Connect with us

Social, Education & Health

တရုတ်-မြန်မာ မီဒီယာများ နွေဦး နှစ်သစ်ကူး လက်ဖက်ရည်ကြမ်း စကားဝိုင်း ကျင်းပ


ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ ယဉ်ကျေးမှု ရက်သတ္တပတ်၏ အစီအစဉ် တစ်ရပ် အနေဖြင့် တရုတ်-မြန်မာ မီဒီယာများ နွေဦး နှစ်သစ်ကူး လက်ဖက်ရည်ကြမ်း စကားဝိုင်းအား ယနေ့ဇန်နဝါရီ ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှု စင်တာ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်-မြန်မာ မီဒီယာများ နွေဦး နှစ်သစ်ကူး လက်ဖက်ရည်ကြမ်း စကားဝိုင်းအား “ယူနန်လက်ဖက် ရေနွေး ကြမ်းကို အတူ သုံးဆောင် ခံစားရင်း တရုတ်-မြန်မာသံယောဇဉ်ကို အတူဖော်ပြ” ဆိုသည့် အဓိက ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ရာ တရုတ်-မြန်မာ မီဒီယာများ ဖြစ်ကြသည့် ယူနန်နေ့စဉ်သတင်းစာ ၊ မြန်မာ့သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဖြစ်သူ လျှပ်တပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင် ၊ ရွှေဇာမဏီ တရုတ် သတင်း ဂျာနယ် ၊ တရုတ်နိုင်ငံ CCTV ရုပ်သံ ရန်ကုန် ရုံးခွဲ တာဝန်ခံ ၊ ယူနန် ပြည်နယ် ပြည်သူ့ ပုံနှိပ် ထုတ်ဝေရေး ဌာန ၊ ရန်ကုန်တိုင်းမ် သတင်းဂျာနယ် ၊ ဒီမိုကရေစီတူဒေး သတင်းစာ ၊ Sky Net ရုပ်သံဌာန တို့မှ အသီးသီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်-မြန်မာ မီဒီယာများ နွေဦး နှစ်သစ်ကူး လက်ဖက်ရည်ကြမ်း စကားဝိုင်း ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ မီဒီယာများ နွေဦး နှစ်သစ်ကူး လက်ဖက်ရည်ကြမ်း စကားဝိုင်း ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ မီဒီယာများ နွေဦး နှစ်သစ်ကူး လက်ဖက်ရည်ကြမ်း စကားဝိုင်း ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ထိုစကားဝိုင်းတွင် ယူနန်နေ့စဉ်သတင်းစာအဖွဲ့ ဥက္ကဋ္ဌ ရှီထီယွိ က မီဒီယာ အကြား အကျိုးရှိရှိ နှီးနှော ဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှုများသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု၏ ချစ်ကြည်ရေးကို ပိုမို နက်ရှိုင်းစေနိုင်မည် ဖြစ်ကြောင်း ၊ ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ် ကဏ္ဍများကို ဆက်လက်ပြီး တိုးချဲ့စေလိုပါကြောင်း ၊ ယခုအချိန်တွင် မိမိတို့အနေဖြင့် မြန်မာ မီဒီယာ အပေါင်းအသင်း များနှင့် အတူ New Media နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး နှင့် လက်တွေ့ လုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေးကို ကြိုးပမ်း ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စကားဝိုင်းတွင် ဖူအလ် လက်ဖက်စိမ်း (Raw Tea) လက်ဖက်ရည်ဖျော် အနုပညာ ၊ ဖူအလ် လက်ဖက် အကျက် ( Fermented Tea) လက်ဖက်ရည်ဖျော် အနုပညာ ၊ တျိန်းလက်ဖက်ခြောက်နီ ဖျော်နည်းအနုပညာတို့ကို တင်ဆက် ပြသ ဧည့်ခံမှုများ ပြုလုပ်ခဲ့သည်။

မြန်မာ့သတင်းစာဆရာအသင်း ဥက္ကဋ္ဌ လျှပ်တပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင် က “ဒီစကားဝိုင်းကနေ တရုတ်-မြန်မာ ချစ်ကြည်ရေးကို ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။မြန်မာ-တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေးမြင့်မားလာခြင်းဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံ ပြည်သူများ ယုံကြည်ရင်းနှီးမှုကို ထူထောင်နိုင်ကြလိမ့်မယ်၊ နားလည်မှုတွေ ပိုမိုပွင့်လင်းလာမယ်လို့ မျှော်လင့်ပါတယ်။”ဟု စကားဝိုင်းတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရွှေဇာမဏီ တရုတ် သတင်း ဂျာနယ်၏ အထွေထွေ မန်နေဂျာ ဒေါ်ချိုသက်ထွန်းက ယနေ့News Media ခေတ်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကို မည်ကဲ့သို့မြှင့်တင်မည် ဆိုသည့် ခေါင်းစဉ်ဖြင့် ၎င်း၏ တွေးခေါ်ယူဆချက်များအား တင်ပြ ဆွေးနွေးခဲ့ပြီး တရုတ်နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုဖြင့် မြန်မာနိုင်ငံ ပိုမို ဖွံ့ဖြိုး တိုးတက် လာစေရေး ၊ ပြည်သူများ၏ ဘ၀ အနာဂတ် ပို၍ တိုးတက်အောင် ဖန်တီး ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးသည် နှစ်နိုင်ငံ ပြည်သူ အချင်းချင်း ဆက်ဆံရေး အပြန်အလှန် နားလည်မှု ရှိရန် အဓိက လိုအပ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ CCTV ရုပ်သံ ရန်ကုန် ရုံးခွဲ တာဝန်ခံ သတင်းထောက် ဝမ်ယွဲ့ကျိုး က “တရုတ်နဲ့ မြန်မာ ယဉ်ကျေးမှု နှစ်ခုဟာ နီးစပ်မှု ရှိတဲ့ ယဉ်ကျေးမှုတွေ ဖြစ်ပါတယ်။ သို့သော်လည်းပဲ နီးစပ်လေ အနုစိတ်မှာ ကွာခြားချက်တွေရှိနေပါတယ် ။ ဒါကြောင့်လဲ အမြင်လွဲမှုတွေ ကွာဟမှုတွေ ဖြစ်တတ်ပါတယ်။”ဟု စကားဝိုင်းတွင် ဆွေးနွေး တင်ပြခဲ့သည်။

ယူနန်ပြည်နယ်ပြည်သူ့ပုံနှိပ်ထုတ်ဝေရေးဌာန ဥက္ကဋ္ဌ ကျောက်စီသင့် က “တရုတ်-မြန်မာ ဆက်ဆံရေးအား တစ်ဆင့်တက် တိုးတက်မှုကိုရရှိစေပါတယ်။ နိုင်ငံချင်း အပြန် အလှန်ဆက်ဆံရေးဟာ နှစ်နိုင်ငံပြည်သူ များ၏ ချစ်ကြည် ရင်းနှီးမှုပေါ်တွင် တည်မှီပြီး နှစ်နိုင်ငံ ပြည်သူများ၏ဆက်ဆံရေးဟာ နှလုံးသားချင်း ဆက်သွယ်မှု ပေါ်တွင် တည်မှီပါတယ်။”ဟု စကားဝိုင်းတွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းမ် သတင်းဂျာနယ်၏ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်ဝင်းခိုင်က “နှစ်နိုင်ငံ သတင်းသမားများ အနေဖြင့် နှစ်ဖက် အကျိုးစီးပွား ထိခိုက် စေသည့် မည်သည့် အခြေအနေ မဆို စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ပြီး မှန်ကန်သောသတင်းအချက်အလက်များကို ကျင့်ဝတ်နှင့်အညီ ပြည်သူများနှင့်ကမ္ဘာသို့ အချိန်မီ တင်ပြသွားရမည်။နိုင်ငံတွင်း နှစ်ဖက်ပြည်သူများ ပိုမိုရင်းနှီးချစ်ကြည်၊ အပြန်အလှန်နားလည်စေရေးအတွက် ရပ်ဝန်း တစ်ခု လမ်းကြောင်းတစ်သွယ် အဆိုပြုချက်နှင့်အညီ နှစ်ဖက်မီဒီယာများက ဝိုင်းဝန်းကြိုးပမ်းသွားကြ ရမည်။”ဟု စကားဝိုင်းတွင် ဆွေးနွေးခဲ့သည်။

ဒီမိုကရေစီတူဒေး သတင်းစာ အယ်ဒီတာချုပ် ဦးလှိုင်ဝင်းက တရုတ် – မြန်မာ မီဒီယာ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုသည် ယခင် နှစ်ကာလ တည်းက ရှိခဲ့ကြောင်း ၊ နောင်တွင်လည်း ယူနန်ပြည်နယ် သတင်းစာ ၊ မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်ရန် ရှိလာမည် ဖြစ်ကြောင်း ၊ ထိုကဲ့သို့ တရုတ် မီဒီယာများ နှင့် မြန်မာမီဒီယာများ အထူးသဖြင့် မြန်မာ ပုဂ္ဂလိက သတင်းစာများ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဆိုသည်မှာ မြန်မာ ပုဂ္ဂလိက သတင်းစာများ အားကောင်းရန် ၊ ရေရှည် တည်တံ့ရန် လိုကြောင်း စကားဝိုင်းတွင် ထည့်သွင်း ဆွေးနွေးခဲ့သည်။

Sky Net ရုပ်သံဌာန Head of News Gathering ဦးထက်အောင်ကျော်က “ မြန်မာနဲ့တရုတ်အကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုမှာ မီဒီယာတွေက အများကြီးကူညီနိုင်ပါတယ်။”ဟု စကားဝိုင်းတွင် ထည့်သွင်း ဆွေးနွေးခဲ့သည်။

တရုတ်-မြန်မာ မီဒီယာများ နွေဦး နှစ်သစ်ကူး လက်ဖက်ရည်ကြမ်း စကားဝိုင်းတွင် ယူနန် နေ့စဉ် သတင်းစာ အဖွဲ့မှ မြန်မာစာ Facebook စတင် အွန်လိုင်းတင်ခြင်း ကြေညာခြင်း ၊ ယူနန် ပြည်နယ် ပြည်သူ့ပုံနှိပ် ထုတ်ဝေရေး အုပ်စုမှ တရုတ်မြန်မာ အဘိဓာန် ကု ပထမဆုံး အကြိမ် ဖြန့်ချိ ထုတ်ဝေခြင်း ၊ ယူနန် နေ့စဉ် သတင်းစာ အဖွဲ့ နှင့် Myanmar News Network Company Limited တို့နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း ၊ ယူနန် ပြည်နယ် ပြည်သူ့ပုံနှိပ် ထုတ်ဝေရေး ဌာန နှင့် မြန်မာနိုင်ငံ ရွှေဇာမဏီ တရုတ် သတင်း ဂျာနယ် တို့အကြား ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ သဘောတူ စာချုပ် ချုပ်ဆိုခြင်းများကို ထည့်သွင်း ကျင်းပ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ပါတီ ကော်မတီ အမြဲတမ်း ကော်မတီဝင် ၊ ပြည်နယ်သတင်းပြန်ကြားရေး ဝန်ကြီး ကျောက်ကျင်း နှင့် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးနှင့် တရုတ် နှင့် မြန်မာ အစိုးရအရာရှိများ ၊ ယူနန် နေ့စဉ် သတင်းစာ အဖွဲ့ ဥက္ကဋ္ဌ ရှီထီယွိ၊ ယူနန်ပုံနှိပ်ထုတ်ဝေရေးအုပ်စု ဥက္ကဋ္ဌ လီဝေတို့သည် စတင်ဖွင့်လှစ်ခြင်း ဖန်လုံးနှိပ်ပြီး မြန်မာဘာသာ Facebook အကောင့် “ရှုဖွယ်စုံလင် ယူနန်တခွင်”အွန်လိုင်း စတင်ခြင်းကို ကြေညာပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.