Connect with us

MYANMAR

COVID-19 ကာလ အစားအသောက်လိုက်လံပို့ဆောင်သူ အမျိုးသမီးတစ်ဦး၏ ရုန်းကန်လှုပ်ရှား ခွန်အားပြည့် ဘဝပုံရိပ်များ

ရန်ကုန်မြို့တွင်း အစားအသောက်များအား စက်ဘီးစီးနင်း၍ လိုက်လံပို့ဆောင်ပေးနေသော မခင်မင်းသျှင်အား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၈ ရက်(ဆင်ဟွာ)

COVID-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားခြင်းကို ကန့်သတ်ထားသဖြင့် အစားအသောက် လိုက်လံ ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများသည် ပြီးခဲ့သော လအနည်းငယ်မှ စတင်ကာ အရှိန်အဟုန် မြင့်တက်လာခဲ့သည်။

 မခင်မင်းသျှင်သည် ဝမ်းရေး အတွက် ရုန်းကန်လှုပ်ရှားနေရသော်လည်း အခြားတစ်ဖက်တွင် ဘဝစိန်ခေါ်မှုများကို ရင်ဆိုင်ရန် ခုံမင်နှစ်သက်သူတစ်ဦးဖြစ်သည်။

ရန်ကုန်မြို့တွင်း အစားအသောက်များအား စက်ဘီးစီးနင်း၍ လိုက်လံပို့ဆောင်ပေးနေသော မခင်မင်းသျှင်အား တွေ့ရစဉ်(ဆင်ဟွာ) 

၎င်းသည် လွန်ခဲ့သော ရက်သတ္တပတ် သုံးပတ်ကျော်က နိုင်ငံတကာ အစားအသောက် ပို့ဆောင်ရေး လုပ်ငန်း တစ်ခု ဖြစ်သည့် foodpanda အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းသို့ ဝင်ရောက်ခဲ့ပြီး ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများအတွက် ကပ်ရောဂါအန္တရာယ်ကြား အစားအသောက်လိုက်လံပို့ဆောင်သူ အညတြ သူရဲကောင်းတစ်ဦးအဖြစ် ပထမဆုံး ခြေလှမ်း တစ်ရပ်ကို အစပြုခဲ့သည်။

တစ်နေ့လုံး နီးပါး စက်ဘီးတစ်စီးဖြင့် အစားအသောက်များ လိုက်လံပို့ဆောင်ပေးနေရသော်လည်း သူသည် ဗိုင်းရပ်စ်ကူးစက်ခံရမည်ကို စိုးရိမ်စိတ် မဖြစ်ခဲ့ပေ။ သို့သော် “ ကိုယ့်ကို ရောဂါကူးစက်မှာ မကြောက်ပေမယ့် ကိုယ့်ဆီကနေ တဆင့် မိသားစုဝင်တွေဆီ ရောဂါပိုး ကူးစက်သွားမှာကိုတော့ စိုးရွံ့မိတယ်။ အဲဒါကြောင့် ညီမကတော့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အရမ်း ဂရုစိုက်ပါတယ်။”ဟု ဆင်ဟွာသို့ ပြောပြခဲ့သည်။ 

ရန်ကုန်မြို့တွင်း အစားအသောက်များအား စက်ဘီးစီးနင်း၍ လိုက်လံပို့ဆောင်ပေးနေသော မခင်မင်းသျှင်အား တွေ့ရစဉ်(ဆင်ဟွာ) 

ရန်ကုန်မြို့တွင်း အစားအသောက်များအား စက်ဘီးစီးနင်း၍ လိုက်လံပို့ဆောင်ပေးနေသော မခင်မင်းသျှင်အား တွေ့ရစဉ်(ဆင်ဟွာ) 

အချို့သော ပစ္စည်းပို့ဆောင်ရေး လုပ်ငန်းများက ထိတွေ့မှု နည်းသော ငွေပေးချေမှု စနစ်(contactless payment system)ဖြင့် စတင် ကျင့်သုံးလာကြသော်လည်း မှာယူစားသုံးသူများသည် ယင်းစနစ်အား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်း မရှိသလို အများစုမှာ အိမ်အရောက် လက်ငင်းငွေချေစနစ်ကို ပို၍ အားသန်နေကြဆဲဖြစ်သည်။

မခင်မင်းသျှင်က “ အစားအသောက် အော်ဒါမှာယူသူတွေဆီ သွားပို့တဲ့အခါ လက်ဆေးရည် နဲ့ လက်ကိုသေချာဆေးတာ ၊ ဒါမှမဟုတ် ထိတွေ့မှု မဖြစ်အောင် ခပ်ခွာခွာက လှမ်းပေးတာမျိုးလုပ်ပါတယ်။  ကျန်းမာရေးက ထုတ်ပြန်ထားတဲ့ အစီအမံတွေအတိုင်း အပြည့်အဝလိုက်နာပါတယ်”ဟု ပြောသည်။ 

အသက် ၂၀ အရွယ်ရှိ မခင်မင်းသျှင်သည် ရန်ကုန်မြို့ရှိ အဆင့်မြင့် ဟိုတယ် တစ်ခုတွင် အလုပ်သင် အဖြစ်လုပ်ကိုင်နေရာမှ ထွက်လာခဲ့ပြီးနောက် အဒေါ်ဖြစ်သူ၏ ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်း အသေးစား တစ်ခုအပေါ် စိတ်ပါဝင်စားခဲ့သည်။ထိုမှတဆင့် ၎င်းသည် အမျိုးသမီး အစားအသောက်လိုက်လံ ပို့ဆောင်သူ တစ်ဦးဖြစ်လာခဲ့သည်။

“အရင်အလုပ်နဲ့ လက်ရှိ စက်ဘီးစီးပြီး လုပ်ရတဲ့ အလုပ်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပင်ပန်းမှု အတိုင်းအတာက အရမ်းကို ကွာခြားပါတယ်။ဒါပေမယ့် စက်ဘီးစီးရတာ ကျွန်မနဲ့ သိပ်မစိမ်းတော့ ဒီလိုမျိုး လုပ်ရတာ ကြိုက်ပါတယ်။”ဟု မခင်မင်းသျှင်က ၎င်း၏ ယခင်အလုပ်အကိုင် နှင့် လက်ရှိ အလုပ်အကိုင်ကွာခြားချက်ကို ရှင်းပြခဲ့သည်။

ရန်ကုန်မြို့တွင်း အစားအသောက်များအား စက်ဘီးစီးနင်း၍ လိုက်လံပို့ဆောင်ပေးနေသော မခင်မင်းသျှင်အား တွေ့ရစဉ်(ဆင်ဟွာ) 

ငယ်ရွယ်သော မိန်းကလေး တစ်ဦး ဖြစ်လင့်ကစား ပင်ပင်ပန်းပန်းလုပ်ရသည့် အစားအသောက် ပို့ဆောင်ရေး အလုပ်မှာ မခင်မင်းသျှင်အတွက် စိတ်ပျက်မှုတစ်စုံတရာ မရှိသလို အခက်အခဲတစ်စုံတစ်ရာလည်း မရှိပေ။ “အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် အမျိုးသမီးရယ် အမျိုးသားရယ်ဆိုပြီး ခွဲခြားပြောနေလို့တော့မရဘူးလေ။  ကိုယ်လုပ်နိုင်လား မလုပ်နိုင်ဘူးလား အဲဒီအပေါ်မှာပဲ မူတည်တယ် ”ဟု ၎င်းက ယုံကြည်ချက်ကို ပြောပြခဲ့သည်။

၎င်းအတွက်နေ့စဉ် ရှင်သန်လှုပ်ရှားနေရသော ဘဝတွင် စိုးရိမ်စရာတစ်ခုမှာ ယာဉ်အန္တရာယ် ဖြစ်ကြောင်း ဆိုလာသည်။ “ညီမက စက်ဘီးနဲ့ သွားလာနေရတော့ ကားတိုက်မှာလွဲပြီး ကျန်တာဘာမှ  မပူပါဘူး။ Order တွေက ဆိုင်က ယူလာတာတဲ့အချိန်နဲ့ customer တွေဆီ သွားပို့တဲ့အချိန်ကြာမှာ  နောက်ကျမှာ အချိန်မမီမှာစိုးပြီး စိတ်လောမိတဲ့အခါမျိုးရှိတယ် ။ အဲဒါမျိုးကျရင် နည်းနည်းတော့ အန္တရာယ်များတာပေါ့”ဟု ဆိုသည်။ 

“ညီမရဲ့ ဝင်ငွေက မိသားစုကို အများကြီး မဟုတ်တောင် အသုံးစရိတ်လောက်တော့ ထောက်ပံ့နိုင်တာပေါ့”ဟု ၎င်းက ဆက်လက်ပြောပြသည်။ 

ငယ်စဉ်ကလေးဘဝတွင် ကြည့်ရှုခဲ့ရသည့် တီဗီဇာတ်လမ်းတွဲတစ်ခု၌ သရုပ်ဆောင်မင်းသမီးက  လေယာဉ်မယ်တစ်ဦးအဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်ထားသည်ကို စွဲလန်းနှစ်သက်ခဲ့ရာမှ မခင်မင်းသျှင်သည် လေယာဉ်မယ်တစ်ဦးဖြစ်ရန် စိတ်ကူးအိပ်မက် ရှိခဲ့သည်။ သို့သော် ကံအကြောင်းမလှစွာပင် မိသားစုငွေကြေး အခြေအနေကြောင့်၎င်း၏  အိပ်မက်ကို စွန့်လွှတ်ခဲ့ရသည်။ 

မိသားစုဝင် ခုနှစ်ဦး ရှိသည့်အနက် ပုံမှန်ဝင်ငွေရှာနိုင်သူ သုံးဦးရှိရာ ယင်းတို့ထဲတွင်  မခင်မင်းသျှင်က တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ “ အခုကတော့ ကိုယ်ချစ်ခင်တွယ်တာရတဲ့ မိသားစုအတွက် တစ်ဖက်တစ်လမ်းက ထောက်ပံ့ပေးနိုင်သူပဲ ဖြစ်ချင်တော့တယ်”ဟု ၎င်း၏ အိပ်မက်အကြောင်းကို  ရင်ဖွင့်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.