Connect with us

Sport

တရုတ် နိုင်ငံ မှ ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ် ပွဲကြီး အား မဲခွဲဆုံးဖြတ်မှုဖြင့် ကျင့်ပခွင့် ရရှိ

ပေကျင်းမြို့ ဆောင်းရာသီ အိုလံပစ် ကျင်းပရေး ကော်မတီ ဥက္ကဌ ၊ နိုင်ငံတော် ကောင်စီ ဒုတိယ ဝန်ကြီးချုပ် လျိုရန်တုန်း အား အိုလံပစ် ကော်မတီ ဥက္ကဌ မှ လက်မှတ် ပေးအပ် နေစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ)

၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ် ပွဲကြီး ကို တရုတ် နိုင်ငံ ပေကျင်း မြို့တွင် ကျင်းပ မည် ဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် မဲခွဲဆုံးဖြတ်မှု မှ ထောက်ခံမဲ တစ်ဝက်ကျော် ဖြင့် ကျင်းပ ခွင့် ရရှိခဲ့ကြောင်း တရား ဝင်ထုတ်ပြန် လိုက်ပြီး ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ မှ ကော်မတီဝင် ၈၅ ဦးသည် ဇူလိုင်လ ၃၁ ရက်နေ့က မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့တွင် ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ် ပွဲကျင်းပသည့် မြို့ အား ရွေးချယ်ရန် မဲခွဲဆုံးဖြတ် သည့် အခမ်းအနား သို့ တက်ရောက်ခဲ့ကြသည်။

ပေကျင်းမြို့ ဆောင်းရာသီ အိုလံပစ် ကျင်းပရေး ကော်မတီ မှ ကျင်းပခွင့် ရရှိကြောင်း ကြေညာ ခဲ့စဉ် ဝမ်းမြောက် ပျော်ရွှင်နေကြပုံ(ဆင်ဟွာ)

ပေကျင်းမြို့ ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ် logo အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ယခု ပြုလုပ်သည့် မဲခွဲဆုံးဖြတ်မှု တွင် အိုလံပစ် ကော်မတီ မှ တရားမျှတမှု ရှိစေရန် အိုလံပစ် ကျင်းပ ခွင့် လျှောက် ထားသည့် နိုင်ငံ များမှ ကော်မတီ ဝင်များအား မိမိ နိုင်ငံ မှ ကျင်းပ ခွင့် အား ပယ်ချ ပြီးမှ သာ မဲပေး ခွင့် ရရှိမည် ဖြစ်ကြောင်း စည်းကမ်း သတ်မှတ် ခဲ့သည်။ ထိုကြောင့် တရုတ် နိုင်ငံ မှ အိုလံပစ် ကော်မတီ ဝင် ၃ ဦးသည် မဲခွဲဆုံးဖြတ် ခြင်းတွင် ပါဝင်မှု မရှိခဲ့ ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.