Connect with us

Social, Education & Health

၂၀၂၀ ခုနှစ်တွင် တရုတ်နိုင်ငံ၌ သက်ကြီးရွယ်အို လူဦးရေ ၂၅၅ သန်း ရှိလာမည်

တရုတ်နိုင်ငံရှိ သက်ကြီးစောင့်ရှောက်ရေး ဂေဟာ တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အို လူဦးရေသည် ၂၀၂၀ ခုနှစ်တွင် ၂၅၅ သန်းအထိ ရောက်ရှိလာနိုင်မည်ဟု မျှော်လင့်ထားကြောင်း နိုင်ငံတော် ကောင်စီ စီမံကိန်း တစ်ရပ်အရ သိရသည်။

၂၀၂၀ ခုနှစ်တွင် သက်ကြီးရွယ်အို နိုင်ငံသားဦးရေသည် စုစုပေါင်း လူဦးရေ၏ ၁၇.၈ ရာခိုင်နှုန်း ရှိလာနိုင်ကြောင်း၊ အသက် ၈၀ နှစ်နှင့် အထက် လူဦးရေသည်လည်း ၂၉ သန်းအထိ ရှိလာနိုင်ကြောင်း ၁၃ ကြိမ်မြောက် ငါးနှစ်တာ စီမံကိန်း (၂၀၁၆-၂၀၂၀) ကာလအတွင်း သက်ကြီးရွယ်အို တိုးတက်မှု စီမံကိန်း၌ ဖော်ပြထားသည်။

ယင်း စီမံကိန်းအရ တရုတ်နိုင်ငံသည် လူမှုရေးဆိုင်ရာ လုံခြုံမှု စနစ် တိုးတက်လာခြင်းဖြင့် သက်ကြီး စောင့်ရှောက်ရေး ဝန်ဆောင်မှုများအား အစိုးရနှင့် ဈေးကွက် လုပ်ဆောင်ချက်များ ပိုမို စီစဉ်ပေးရမည် ဖြစ်သည်။

“ဒီစီမံကိန်းဟာ လာမဲ့ နှစ် ၃၀ အတွင်း သက်ကြီးရွယ်အို အသိုင်းအဝိုင်းက ရင်ဆိုင်ကြုံတွေ့ရနိုင်မဲ့ စိန်ခေါ်မှုတွေအတွက် သဘောတူညီချက် တစ်ခု ဖြစ်လာနိုင်ပြီး နိုင်ငံရဲ့ သက်ကြီးစောင့်ရှောက်မှု တိုးတက်ရေးအတွက် အဆင့်မြင့် မူဝါဒ အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ပီကင်း တက္ကသိုလ် ပါမောက္ခ လူကျဲ့ဟွာက ပြောကြားခဲ့သည်။

ကျေးလက်ဒေသတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဝန်ဆောင်မှုများမှာ ကြီးမားသော စိန်ခေါ်မှုများ ရှိနေခြင်း စသည့် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး မညီမျှမှုကဲ့သို့သော ပြဿနာများအား လူက အလေးထား ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် သက်ကြီးရွယ်အိုများအတွက် ဘိုးဘွား ရိပ်သာ၌ အိပ်ရာများ ဖြည့်တင်းပေးခြင်း ၂၀၁၀-၂၀၁၅ ရည်မှန်းချက်အား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သော်လည်း ထက်ဝက်ခန့်မှာ လုံးဝ မရရှိသေးကြောင်း တရုတ်နိုင်ငံ ကျန်းမာရေးနှင့် သက်ကြီး စောင့်ရှောက်မှု လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု၏ အထွေထွေ အတွင်းရေးမှူး ကျန်းဟောင်ဝေ့က ပြောကြားခဲ့သည်။

ထို့ပြင် လူကလည်း သက်ကြီးရွယ်အိုဆိုင်ရာ မူဝါဒများသည် အမျိုးသား အဆင့်အထိ မြှင့်တင်သင့်ကြောင်းနှင့် အစိုးရအနေဖြင့် ပိုမို အားထုတ်လုပ်ဆောင်သင့်ကြောင်း အကြံပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.