Connect with us

INTERNATIONAL ORGANIZATION

အမေရိကတိုက်နိုင်ငံအမြောက်အမြားတွင် COVID-19 ရောဂါဖြစ်ပွားမှုသည် အထွတ်အထိပ်ကာလသို့ မရောက်ရှိသေးဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြား

ဘရာဇီးနိုင်ငံ São Pauloမြို့ လေဆိပ်တွင် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေး ဖြန်းနေသည်ကို ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)

အမေရိကတိုက် နိုင်ငံအမြောက်အမြားတွင် COVID-19 ကပ်ရောဂါပျံ့နှံ့မှုဒဏ်ကို ခံနေရရာ လက်ရှိတွင် အထွတ်အထိပ်ကာလသို့ မရောက်ရှိသေးကြောင်း   WHO ကျန်းမာရေး ဆိုင်ရာ အရေးပေါ် စီမံကိန်း အလုပ်အမှုဆောင် ဒါရိုက်တာ Dr.Michael Ryanက ဇွန် ၂၄ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Michael Ryanက လက်ရှိ ဗဟိုအမေရိကနှင်တောင်အမေရိကတိုက်၏ ကပ်ရောဂါအခြေအနေသည် အလွန်ဆိုးဝါးလျက်ရှိကြောင်း၊ ပြီးခဲ့သောအပတ်က နိုင်ငံအမြောက်အမြားတွင် အတည်ပြုလူနာအရေအတွက်သည် ဆက်တိုက် တိုးလာရာ တိုးပွားမှုပမာဏသည် ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းရှိကြောင်း ပြောကြားခဲ့သည်။

“ကံဆိုးတာက အမေရိကတိုက်နိုင်ငံအမြောက်အမြားမှာ COVID-19 ကူးစက်မှုဟာ အထွတ်အထိတ်ကို မရောက်ရှိသေးဘူး။ ဒါက နောင်လာမယ့်ရက်သတ္တပတ်တွေမှာ အတည်ပြုလူနာအရေအတွက်နဲ့ သေဆုံးသူအရေအတွက်ဟာ ဆက်လက်မြင့်တက်နေအုံးမယ်ဆိုတာကို ဖော်ပြတာပဲ။ ”ဟု ၎င်းက ဆိုသည်။

COVID-19 ကပ်ရောဂါအခြေအနေသည် အထွတ်အထိပ်ကာလ၏ ကြာရှည်မှု၊ မြင့်မားမှုနှင့် ၎င်းလှိုင်းနိမ့်ဆင်းနိုင်မှု ရှိမရှိဆိုသည်မှာ အစိုးရ၏ ရောဂါကာကွယ်ရေးကိုင်တွယ်မှုတွင် တည်မှီရာ သတိလက်လွတ်နေပါက ကပ်ရောဂါအရှိန်တန်ပြန်လာနိုင်ရာ လော့ခ်ဒေါင်းပြန်လုပ်ရခြင်းကို ရှောင်ရှားနိုင်မည်မဟုတ်ကြောင်း Michael Ryanက ဆိုသည်။

WHO၏ ဇွန် ၂၄ ရက်က ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ အမေရိကတိုက်ဒေသ၏  COVID-19ရောဂါ စုစုပေါင်း အတည်ပြုလူနာသည် ၄.၅ သန်းကျော်ရှိပြီး သေဆုံးသူ ၂၂၆,၅၀၀ ကျော် ရှိကြောင်း သိရသည်။ အမေရိကန်နိုင်ငံနှင့်ဘရာဇီးနိုင်ငံ၏ အတည်ပြုလူနာနှင့်သေဆုံးသူ အရေအတွက်သည် ကမ္ဘာ့ရှေ့ဆုံးနေရာတွင်ရှိသည်။ ဂျွန်ဟော့ကင်းတက္ကသိုလ် ကိန်းဂဏန်းများအရ ဇွန် ၂၄ ရက် အမေရိကန်အရှေ့ပိုင်းစံတော်ချိန်  ၂၁ နာရီအထိဆိုလျှင် အမေရိကန်နိုင်ငံ၌ အတည်ပြုလူနာအရေအတွက်သည် ၂,၃၈၀,၄၅၂ ဦး၊ သေဆုံးသူ ၁၂၁,၉၆၉ ဦး ရှိကြောင်း သိရသည်။ ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာန၏ ဇွန် ၂၄ ရက် ညနေပိုင်းတွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဘရာဇီးတွင် အသစ်ထပ်တိုးလူနာသည် ၄၂,၇၂၅ ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ ၁,၁၈၈,၆၃၁ ဦး ၊  အသစ်ထပ်တိုးသေဆုံးသူ  ၁,၁၈၅ ဦးနှင့် စုစုပေါင်း သေဆုံးသူ ၅၃,၈၃၀ ဦး ရှိကြောင်း သိရသည်။

WHO ညွှန်ကြားရေးမှူးချုပ် Tedros ၏  ယင်းနေ့ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားချက်များအရ လက်ရှိ နိုင်ငံအသီးသီးမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ ပေးပို့သည့်အစီရင်ခံစာများတွင် COVID-19 ရောဂါ ဖြစ်ပွားသူ ဦးရေသည် ၉.၁ သန်းကျော်ရှိပြီး သေဆုံးသူ ၄ သိန်း ၇ သောင်းကျော် ရှိပြီဖြစ်ကြောင်း သိရသည်။ 

ကပ်ရောဂါဖြစ်ပွားသည့် ပထမလတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ပေးပို့သည့် လူနာအရေအတွက်သည် ၁ သောင်းမပြည့်သော်လည်း ပြီးခဲ့သည့်လတွင်  ၄ သန်းခန့်ရှိခဲ့ကြောင်း သိရသည်။WHO၏ကြိုတင်ခန့်မှန်းချက်အရ ကမ္ဘာ့တွင် COVID-19ရောဂါဖြစ်ပွားသူအရေအတွက်သည် နောက် ရက်သတ္တပတ်တွင် ၁၀ သန်းရှိလာမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117