Connect with us

Social, Education & Health

လက်နှစ်ဖက်မရှိသူ ကျောင်းသားလေး သည် အနုပညာကျောင်းဝင်ခွင့် အား ခြေထောက်ကိုအသုံးပြု၍ ရေးဆွဲ ဖြေဆိုမည်

အနုပညာကျောင်းဝင်ခွင့် ဖြေဆိုနေသည့် လက်နှစ်ဖက်မရှိသူ ကျောင်းသားလေးအားတွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ကျိနန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ အရှေ့ပိုင်း ရှန်တုန်းပြည်နယ်တွင် ရာပေါင်းများစွာသော ကျောင်းသားများသည် အနုပညာ ကျောင်း ဝင်ခွင့်အတွက် ပန်းချီစာမေးပွဲ ဖြေဆိုရန် ၎င်းတို့၏ ပုံဆွဲရန် သစ်သားဘောင်များကို ပြင်ဆင် နေသော်လည်း ရှန်းဟန်အမည်ရှိ ကျောင်းသားလေး တစ်ယောက်မှာ ထိုသို့မဟုတ်ဘဲ ၎င်း၏ ရှူးဖိနပ် နှင့် ခြေအိတ်များကိုသာ ချွတ်နေကြောင်း တွေ့ရသည်။

ရှန်းဟန် သည် အဝါရောင်တောက်တောက် ဂျာကင် အင်္ကျီ ကို ဝတ်ထားသော်လည်း လက်နှစ်ဖက် မရှိ သောကြောင့် အင်္ကျီ၏လက်နှစ်ဖက်မှာ တွဲလောင်းကျလျက်ရှိသည်။ ရှန်းသည် ညာခြေ၏ ခြေချောင်းနှစ်ချောင်း ကြားတွင် ပုံဆွဲခဲတံကို ပိုင်ပိုင်နိုင်နိုင် ညှပ်ထားပြီး ရေဘူး၊ အိုးနှင့် အခြား မြင်တွေ့နေကြ အရာဝတ္တုများကို ယုံကြည်ချက်ရှိရှိဖြင့် ရေးဆွဲနေကြောင်းတွေ့ရသည်။

ရှန်းသည် အသက်ကိုးနှစ်အရွယ်တွင် ဓါတ်လိုက်ခံရသောကြောင့် လက်နှစ်ဖက်လုံးကို ဖြတ်ပစ်ခဲ့ရသည်။ ဆေးရုံ၌ တစ်နှစ်ကြာ ကုသပြီးနောက် ကျောင်းပြန်တက်ခဲ့ကာ အရေး၊ အဖတ် နှင့် ပုံဆွဲခြင်းတို့ကို သင်ယူခဲ့ကြောင်း ရှန်း၏ မိခင်ဖြစ်သူ က မီဒီယာများသို့ပြောကြားခဲ့သည်။

၎င်းက ရှန်းသည် ပန်းချီဆွဲခြင်းနှင့် ဒီဇိုင်းပညာ ကို အထူးစိတ်ဝင်စားပြီး ၎င်း၏အိမ်မက်မှာကောလိပ်တွင် ဒီဇိုင်းပညာသင်ယူရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရှန်းသည် ရှန်တုန်း ပန်းချီနှင့် ဒီဇိုင်း တက္ကသိုလ် သို့ဝင်ခွင့်ရရှိရန် စာမေးပွဲဖြေဆိုနေခြင်းဖြစ်ကြောင်းသိရသည်။

တရုတ်နိုင်ငံတွင် ထိပ်တန်း အနုပညာ ကျောင်းများသို့ ဝင်ခွင့်ရရှိရန် ယှဉ်ပြိုင်မှု ပြင်းထန်ကြပြီး ဥပမာအဖြစ် ပေကျင်း ရုပ်ရှင် အကယ်ဒမီကျောင်းသို့ ဝင်ရောက်ရန် လျှောက်ထားသူ ၃၀,၄၀၀ ရှိသည့်အနက် ၄၃၇ ယောက်ကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.