Connect with us

Social, Education & Health

ဒုတိယမြောက် ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရမှု တွေ့ရှိကြောင်း တရုတ် အတည်ပြု

အေးဒီးစ်ခြင် ဖြစ်လာမည့် ပိုးလောက်လန်းကို ဓာတ်ခွဲခန်း တစ်ခုတွင် စမ်းသပ် စစ်ဆေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ဇီကာ ဗိုင်းရပ်စ် တွေ့ရှိကြောင်း ကြေညာအပြီး ခြောက်ရက်အကြာ ဒုတိယမြောက် ဇီကာဗိုင်းရပ်စ် ပိုး ကူးစက် ခံထားရသည့် လူနာအား တွေ့ရှိကြောင်း အရည်အသွေး ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းနှင့် ကူးစက်မှုမှ ကာကွယ်ခြင်း ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး (AQSIQ) အဖွဲ့က အတည်ပြု ပြောကြားလိုက်သည်။

ကွမ်ဒေါင်း ပြည်နယ် ဆိုင်ရာ AQSIQ အဖွဲ့ခွဲက ကွမ်ကျိုး ဘိုင်ရန် (Guangzhou Baiyun) အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ဖျားနေသည့် ခရီးသည် တစ်ဦးအား ဖေဖော်ဝါရီလ ၁၂ ရက်က တွေ့ရှိခဲ့ပြီး တရုတ်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက ဇီကာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၅ ရက်က အတည်ပြု ပြောကြားလိုက်သည်။

ယင်းလူနာမှာ တရုတ်နိုင်ငံ ကွမ်ကျိုးသို့ ပြန်မလာမီ နယ်သာလန်နှင့် ရုရှားတို့မှတဆင့် ဗင်နီဇွဲလားနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း AQSIQ က ထုတ်ပြန်ချက်၌ ပြောခဲ့သည်။

အသက် ၂၈ နှစ်အရွယ် ရောဂါပိုး ကူးစက် ခံရသူမှာ လက်ရှိအချိန်တွင် ပုံမှန် ကိုယ်ပူချိန်သို့ ရောက်ရှိကာ ပြန်လည် ကောင်းမွန်သည့် လက္ခဏာများ ပြနေကြောင်း အမျိုးသား ကျန်းမာရေးနှင့် မိသားစု စီမံကိန်း ကော်မရှင် (NHFPC) က ဖေဖော်ဝါရီလ ၁၅ ရက်နှောင်းပိုင်းတွင် ပြောခဲ့သည်။

တရုတ်နိုင်ငံ၏ ပထမဆုံး ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူမှာ ပြန်လည် ကောင်းမွန်လာသဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်က ဆေးရုံမှ ဆင်းသွားပြီ ဖြစ်သည်။

ရောဂါ ကာကွယ်ရေး ကျွမ်းကျင်သူများက ရောဂါ အချိန်မီ ထိန်းသိမ်းနိုင်သည့် အခြေအနေများကြောင့် ရောဂါ အန္တရာယ်ရှိနိုင်ခြေ ပျံ့နှံ့မှု လျော့ကျနိုင်ကြောင်းနှင့် ထိုသို့ ကိုယ်ပူချိန် ကျဆင်းနေချိန်၌ ခြင်ကတဆင့် ကူးစက်နိုင်ခြေ မရှိနိုင်ကြောင်း ပြောသည်။

ဇီကာ ဗိုင်းရပ်စ်မှ ခြင်ကိုက်ရာမှ တဆင့် လူသို့ ကူးစက်ခြင်း ဖြစ်ပြီး ရောဂါ လက္ခဏာများမှာ ဖျားခြင်း၊ အဆစ် အမြစ် နာခြင်း၊ အင်ပျဉ်ထွက်ခြင်း၊ မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကြွက်သားနာကျင်ခြင်း စသည်တို့ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.