Connect with us

Social, Education & Health

တရုတ်နိုင်ငံ ချိန်တူးမြို့ရှိ ဗိုင်းရပ်စ်ဖြစ်ပွားသည့်ခရိုင်တွင် နေထိုင်သူများအားလုံးကို ရောဂါစစ်ဆေးမည်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၊ ချိန်တူးမြို့၊ Pidu ခရိုင်ရှိ ချိန်တူးခေတ်မီစက်မှုဥယျာဉ်တွင် nucleic acid စစ်ဆေးမှုခံယူနေသူများကို ဒီဇင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချိန်တူးမြို့တွင် ယခုရက်သတ္တပတ်အစောပိုင်းက COVID-19 ဖြစ်ပွားမှုအသစ်များ ပေါ်ထွက်လာခဲ့သည့် Pidu ခရိုင်၌ နေထိုင်သူဒေသခံများအားလုံးကို အခမဲ့ရောဂါစစ်ဆေးပေးမည့် nucleic acid စစ်ဆေးမှုကို ဒီဇင်ဘာ ၁၁ ရက်က စတင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုကို ညနေ ၆:၀၀ နာရီ၌ စတင်ခဲ့ခြင်းဖြစ်ပြီး ရောဂါစစ်ဆေးမှု ကုန်ကျစရိတ်ကို ခရိုင်အစိုးရက ကျခံသွားမည်ဖြစ်ကြောင်း ယင်းခရိုင်၏ COVID-19 ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာနချုပ်က ပြောခဲ့သည်။

ထို့ပြင် Pidu ခရိုင်ရှိ စုပေါင်းအိမ်ရာတစ်ခုကို ဒီဇင်ဘာ ၁၁ ရက် ည ၉:၀၀ နာရီမှစတင်၍ COVID-19 ကူးစက်မှုအန္တရာယ် အလယ်အလတ်အဆင့်ရှိသော ဧရိယာအဖြစ် သတ်မှတ်ခဲ့သည်။

စီချွမ်းပြည်နယ် မြို့တော် ချိန်တူးတွင် မကြာသေးမီက ကူးစက်ရောဂါပြန်လည်ဖြစ်ပွားမှုအတွင်း ဒီဇင်ဘာ ၁၁ ရက် ည ၆:၀၀ နာရီအထိ COVID-19 အတည်ပြုလူနာ ၁၀ ဦးနှင့် ရောဂါလက္ခဏာမပြသူ နှစ်ဦးရှိကြောင်း မြို့တော် ကျန်းမာရေးကော်မရှင် ညွှန်ကြားရေးမှူး Xie Qiang က ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
China’s Chengdu to test all residents in virus-hit district

CHENGDU, Dec. 11 (Xinhua) — Southwest China’s Chengdu launched a nucleic acid testing drive Friday, offering free tests to all residents in the city’s Pidu District, where several new COVID-19 cases have emerged since earlier this week.

The district’s COVID-19 prevention and control headquarters said the drive started at 6 p.m., with testing expenses covered by the district government.
Meanwhile, a residential compound in Pidu District was classified as a medium-risk area for COVID-19 starting from 9 p.m. on Friday.

By 6 p.m. Friday, Chengdu, capital of Sichuan Province, had reported 10 confirmed COVID-19 cases and two asymptomatic cases in the recent emergence of the epidemic, said Xie Qiang, director of the municipal health commission. Enditem