Connect with us

Social, Education & Health

တရုတ်နိုင်ငံ၌ နေ့စဉ် ရောဂါ ပြန်လည်ကောင်းမွန်လာသည့် လူနာအရေအတွက်သည် ရောဂါကူးစက်ခံရသော လူနာသစ် အရေအတွက်ထက်  ၆ ရက်ဆက်တိုက် ပိုမိုများပြား

တရုတ်နိုင်ငံ ဟူပေပြည်နယ်၌ ရောဂါ ပြန်လည် သက်သာ ကောင်းမွန်လာ၍ ဆေးရုံမှ ဆင်းခွင့်ရသူ များအား ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ နေ့စဉ် နိုဗယ်လ်ကိုရိုနာ ဗိုင်းရပ်စ် ကုသပျောက်ကင်းသွားသော လူနာ နှင့် ဆေးရုံမှဆင်းခွင့်ရသော လူနာအရေအတွက်သည် ရောဂါကူးစက်ခံရသော လူနာအသစ် အရေအတွက်ထက်  ၆ ရက်ဆက်တိုက် ပိုမိုများပြားခဲ့ကြောင်း အမျိုးသားကျန်းမာရေးကောင်မရှင်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင် ရောဂါ ပြန်လည် သက်သာကောင်းမွန်လာပြီးနောက် ဆေးရုံမှ ဆင်းခွင့်ရသူ ၁,၈၄၆ ဦး ရှိခဲ့ရာ ယင်းနေ့တွင် ရောဂါကူးစက်ခံရသော လူနာအသစ် အရေအတွက် ၄၀၉ ဦးထက် ပိုမို များပြားခဲ့ကြောင်း ကော်မရှင်ထံမှ သိရသည်။ဖေဖော်ဝါရီ ၂၃ ရက် အထိ နိုဗယ်လ်ကိုရိုနာ ဗိုင်းရပ်စ် ရောဂါကူးစက်ခံရသော လူနာ စုစုပေါင်း ၂၄,၇၃၄ ဦးမှာ ပြန်လည် သက်သာ ကောင်းမွန်လာပြီးနောက် ဆေးရုံမှ ဆင်းသွားကြပြီ ဖြစ်ကြောင်း အမျိုးသား ကျန်းမာရေး ကောင်မရှင်ထံမှ သိရသည်။ (Xinhua)