Connect with us

Social, Education & Health

ဖိလစ်ပိုင်တောင်ပိုင်းတွင် ဖြစ်ပွားသည့် ပေါက်ကွဲမှုများအပေါ် တရုတ်သမ္မတရှီမှ ဖီလစ်ပိုင်သမ္မတဒူတာတေးထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

ဖိလစ်ပိုင်တောင်ပိုင်းတွင် ဖြစ်ပွားသည့် ပေါက်ကွဲမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

တရုတ်သမ္မတရှီကျင့်ဖိန်သည် ဖိလစ်ပိုင်တောင်ပိုင်းတွင် ဖြစ်ပွားသည့် ပေါက်ကွဲမှုများ နှင့် ပတ်သက်၍ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပေးပို့ခဲ့သည်။

ပြင်းထန်သည့် ဗုံးခွဲတိုက်ခိုက်မှုနှစ်ခု ကြောင့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ ဆူလူပြည်နယ် ဂျိုလိုမြို့ ရှိ ရိုမန်ကတ်သလစ်ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်ပေါက်အနီး ၌ ဖြစ်ပွားခဲ့သည့် ထိခိုက်သေဆုံးမှုများကြောင့် သမ္မတရှီအနေဖြင့် အလွန်တုန်လှုပ်ခဲ့ရကြောင်း ၎င်းသဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံရှိပြည်သူများအနေဖြင့် သေဆုံးသွားသူများ နှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက် ၎င်းတို့၏ မိသားစုများနှင့် ထပ်တူနက်ရှိုင်းစွာ ဝမ်းနည်းမိကြောင်းသဝဏ်လွှာတွင် ပါရှိသည်။

အကြမ်းဖက်မှုများအားလုံးကို တရုတ်နိုင်ငံအနေဖြင့် ကန့်ကွက်ကြောင်း သံန္နိဋ္ဌာန်ချထားကြောင်း နှင့် အကြမ်းဖက်ခံရသည့် အပြစ်မဲ့သည့် ပြည်သူများအတွက် အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချကြောင်း သမ္မတရှီက ဆိုသည်။

နိုင်ငံတကာ နှင့်ဒေသတွင်းငြိမ်းချမ်းမှုကို ထိန်းသိမ်းရန် အကြမ်းဖက်မှုများ ကို တရုတ်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံအပါအဝင် အခြားနိုင်ငံများ ၊နိုင်ငံတကာလူမှုအဖွဲ့အစည်းများနှင့် အတူတကွ တိုက်ခိုက်ရန် ဆန္ဒရှိကြောင်း သမ္မတရှီကဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.