Connect with us

INTERNATIONAL ORGANIZATION

ဗဟိုအမေရိကနှင့်တောင်အမေရိကတိုက်တွင် ရောဂါပြန့်ပွားမှုနှုန်း လျင်မြန်လာခြင်းက အထူးစိုးရိမ်ဖွယ်ရှိ  

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမရေးအဖွဲ့ချုပ် အဆောက်အဦအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

ဗဟိုအမေရိကနှင့်တောင်အမေရိကတိုက်နိုင်ငံများတွင် COVID-19 ရောဂါ ပြန့်နှံ့မှုနှုန်း လျင်မြန်လာခြင်းကို စိုးရိမ်ကြောင်း၊  ၎င်းနိုင်ငံများအနေဖြင့် အခြားနိုင်ငံများ၏ အောင်မြင်သည့် အတွေ့အကြုံဗဟုသုတများနှင့်မိမိဒေသရှိအခြေအနေများကို ပေါင်းစပ်ကာ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ဘက်စုံမပြတ်ဆောင်ရွက်သွားရန်အကြံပြုကြောင်း  ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)က ဇွန် ၃ ရက်တွင် ပြောကြားခဲ့သည်။ 

WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ပြီးခဲ့သည့် ၅ ရက်တွင် နိုင်ငံအသီးသီး၏နေ့စဉ်အစီရင်ခံစာများအရ COVID-19 ဖြစ်ပွားမှုသည် ၁ သိန်းကျော်ရှိပြီဖြစ်ပြီး ၎င်းတို့အနက် အမေရိကတိုက်သည် ရောဂါဖြစ်ပွားမှုအများဆုံးဒေသအဖြစ်ဆက်လက်တည်ရှိနေကြောင်း၊ ရက်သတ္တပတ်ပေါင်းများစွာအတွင်း အမေရိကတိုက် ဒေသ၏နေ့စဉ်   အစီရင်ခံစာအရ ရောဂါဖြစ်ပွားမှုပမာဏသည် ကမ္ဘာ့ ကျန်ဒေသများမှ ပေးပို့သော ရောဂါဖြစ်ပွားသူ စုစုပေါင်းအရေအတွက်ထက် ကျော်လွန်နေကြောင်း ယင်းနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခဲ့သည်။ 

 ဗဟိုအမေရိကနှင့်တောင်အမေရိကတိုက်နိုင်ငံများတွင် COVID-19 ရောဂါပြန့်ပွားမှုနှုန်းလျင်မြန်လျက်ရှိရာ အထူးစိုးရိမ်လျက်ရှိကြောင်း ၊ အရှေ့မြေထဲပင်လယ်၊အရှေ့တောင်အာရှနှင့် အာဖရိကတိုက် ဒေသများတွင်လည်း ရောဂါဖြစ်ပွားသူဦးရေ တိုးပွားလျက်ရှိသော်လည်း ၎င်းတို့၏ စုစုပေါင်း ပမာဏသည် ဗဟို အမေရိက၊ တောင်အမေရိကတိုက်၏  အရေအတွက်နှင့်နှိုင်းယှဉ်ပါက များစွာလျော့နည်းနေကြောင်း တက်ဒရော့စ်က ဆိုသည်။ 

WHO ကျန်းမာရေး ဆိုင်ရာ အရေးပေါ် စီမံကိန်း အလုပ်အမှုဆောင် ဒါရိုက်တာ Dr.Michael Ryanက COVID-19 ကပ်ရောဂါအခြေအနေသည် နိုင်ငံနှင့်ဒေသအလိုက် ကွဲပြားခြားနားမှုရှိကြောင်း ၊ လက်ရှိအနေဖြင့် ဗဟိုအမေရိကတိုက်ရှိ ဟေတီနိုင်ငံ၏ ကပ်ရောဂါအခြေအနေကို အထူး စိုးရိမ်ကြောင်း၊ အခြား ဗဟိုအမေကတိုက်နိုင်ငံတွင် အခြေအနေများ ကွဲပြားမှုရှိသော်လည်း အကောင်းမြင်နိုင်ဖွယ်မရှိကြောင်းနှင့် တောင်အမေရိကတိုက်နိုင်ငံများတွင် ဘရာဇီးနှင့်ပီရူးနိုင်ငံသည် ရောဂါပိုးပြန့်နှံ့မှုမှာ အရှိန်မြင့်လျက်ရှိကြောင်း ဆိုသည်။ 

လက်ရှိ ဗဟိုနှင့်တောင်အမေရိကတိုက်တွင် ရောဂါပြန့်ပွားမှုနှုန်း လျင်မြန်နေရသည့် အဓိက အကြောင်းအရင်းမှာ  Community Transmission  အခြေအနေ ဆိုးဝါးခြင်းဖြစ်ပြီး Community Transmission  အသွင်ဖြင့်သာ ကူးစက်နေမည်ဆိုပါက အချိန်တိုအတွင်း အမြစ်ပြတ်ဆောင်ရွက်နိုင်ရန် အလွန်ခဲယဉ်းသွားမည်ကြောင်း ၊ အစိုးရတစ်ရပ်လုံး၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးစသည့်နည်းလမ်းများနှင့် အဆက်မပြတ်ဆောင်ရွက်မှုကို လုပ်ဆောင်ရတော့မည်ဖြစ်ကြောင်း Dr.Michael Ryanက ဆိုသည်။ တောင်အမေရိကတိုက် နိုင်ငံများအနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးများကို ခိုင်မာစွာလုပ်ဆောင်ကာ သိပံ္ပသက်သေသာဓကများကို လမ်းညွှန်ထား၍ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါတိုက်ဖျက်ရေးအောင်မြင်သည့်အတွေ့အကြုံများကို ပေါင်းစပ်ကာ မိမိဒေသအခြေအနေအရ အစိုးရအနေဖြင့်အစွမ်းကုန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

WHO ကျန်းမာရေးဆိုင်ရာ အရေးပေါ် စီမံကိန်း နည်းပညာဆိုင်ရာ တာဝန်ခံ Maria Van Kerkhoveက ကပ်ရောဂါအခြေအနေ ဆိုးဝါးနေဆဲနိုင်ငံများအနေဖြင့် ဗိုင်းရပ်စ်သည် နေရာတိုင်းမှာရှိနိုင်သည်ဆိုသော်လည်း အကန့်သတ်ရှိနေသည့် ဆေးဘက်ဆိုင်ရာအင်အားကို စုစည်းကာ ရောဂါကူးစက်မှုအဆိုးဝါးဆုံး ဒေသနှင့်လူစုအား ရှာဖွေပြီး အားရုံစိုက် ကုသရမည်ဖြစ်ကြောင်း ၊ ထို့အပြင် ရောဂါကူးစက်နိုင်ခြေများသူများ ဥပမာ ရှေ့တန်းရောက် ဆေးဝန်ထမ်းများကို အထူးဂရုစိုက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117