Connect with us

Social, Education & Health

သမ္မတရှီကျင့်ဖိန်က COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက် ၇ ရပ်အား ပြောကြား

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၃ ရက်က ပေကျင်းမြို့၌ ကျင်းပစဉ်(ဆင်ဟွာ)

 ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) 

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၃ ရက်က ပေကျင်းမြို့၌ ကျင်းပရာ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ၊ သမ္မတ ရှီကျင့်ဖိန်တက်ရောက်၍ အရေးကြီးမိန့်ခွန်းစကား ပြောကြားခဲ့သည်။

သမ္မတရှီက ယခုဖြစ်ပွားသည့် COVID-19 ရောဂါဖြစ်ပွားမှုသည် တရုတ်နိုင်ငံတော်သစ် တည်ထောင်ပြီးကာလများနောက်ပိုင်း မိမိတို့နိုင်ငံတွင် ဖြစ်ပွားသော ကူးစက်မှုအမြန်ဆုံးနှင့် အကျယ်ပြန့်ဆုံး ၊ကာကွယ်ထိန်းချုပ်ရန် အခက်ခဲဆုံး ရုတ်တရက်ဖြစ်ပွားသည့် ပြည်သူ့ကျန်းမာရေး အရေးကိစ္စဖြစ်ကြောင်း ၊ မိမိတို့အတွက် ၎င်းမှာ အကျပ်အတည်းတစ်ခုဖြစ်သလို စမ်းသပ်မှုကြီးတစ်ခုလည်းဖြစ်ကြောင်း ၊ ပင်ပန်းခက်ခဲစွာ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် လက်ရှိတွင်  ရောဂါ ကာကွယ်ထိန်းချုပ်ရေးသည် အပြုသဘောဆောင်သည့် အခြေအနေသို့ ပြောင်းလဲလာပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်တွေ့သက်သေအနေဖြင့်  ပါတီဗဟိုကော်မတီက ရောဂါ အခြေအနေအပေါ် ဆုံးဖြတ်မှုသည် မှန်ကန်ကာ လုပ်ငန်းကဏ္ဍအသီးသီး၏စီမံခန့်ခွဲမှုမှာ အချိန်မီပြီး ဆောင်ရွက်ချက်များကလည်း အားကောင်းထိရောက်သည်ကို ပြသလျက်ရှိကြောင်း ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်မှုရှိခြင်းသည် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှု နှင့် တရုတ်ဝိသေသလက္ခဏာ ဆောင်သည့် ဆိုရှယ်လစ်စနစ်၏ အားသာချက်ကို ပေါ်လွင်စေကြောင်း သမ္မတရှီကပြောကြားခဲ့သည်။ 

ဆောင်ရွက်ချက်များကို အပြည့်အဝအသိမှတ်ပြုသည့်တစ်ချိန်တည်းမှာပင် ပါတီကော်မတီနှင့် အစိုးရအလွှာအသီးသီးက သတိလက်လွှတ်မပြုကြဘဲ သတိကြီးစွာဖြင့်  ဇွဲ့လုံလမလျှော့ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ထောင့်စေ့ဆောင်ရွက်သွားရမည်ဖြစ်ရာ အပြည့်အဝ အောင်နိုင်မှုမရှိပါက အောင်မြင်မှုရသည်ဟု အလွယ်တကူ ဆို၍မရကြောင်း ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးတွင် သမ္မတရှီက ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ညွှန်ကြားချက် ၇ ရပ် အဆိုပြုခဲ့ကြောင်း သိရသည်။အဆိုပါညွှန်ကြားချက် ၇ ရပ်မှာ(၁) ဟူပေကာကွယ်ရေး၊ ဝူဟန့်ကာကွယ်ရေးစစ်ပွဲကို အနိုင်ရအောင် ခိုင်မာစွာ ဆောင်ရွက်ရမည် ဖြစ်သည်။ မြို့ပြကျေးလက်လူနေရပ်ကွပ်များ၏ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါဝေဒနာရှင် များ၏ဆေးကုသမှု ကဏ္ဍနှစ်ရပ်ကို ဖိဖိစီးစီး ဆောင်ရွက်သွားကာ ရောဂါပြန့်ပွားမှုကို တားဆီး ကာကွယ်ရမည်ဖြစ်ပြီး ကာကွယ်ထိန်းချုပ်မှုအားနည်းသည့် နေရာဒေသများကို အားဖြည့် ဆောင်ရွက်ကာ လက်ခံကုသမှုနှင့်ကုသပျောက်ကင်းမှုနှုန်းကို တိုးမြှင့်အောင်၊ ကူးစက်မှုနှင့် သေဆုံးမှုနှုန်းကို ကျဆင်းအောင် ဆောင်ရွက်ရမည်ဖြစ်သည်။  

(၂) ပေကျင်းမြို့၏ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဘက်စုံအားသွန်ဆောင်ရွက်ထားရမည်ဖြစ်သည်။ ရောဂါဝင်ရောက်နိုင်မှု၊ မြို့တွင်းရောဂါပြန့်ပွားနိုင်မှု ဖြစ်နိုင်ခြေကွင်းဆက်ကို မိမိရရ ခိုင်မာစွာ တားဆီးကာကွယ်ဆောင်ရွက်ရမည်ဖြစ်ပြီး  ပေကျင်း၊ထျန်းကျင်း၊ဟဲပေဒေသများတွင် ပူးတွဲ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်သည်။

(၃) ဆေးကုသရေးအင်အားနှင့် အရေးကြီး ကုန်ပစ္စည်းများကို သိပံ္ပနည်းကျ စနစ်တကျ စီမံခန့်ခွဲ ရမည်ဖြစ်သည်။ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများကို ဂရုစိုက် စောင့်ရှောက်ရမည်ဖြစ်ရာ ရောဂါကာကွယ်ရေးပစ္စည်းများ၊ လူနေမှုအထောက်အပံ့ပစ္စည်းများကို အာမခံမှုရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ဆေးရုံကူးစက်မှုကို တားဆီးကာကွယ်ရန် ကျန်းမာရေး ဝန်ထမ်းများ၏ ရောဂါကာကွယ်ရေးကဏ္ဍကို မှန်ကန်တိကျသင့်လျော်စွာ လက်တွေ့တိုးမြှင့် ဆောင်ရွက်ရမည်ဖြစ်သည်။ ဈေးကွက်ပံ့ပိုးမှုလိုအပ်ချက်အခြေအနေကို အနီးကပ်စောင့်ကြည့်ကာ ဟင်းသီးဟင်းရွက်နှင့်မွေးမြူရေးထုတ်လုပ်မှုကို စနစ်တကျ ဖွဲ့စည်းလုပ်ဆောင်၍ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးများကို အဆင်ပြေလွယ်ကူအောင် ဆောင်ရွက်ပေးရမည်။  

(၄) သိပံ္ပနည်းပညာ သုတေသနများကို အရှိန်မြှင့်တင် ဆောင်ရွက်ကာ ရောဂါတိုက်ဖျက်ရမည် ဖြစ်သည်။  ဆေးဝါးနှင့် ကာကွယ်ဆေးဖော်ထုတ်ရန် ဘာသာရပ်ကဏ္ဍစုံ အင်အားကို စုပေါင်းကာ သုတေသနပြုဆောင်ရွက်ရမည်ဖြစ်ပြီး ထိရောက်သည့် ကုထုံးကုနည်းများကို  အချိန်နှင့်အညီ ကျယ်ပြန့်စွာဆောင်ရွက်ရမည်ဖြစ်သည်။

(၅) နိုင်ငံတကာ၊ဒေသများနှင့် လက်တွဲပူးပေါင်းမှုကို ကျယ်ပြန့်စွာ ဆောင်ရွက်ရမည်ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲချုပ်နှင့် အစဉ်တစိုက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံများနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွေ့အကြုံများကို မျှဝေကာ ဗိုင်းရပ်စ်ပိုးသတ်ဆေးနှင့် ကာကွယ်ဆေး ထုတ်လုပ်ရန် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရမည် ဖြစ်သည်။ 

(၆) သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းများကို ထိရောက်စွာ တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်သည်။ ဒေသအသီးသီး၏ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အတွေ့အကြုံနှင့်နည်းလမ်းကောင်းများ ကို ထဲထဲဝင်ဝင် ရေးသား ဖော်ပြရမည်ဖြစ်သလို ရောဂါအခြေအနေ သတင်းထုတ်ပြန်မှုများကို ပြည့်စုံအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ ရောဂါတိုက်ဖျက်ရေး ရှေ့တန်းတွင် တာဝန်ထမ်းဆောင် နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၏ အကြောင်းအရာများနှင့် လူမှုအဖွဲ့အစည်း အာရုံစိုက်အလေးထားကြသည့်အကြောင်းအရာများကို ရေးသားထုတ်ပြန်ရမည် ဖြစ်သည်။

(၇) လူမှုအသိုက်အဝန်းတည်ငြိမ်အေးချမ်းမှုရှိစေရန် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ် သည်။ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ဖြစ်လာနိုင်မည့် ပြသာနာ အခက်အခဲများ ကို အချိန်မီဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပြီး ဆေးကုသရေး ၊ ရောဂါကာကွယ်ရေး၊ ဈေးကွက်နှင့် လူမှုအသိုက်အဝန်းအား အနှောက်အယှက်ဖြစ်စေသည့် တရားဥပဒေကို ချိုးဖောက်သည့် လုပ်ဆောင်ချက်များအား ဥပဒေနှင့်အညီ တင်းကြပ်စွာ အရေးယူဆောင်ရွက်ရမည်ဖြစ်သည်။ 

အဆိုပါ အစည်းအဝေးကို တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး  တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်များ၊ ဗဟိုအတွင်းရေးမှူးရုံး အတွင်းရေးမှူးများ၊ နိုင်ငံတော်ကောင်စီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117