Connect with us

INTERNATIONAL ORGANIZATION

WHOက ကမ္ဘာ့ ကပ်ရောဂါတုံ့ပြန်မှုဆိုင်ရာ အကဲဖြတ်အဖွဲ့ ဖွဲ့စည်း

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ရုံးချုပ်အမှတ်တံဆိပ်အား တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

ကမ္ဘာ့ ကပ်ရောဂါတုံ့ပြန်မှုဆိုင်ရာ အကဲဖြတ်လုပ်ငန်းများ လုပ်ဆောင်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ၊ ယင်းအကဲဖြတ်အဖွဲ့၏ ပဏာမအစီရင်ခံစာကို နိုဝင်ဘာတွင် ထုတ်ပြန်သွားမည်ဟု ခန့်မှန်းထားကြောင်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဇူလိုင် ၉ ရက်တွင် ကြေညာခဲ့သည်။

COVID-19 ကပ်ရောဂါ ကာကွယ်ရေးနှင့်ဖြေရှင်းရေး သီးခြားအဖွဲ့ကို နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Helen Clarkနှင့် လိုက်ဘေးရီးယားနိုင်ငံ သမ္မတဟောင်းEllen Johnson Sirleaf တို့ အတူဦးဆောင်မည်ဖြစ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဇူလိုင် ၉ ရက်တွင် WHO အဖွဲ့ဝင်နိုင်ငံများအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အဖွဲ့၏ ပဏာမအကဲဖြတ်သုံးသပ်ချက် အစီရင်ခံစာကို နိုဝင်ဘာလ ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် တင်ပြသွားမည်ဖြစ်ပြီး လာမည့်နှစ် မေလ ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် လက်တွေ့အစီရင်ခံစာကို တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သီးခြားအဖွဲ့အနေဖြင့် နိုင်ငံတကာလူမှုအဖွဲ့အစည်းများကို ကိုဗစ် ကပ်ရောဂါကာလအတွင်း ဖြစ်ပျက်မှုများကို နားလည်သိရှိစေရန်နှင့် ဝမ်းနည်းစရာအဖြစ်အပျက်များကို ထပ်မံမဖြစ်ပွားစေရန် မည်သို့ ကာကွယ်တားဆီးရမည်ကို သိရှိစေရန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။
“ကျွန်တော်တို့ အခု ရင်ဆိုင်နေရတဲ့ အကြီးဆုံးအန္တရာယ်က ကပ်ရောဂါမဟုတ်ပါဘူး။ ကမ္ဘာလုံးဆိုင်ရာနှင့် အမျိုးသားအဆင့်မှာ ဦးဆောင်မယ့်အင်အားနဲ့ စည်းလုံးမှုလိုအပ်နေတာပါ။ အားလုံးတညီတညွတ်တည်းဖြစ်ရင် ကပ်ရောဂါဆိုးဗိုင်းရပ်စ်ပိုးကို အလဲထိုးနိုင်ပါတယ်”ဟု တက်ဒရော့စ်က ဆိုသည်။

အဆိုပါ သုံးသပ်လေ့လာရေး သီးခြားအဖွဲ့ကို ယခုနှစ် မေလတွင် ကျင်းပသော ၇၃ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံ ဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့်၎င်း၏အဖွဲ့ဝင်နိုင်ငံများ COVID-19 ကပ်ရောဂါ တုံ့ပြန် ဖြေရှင်းရေး အတွေ့အကြုံနှင့်သင်ခန်းစာများကို စုစည်းသုံးသပ်ရန် ရည်ရွယ်ကြောင်း သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117