Connect with us

Social, Education & Health

ဆီးချိုရောဂါကု ဆေးဝါးများက ရင်သားကင်ဆာကို ပျောက်ကင်းစေနိုင်ဟုဆို

ဆီးချိုရောဂါကု ဆေးဝါးများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟန်ကျိုး၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ဆီးချိုရောဂါကုသရာတွင် အသုံးပြုသော ဆေးဝါးများက ရင်သားကင်ဆာ ဖြစ်ပွားမှုအား ထိရောက်စွာ တိုက်ဖျက်ပေးနိုင်ကြောင်းကို တရုတ်နိုင်ငံမှ သုတေသီများက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

နှစ်စဉ် တရုတ်နိုင်ငံတွင် ရင်သား ကင်ဆာကြောင့် သေဆုံးသူ ၇၀,၀၀၀ ဦးကျော် ရှိကြောင်း အမျိုးသား ကင်ဆာ စင်တာထံမှ သိရသည်။

ရင်သားကင်ဆာ အမျိုးအစား လေးမျိုးအနက် Triple-negative ရင်သားကင်ဆာ အမျိုးအစားက လူ တစ်ဦးချင်းစီကို ပိုပြီးအန္တရာယ်ပေးနိုင်ကြောင်း ကျဲ့ကျန်း ဆေးတက္ကသိုလ်မှ ပရော်ဖက်ဆာ Dong Chenfang က ပြောသည်။ ယင်း အမျိုးအစားသည် ဦးနှောက်နှင့် အဆုတ်များသို့ လျင်မြန်စွာ ပျံ့နှံ့ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါ ရင်သားကင်ဆာ ပုံစံအတွက် ရောဂါကုထုံးအဖြစ် ထိရောက်စွာ ကုသရန် ရည်ရွယ်ထားခြင်း မဟုတ်ကြောင်း Dong ၏ ပြောကြားချက်အရ သိရသည်။

Dong နှင့် လုပ်ဖော်ကိုင်ဖက်များက AKR1B1 ဟု အမည်ရှိသော ဇီဝဆိုင်ရာ အင်ဇိုင်းဓာတ်သည် Triple-negativs ရင်သားကင်ဆာတွင် ဆဲလ်များနှင့် ကင်ဆာဆဲလ် ပျံ့နှံ့နှုန်းနှင့် အသက်ရှင်မည့် အချိန် လျော့န ည်းမှုနှုန်းများ စသည်တို့အတွက် သိသာထင်ရှားစွာ မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။

ဆီးချိုရောဂါများ ကုသရန်အတွက် ဂျပန်နိုင်ငံက ခွင့်ပြုထားသည့် Epalrestat ဆေးဝါးသည် AKR1B1 ကင်ဆာဆဲလ်များ ကြီးထွား ပျံ့နှံ့မှုအား ဟန့်တားနိုင်ကြောင်း သုတေသီများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယခု တွေ့ရှိချက်မှာ သုတေသနပြုဆဲ အဆင့်သာရှိသေးကြောင်း၊ Epalrestat ဆေးဝါးကိုလည်း မည်သို့မည်ပုံ အသုံးပြုနိုင်ရန် အခြား စမ်းသပ်မှုများအတွက် လိုအပ်နေဆဲ ဖြစ်ကြောင်း Dong က ပြောကြားခဲ့သည်။

ယခုကဲ့သို့ သုတေသန တွေ့ရှိချက် အပြည့်အစုံအား မတ်လ ၇ ရက်နေ့ထုတ် Experimental Medicine ဂျာနယ်တွင် ဖော်ပြထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.