုတ် နိုင်ငံ သံအမတ်ကြီး မှ ကျောင်းသား/သူ များအား ဆုံးမသြဝါဒ စကားများ ပြောကြား ခဲ့ပြီး မကြာမီ အချိန်တွင် ကျရောက်တော့မည့် တရုတ် ရိုးရား နှစ်သစ်ကူး အတွက် ဆုမွန်တောင်း စကား ပြောကြား ခဲ့သည်။

သံအမတ်ကြီး မစ္စတာ ဟုန်လျန် သည့် နံနက် ၁၁ နာရီ အချိန်တွင် ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် သို့သွားရောက် ခဲ့ပြီး ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင် နှင့် တွေ့ဆုံ ခဲ့သည်။ တွေဆုံရာတွင် သံအမတ်ကြီး မစ္စတာ ဟုန်လျန် က ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် သည် တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပြီး တရုတ် နိုင်ငံ မှ လာရောက် ပညာသင်ယူသော ကျောင်းသား အများဆုံး ရှိသည့် တက္ကသိုလ် တစ်ခုလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင် တို့က တက္ကသိုလ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ပိုမိုတိုးမြှင့်ရေး ၊ မြန်မာ နိုင်ငံ သားများ အနေဖြင့် တရုတ် နိုင်ငံ စီးပွားရေး ၊ လူမှုရေး နှင့် သမိုင်းကြောင်း များကို ပိုမို သိရှိနားလည်စေရေး ၊ တရုတ် နိုင်ငံ မှ ကျောင်းသား/သူ များအား ပိုမို အဆင်ပြေ ကောင်းမွန်သည့် စာသင်ကြားမှု ပတ်ဝန်းကျင် ရရှိအောင်ဆောင်ရွက်ရေး ၊ မြန်မာ နိုင်ငံ မှ လိုအပ်ချက်များကို ကူညီထောက်ပံ့ရေး စသည့် ကိစ္စရပ်များ တွင် သဘောထား အမြင်များ ပွင့်လင်းစွာ ဖလှယ် ခဲ့ကြပြီး တရုတ် နိုင်ငံ သံအမတ်ကြီး မှ ပါမောက္ခချုပ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား တရုတ် နိုင်ငံ သို့လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်။

ထိုနောက်တွင် သံအမတ်ကြီး ဟုန်လျန် က ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် ရှိ တရုတ် နိုင်ငံ မှ ကျောင်းသား/သူ များကို သွားရောက်တွေ့ဆုံ ခဲ့ပြီး ကျောင်းသား/သူများ နေထိုင်ရာ အဆောင် များကို သွားရောက် ကြည့်ရှုလေ့လာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.