Connect with us

Social, Education & Health

မျိုးသုဉ်းနေသည့် ဆေးဘက်ဝင်အပင်အား ဟိမဝန္တာတောင်တန်း အရှေ့ပိုင်းတွင် ရှာဖွေတွေ့ရှိ

မျိုးသုဉ်းနေသည့် ဆေးဘက်ဝင်အပင်များ တွေ့ရှိခဲ့သည့် Hengduan တောင်တန်း (ဓာတ်ပုံ- အင်တာနက်)

ကူမင်း၊ မေ ၁၈ ရက် (ဆင်ဟွာ)

မျိုးသုဉ်းသွားပြီဟု ယူဆထားသော ဆေးဘက်ဝင်အပင် Pedicularis humilis အား တရုတ် ရုက္ခဗေဒပညာ ရှင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

Pedicularis humilis အပင်အား တရုတ်နိုင်ငံ အရှေ့တောင်ဘက်ရှိ ဟိမဝန္တာတောင်တန်း အရှေ့ဘက်ရှိ Hengduan တောင်၌ တွေ့ရလေ့ရှိသည်။ တိမ်ကောသွားသည့် စာရင်းသွင်းထားသည့် ယင်း မျိုးစိတ်အား ၁၉၁၃ ခုနှစ်တွင် ဧဒင်ဘာ့ခ် ရွိုင်ရွယ် ရုက္ခဗေဒ ဥယျာဉ်မှ ဂျော့ရှ် ဖောရက်စ်က တစ်ကြိမ်သာ တွေ့ရှိခဲ့ကြောင်း တရုတ် နိုင်ငံ Sciences Kunming botany Institute တက္ကသိုလ်မှ Li Rong က ပြောသည်။
Hengduan တောင်၏ တောင်စွယ် တစ်ခုဖြစ်သော Gaoligong တောင်ရှိ ပင်လယ်ရေ မျက်နှာပြင်အထက် မီတာ ၃,၂၀၀ အမြင့် အယ်လ်ပိုင်း မြက်ခင်းပြင်၌ မတူညီသော နေရာသုံးခုတွင် အပင်ပေါင်း ၃၀၀ ခန့် ရှာဖွေ တွေ့ရှိခဲ့ကြောင်း လီက ပြောသည်။
ထိုသို့ တွေ့ရှိချက်အား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ခြင်းဆိုင်ရာ နိုင်ငံတကာ ဂျာနယ် “Oryx” ၌ ထုတ်ပြန်ထားခြင်း ဖြစ်သည်။
လူဦးရေ နည်းပါးခြင်းနှင့် လူသားများ ကျူးကျော် ဝင်ရောက်ခြင်း စသည်တို့ကြောင့် အဆိုပါ အပင်မျိုးစိတ်များ မျိုးသုဉ်းမှု ဖြစ်စေရန် ခြိမ်းခြောက်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.